ကာလရွည္ ဒူးဒဏ္ရာကို ကုသမႈ ခံယူေနခဲ့ရတဲ့ ဟက္တာဘယ္လာရင္ဟာ ေသာၾကာေန႔ညမွာေတာ့ ပရီးမီးယားလိဂ္ – ၂ မွာ အာဆင္နယ္ U23 အသင္းနဲ႕ အတူ ပါ၀င္ကစားျပီး ၀ုဗ္ U23 ကို ရင္ဆိုင္သြားခဲ့ပါတယ္။ ထိုပြဲမွာေတာ့ ၂ ဂိုးစီန႔ဲ သေရ ရလဒ္ထြက္ေပၚခဲ့တာပါ။

အသက္ ၂၄ နွစ္ အရြယ္ ဘယ္လာရင္ဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီတည္းက ခ်ယ္ဆီးနဲ႕ ပြဲမွာ ဒဏ္ရာ ရခဲ့တာျဖစ္ျပီး ေဘာလံုး ျပန္ကစားနိုင္ဖို႔ ေတာက္ေလ်ာက္ၾကိဳဳးစားခဲ့ပါတယ္။ အာဆင္နယ္ လူငယ္အသင္းမွာ ဘယ္လာရင္နဲ႕ အတူ ညာစြန္ခံစစ္မွဴးသစ္ တီရာေနးကလည္း ၄င္းရဲ႕ ပထမဆံုး အာဆင္နယ္ပြဲ အျဖစ္ ပါ၀င္ကစားခဲ့ၾကပါတယ္။

စပိန္သားခံစစ္မွဴး ဘယ္လာရင္ဟာ ပြဲအျပီးမွာ တြစ္တာကေန တဆင့္ ပရိသတ္ေတြကို ႏႈတ္ခြန္းဆက္ စကားဆိုခဲ့ျပီး စီနီယာအသင္းၾကီးနဲ႕ အတူ ျပန္ ပါ၀င္ခြင့္ ရဖို႔ စိတ္အားထက္သန္ေနပါတယ္။

” ေဟး.. အားလံုးပဲ.. ၈ လ ေလာက္ အၾကာၾကီးေနမွ ျပန္ေတြ႔ခြင့္ ရတာ ၀မ္းသာပါတယ္။ က်ေနာ္ဟာ ေနာက္ဆံုးေတာ့ ဒီ အနီနဲ႕ အျဖဴကို ျပန္၀တ္ဆင္နုိင္ျပီ။ ကြင္းထဲ ၀င္ကစားနိုင္ခဲ့ျပီ။ ဒီတေလာအတြင္း လံုး၀ကို ခက္ခဲၾကာရွည္တဲ့ ကာလၾကီး ျဖစ္ခဲ့တယ္။ ဒါေပမယ့္ က်ေနာ္တို႔ ျပန္လာပါျပီ။ အရင္ကထက္ ပို ေကာင္းမြန္တဲ့ ပံုစံေတြနဲ႕ပါ။ အမ္းမရိတ္မွာ ျပန္ ကစားဖို႔ကေတာ့ မေစာင့္နုိင္ေအာင္ပဲ။ သိပ္မၾကာခင္ ျပန္ဆံုၾကမယ္။” လို႔ ဘယ္လာရင္က ေျပာၾကားခဲ့ပါတယ္။

ဘယ္လာရင္နဲ႕ တီရာေနးဟာ ကြင္းထဲမွာ တစ္နာရီ စြန္းစြန္းမွ် ပါ၀င္ကစားခဲ့တာပါ။ ဘယ္လာရင္က ခံစစ္မွာ တည္ျငိမ္မႈ အျပည့္နဲ႕ ပါ၀င္ကစားသြားခဲ့ျပီး ၾကံ႕ခိုင္မႈလည္း ျပည့္၀လုနီးပါး ျဖစ္ပါတယ္။ ေမလကမွ ဒဏ္ရာ ခြဲစိတ္ကုသမႈ ခံယူထားတဲ့ တီရာေနးကေတာ့ အနည္းငယ္ လိုအပ္ခ်က္ေတြ ရွိေနေသးပံုပါ။

Myan News

UNICODE – ကာလရှည် ဒူးဒဏ်ရာကို ကုသမှု ခံယူနေခဲ့ရတဲ့ ဟက်တာဘယ်လာရင်ဟာ သောကြာနေ့ညမှာတော့ ပရီးမီးယားလိဂ် – ