လီဗာပူးအသင္းဟာ ၾကီး ၆ ၾကီး ျပိဳင္ဘက္ေတြကို အေ၀းကြင္း သြားေရာက္ ရင္ဆိုင္ရာမွာ ရလဒ္ေကာင္းမ်ား ရယူဖို႔ လိုအပ္ေနေသးျပီး အသင္းမွာလည္း တိုးတက္ေအာင္ လုပ္ေဆာင္စရာေတြ အမ်ားၾကီး ရွိေသးတယ္လို႔ ခ်ယ္ဆီးနဲ႕ ပြဲ မတိုင္ခင္မွာ ကေလာ့ပ္က ၀န္ခံ ေျပာၾကားလိုက္ပါတယ္။

မန္စီးတီးနည္းျပ ပက္ဂြာဒီယိုလာက လီဗာပူးအသင္းက ၄င္း မန္ေနဂ်ာဘ၀ ရင္ဆိုင္ခဲ့ဖူးတဲ့ ျပိဳင္ဘက္အသင္းေတြထဲ အေတာင့္တင္းဆံုး အသင္းျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ယခင္ ကိုင္တြယ္ခဲ့တဲ့ ေဒါ့မြန္အသင္းလို လူငယ္ေတြ အင္အားနဲ႕ စိတ္လႈပ္ရွားစရာ အသင္းေကာင္း တစ္သင္း ျဖစ္ေနျပီလို႔ ယာဂင္ကေလာ့ပ္က ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။

လီဗာပူးကြင္းလယ္ကစားသမား နာဘီ ကိတ္တာ ဟာ ထရိန္နင္မွာ အသင္းေဖာ္ေတြနဲ႕ အတူ ေလ့က်င့္ေရး အျပည့္အ၀ ပါ၀င္ျပုလုပ္ေနျပီ ျဖစ္ျပီး ဂိုးသမား အယ္လစ္ဆန္ကလည္း ဂုိးနည္းျပနဲ႔အတူ ျပန္လည္ထူေထာင္ေရး ေလ့က်င့္မႈေတြ ျပဳလုပ္ေနပါတယ္။

ဆာလက္ ေဘာလံုးေပး မကစားတဲ့အေပၚ မာေနးရဲ႕ ေပါက္ကြဲမႈက ဘန္ေလနဲ႕ ပြဲမွာတင္ ျဖစ္တာ မဟုတ္ဘဲ မာေနးဟာ လအေတာ္ၾကာ ဒီမေက်နပ္မႈ ရွိေနခဲ့တာ ျဖစ္နုိင္ေၾကာင္း လီဗာပူးကစားသမားေဟာင္း ကာေရဂါက သံုးသပ္သြားပါတယ္။ မာေနး အေနနဲ႕ ဘန္ေလနဲ႕ ပြဲက ေဘာလံုးေပးပို႔မႈ အနည္းငယ္ေလာက္ မရရံုနဲ႕ အခုလို ထေပါက္ကြဲ စရာ မရွိဘဲ ယခင္တည္းက အခံရွိေနလို႔ ျဖစ္တယ္လို႔ ကာေရဂါက ေထာက္ျပသြားပါတယ္။

လီဗာပူးအသင္းဟာ တိုက္စစ္မွဴး ဆာဒီယိုမာေနးကို တစ္ႏွစ္ လုပ္ခ ေပါင္ ၁၁.၅ သန္း ရရွိေစမယ့္ သက္တမ္းတိုး စာခ်ဳပ္သစ္ တစ္ရပ္ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

လီဗာပူးလူငယ္ကစားသမား ကာတစ္ဂ်ံဳးဟာ ယူ-၂၃ အသင္းကို အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူျပီး ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသေနဆဲပါ။ မန္ေနဂ်ာယာဂင္ကေလာ့ပ္ကို ပြဲထြက္ခြင့္ေနရာအတြက္ အသိေပးေနတဲ့ ကာတစ္ဂံ်ဳးရဲ႕ စီနီယာပြဲကိုေတာ့ ကာရာေဘာင္းပြဲမွာ ျမင္ရမယ္လို႔ ခန္႔မွန္းထားရပါတယ္။

