ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္က ဒဏ္ရာျပသနာ ရင္ဆိုင္ေနရတဲ့ ကလပ္အသင္း ကြင္းလယ္လူေတြျဖစ္တဲ့ ေမဆန္ေမာင့္နဲ႔ ကန္တီတုိ႔ရဲ႕ ဒဏ္ရာအေျခအေန တိုးတက္မႈေတြအျပင္ လီဗာပူးနဲ႔ပြဲမွာ ပါဝင္ကစားႏုိင္မလားနဲ႔ ပက္သက္ျပီး တုန္႔ျပန္ ေျပာဆိုပါတယ္။

လမ္းပတ္ကိုယ္တုိင္ကေတာ့ သူတို႔ႏွစ္ဦးလံုးကုိ လီဗာပူးနဲ႔ ယွဥ္ျပိဳင္တဲ့ပြဲမွာ ပါဝင္ေစလိုတာပါ။ အေျခအေန ေကာင္းေနေပမယ့္လို႔ ေနာက္ဆံုး စစ္ေဆးမႈကို ျပဳလုပ္ရဦးမွာျဖစ္ျပီး ပြဲမတိုင္ခင္ ေနာက္ဆံုး ေလ့က်င့္ေရးမွာ ကြင္းလယ္လူႏွစ္ဦး အေျခအေန ေကာင္းမြန္မယ္ဆိုရင္ေတာ့ ထည့္သြင္းႏုိင္တာျဖစ္ပါတယ္။

လမ္းပတ္က ‘ ေမာင့္မွာ အခြင့္အေရး ရွိပါတယ္။ ဒဏ္ရာျဖတ္ထုတ္မႈ ပံုရိပ္ေတြကို ျမင္ေတာ့ အရမ္းဆိုးတယ္လို႔ ထင္ခဲ့ေပမယ့္ ဒဏ္ရာက ထင္သေလာက္ မဆိုးပါဘူး။ ဒီေန႔မွာ သူ႔ကို အေျခအေနေကာင္းေအာင္ ၾကိဳးစားေနသလို ပြဲမတိုင္ခင္ ၂၄ နာရီအတြင္း သူ႔ရဲ႕ အေျခအေနကို ၾကည့္သြားမွာပါ။ က်ေနာ္တုိ႔ ၾကိဳးစားေနသလို ေမာင့္ကိုယ္တိုင္ကလည္း ျပန္ကစားႏုိင္ဖို႔ ၾကိဳးစားလိုတဲ့ စိတ္ဓါတ္ေကာင္း ရွိပါတယ္။

ကလပ္အသင္းအတြက္ ျပန္လည္ကစားနုိင္ဖို႔ သူအစြမ္းကုန္ ၾကိဳးစားေနပါတယ္။ သူ႔ကို ထုတ္သံုးႏုိင္ဖို႔ အစြမ္းကုန္ ၾကိဳးစားမွာပါ။ ေျခက်င္းဝတ္ဒဏ္ရာေတြက က်ေနာ္ အေတြ႔အၾကံဳအရ ထိခိုက္မႈမ်ားရင္ အမ်ားၾကီး လုပ္လို႔မရပါဘူး။ တစ္ခါတစ္ေလေတာ့ ဖုေယာင္တာေလာက္လည္း ျဖစ္တတ္ပါတယ္။ က်ေနာ္တုိ႔ နည္းလမ္းေဟာင္းေတြနဲ႔ ေစာင့္ၾကည့္ ကုသရမွာပါ။ ဘယ္လို စြန္႔စားတာကိုမွေတာ့ မလုပ္သင့္ပါဘူး ’ လို႔ ေျဖဆိုခဲ့ပါတယ္။

ကန္တီနဲ႔ ပက္သက္လို႔လည္း ‘ အန္ဂိုလိုနဲ႔ ပက္သက္လို႔ကေတာ့ အားတက္စရာပါပဲ။ သူက ကလပ္အသင္းအတြက္ ဘယ္ေလာက္ထိ အေရးပါတယ္ဆိုတာ က်ေနာ္တုိ႔ အားလံုး သိၾကပါတယ္။။ ေမးခြန္းးကေတာ့ သူဘယ္ေလာက္ထိ ၾကံ႕ခိုင္ေနမလဲပါ။ သူက မႏွစ္ကေန အခုခ်ိန္ထိ ကာလရွည္မ်ိဳးကို အနားယူေနရသူပါ။ ဒီႏွစ္မွာ ႏွစ္ပြဲေလာက္ ကစားတာကို က်ေနာ္ သိပါတယ္။ ဒါေပမယ့္လို႔ ရာသီၾကိဳကို သူလြဲတာေၾကာင္ အဲ့ပြဲေတြကို ထည့္မတြက္ပါဘူး။

အင္စတမ္ဘူလ္းမွာ သူလုပ္ျပခဲ့တာက မယံုႏုိင္ေလာက္ေအာင္ပါပဲ။ ေလ့က်င့္ေရး မလုပ္ပါပဲ သူကစားျပခဲ့တာပါ။ သူ႔ကို စီမံဖို႔ လိုပါတယ္။ က်ေနာ္ ေမာင့္နဲ႔ပက္သက္ျပီ ေျပာသလိုေပါ့။ ဒါေပမယ့္ သူျပန္ကစားႏုိင္တာ အသင္းအတြက္ ေကာင္းပါတယ္ ’ လို႔ စြန္႔စားျပီး ပြဲထုတ္မွာ မဟုတ္ပဲ အေျခအေန ေစာင့္ၾကည့္မွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