လီဗာပူးခံစစ္သမား ေရာ္ဘတ္ဆန္ဟာ သူ႔ရဲ႕ တြစ္တာအေကာင့္ကို ျပန္ဖြင့္လိုက္ပါျပီ။ ျပန္ဖြင့္ဖြင့္ခ်င္းမွာပဲ အရႊင္ေဖာက္ထားတဲ့ ပိုစ့္နဲ႔ စတင္လိုက္တာေၾကာင့္ ေရာ္ဘတ္ဆန္ဟာ ထင္ထားသလို ဖိအားေတြေၾကာင့္ အေကာင့္ပိတ္တာ မဟုတ္ေလာက္ဘူးလို႔ ယူဆခံေနရပါတယ္။

UNICODE

လီဗာပူးအသင်းဟာ ကြီး ၆ ကြီး ပြိုင်ဘက်တွေကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ရလဒ်ကောင်းများ ရယူဖို့ လိုအပ်နေသေးပြီး အသင်းမှာလည်း တိုးတက်အောင် လုပ်ဆောင်စရာတွေ အများကြီး ရှိသေးတယ်လို့ ချယ်ဆီးနဲ့ ပွဲ မတိုင်ခင်မှာ ကလော့ပ်က ဝန်ခံ ပြောကြားလိုက်ပါတယ်။

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက လီဗာပူးအသင်းက ၎င်း မန်နေဂျာဘ၀ ရင်ဆိုင်ခဲ့ဖူးတဲ့ ပြိုင်ဘက်အသင်းတွေထဲ အတောင့်တင်းဆုံး အသင်းဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ယခင် ကိုင်တွယ်ခဲ့တဲ့ ဒေါ့မွန်အသင်းလို လူငယ်တွေ အင်အားနဲ့ စိတ်လှုပ်ရှားစရာ အသင်းကောင်း တစ်သင်း ဖြစ်နေပြီလို့ ယာဂင်ကလော့ပ်က ချီးကျူးစကား ဆိုလိုက်ပါတယ်။

လီဗာပူးကွင်းလယ်ကစားသမား နာဘီ ကိတ်တာ ဟာ ထရိန်နင်မှာ အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်ရေး အပြည့်အ၀ ပါဝင်ပြုလုပ်နေပြီ ဖြစ်ပြီး ဂိုးသမား အယ်လစ်ဆန်ကလည်း ဂိုးနည်းပြနဲ့အတူ ပြန်လည်ထူထောင်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

ဆာလက် ဘောလုံးပေး မကစားတဲ့အပေါ် မာနေးရဲ့ ပေါက်ကွဲမှုက ဘန်လေနဲ့ ပွဲမှာတင် ဖြစ်တာ မဟုတ်ဘဲ မာနေးဟာ လအတော်ကြာ ဒီမကျေနပ်မှု ရှိနေခဲ့တာ ဖြစ်နိုင်ကြောင်း လီဗာပူးကစားသမားဟောင်း ကာရေဂါက သုံးသပ်သွားပါတယ်။ မာနေး အနေနဲ့ ဘန်လေနဲ့ ပွဲက ဘောလုံးပေးပို့မှု အနည်းငယ်လောက် မရရုံနဲ့ အခုလို ထပေါက်ကွဲ စရာ မရှိဘဲ ယခင်တည်းက အခံရှိနေလို့ ဖြစ်တယ်လို့ ကာရေဂါက ထောက်ပြသွားပါတယ်။

လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဆာဒီယိုမာနေးကို တစ်နှစ် လုပ်ခ ပေါင် ၁၁.၅ သန်း ရရှိစေမယ့် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လီဗာပူးလူငယ်ကစားသမား ကာတစ်ဂျုံးဟာ ယူ-၂၃ အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေဆဲပါ။ မန်နေဂျာယာဂင်ကလော့ပ်ကို ပွဲထွက်ခွင့်နေရာအတွက် အသိပေးနေတဲ့ ကာတစ်ဂံျုးရဲ့ စီနီယာပွဲကိုတော့ ကာရာဘောင်းပွဲမှာ မြင်ရမယ်လို့ ခန့်မှန်းထားရပါတယ်။

လီဗာပူးခံစစ်သမား ရော်ဘတ်ဆန်ဟာ သူ့ရဲ့ တွစ်တာအကောင့်ကို ပြန်ဖွင့်လိုက်ပါပြီ။ ပြန်ဖွင့်ဖွင့်ချင်းမှာပဲ အရွှင်ဖောက်ထားတဲ့ ပိုစ့်နဲ့ စတင်လိုက်တာကြောင့် ရော်ဘတ်ဆန်ဟာ ထင်ထားသလို ဖိအားတွေကြောင့် အကောင့်ပိတ်တာ မဟုတ်လောက်ဘူးလို့ ယူဆခံနေရပါတယ်။