UNICODE

ချယ်ဆီးမန်နေဂျာ လမ်းပတ်က ဒဏ်ရာပြသနာ ရင်ဆိုင်နေရတဲ့ ကလပ်အသင်း ကွင်းလယ်လူတွေဖြစ်တဲ့ မေဆန်မောင့်နဲ့ ကန်တီတို့ရဲ့ ဒဏ်ရာအခြေအနေ တိုးတက်မှုတွေအပြင် လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားနိုင်မလားနဲ့ ပက်သက်ပြီး တုန့်ပြန် ပြောဆိုပါတယ်။

လမ်းပတ်ကိုယ်တိုင်ကတော့ သူတို့နှစ်ဦးလုံးကို လီဗာပူးနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ပါဝင်စေလိုတာပါ။ အခြေအနေ ကောင်းနေပေမယ့်လို့ နောက်ဆုံး စစ်ဆေးမှုကို ပြုလုပ်ရဦးမှာဖြစ်ပြီး ပွဲမတိုင်ခင် နောက်ဆုံး လေ့ကျင့်ရေးမှာ ကွင်းလယ်လူနှစ်ဦး အခြေအနေ ကောင်းမွန်မယ်ဆိုရင်တော့ ထည့်သွင်းနိုင်တာဖြစ်ပါတယ်။

လမ်းပတ်က ‘ မောင့်မှာ အခွင့်အရေး ရှိပါတယ်။ ဒဏ်ရာဖြတ်ထုတ်မှု ပုံရိပ်တွေကို မြင်တော့ အရမ်းဆိုးတယ်လို့ ထင်ခဲ့ပေမယ့် ဒဏ်ရာက ထင်သလောက် မဆိုးပါဘူး။ ဒီနေ့မှာ သူ့ကို အခြေအနေကောင်းအောင် ကြိုးစားနေသလို ပွဲမတိုင်ခင် ၂၄ နာရီအတွင်း သူ့ရဲ့ အခြေအနေကို ကြည့်သွားမှာပါ။ ကျနော်တို့ ကြိုးစားနေသလို မောင့်ကိုယ်တိုင်ကလည်း ပြန်ကစားနိုင်ဖို့ ကြိုးစားလိုတဲ့ စိတ်ဓါတ်ကောင်း ရှိပါတယ်။

ကလပ်အသင်းအတွက် ပြန်လည်ကစားနိုင်ဖို့ သူအစွမ်းကုန် ကြိုးစားနေပါတယ်။ သူ့ကို ထုတ်သုံးနိုင်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ။ ခြေကျင်းဝတ်ဒဏ်ရာတွေက ကျနော် အတွေ့အကြုံအရ ထိခိုက်မှုများရင် အများကြီး လုပ်လို့မရပါဘူး။ တစ်ခါတစ်လေတော့ ဖုယောင်တာလောက်လည်း ဖြစ်တတ်ပါတယ်။ ကျနော်တို့ နည်းလမ်းဟောင်းတွေနဲ့ စောင့်ကြည့် ကုသရမှာပါ။ ဘယ်လို စွန့်စားတာကိုမှတော့ မလုပ်သင့်ပါဘူး ’ လို့ ဖြေဆိုခဲ့ပါတယ်။

ကန်တီနဲ့ ပက်သက်လို့လည်း ‘ အန်ဂိုလိုနဲ့ ပက်သက်လို့ကတော့ အားတက်စရာပါပဲ။ သူက ကလပ်အသင်းအတွက် ဘယ်လောက်ထိ အရေးပါတယ်ဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ်။။ မေးခွန်းးကတော့ သူဘယ်လောက်ထိ ကြံ့ခိုင်နေမလဲပါ။ သူက မနှစ်ကနေ အခုချိန်ထိ ကာလရှည်မျိုးကို အနားယူနေရသူပါ။ ဒီနှစ်မှာ နှစ်ပွဲလောက် ကစားတာကို ကျနော် သိပါတယ်။ ဒါပေမယ့်လို့ ရာသီကြိုကို သူလွဲတာကြောင် အဲ့ပွဲတွေကို ထည့်မတွက်ပါဘူး။

အင်စတမ်ဘူလ်းမှာ သူလုပ်ပြခဲ့တာက မယုံနိုင်လောက်အောင်ပါပဲ။ လေ့ကျင့်ရေး မလုပ်ပါပဲ သူကစားပြခဲ့တာပါ။ သူ့ကို စီမံဖို့ လိုပါတယ်။ ကျနော် မောင့်နဲ့ပက်သက်ပြီ ပြောသလိုပေါ့။ ဒါပေမယ့် သူပြန်ကစားနိုင်တာ အသင်းအတွက် ကောင်းပါတယ် ’ လို့ စွန့်စားပြီး ပွဲထုတ်မှာ မဟုတ်ပဲ အခြေအနေ စောင့်ကြည့်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။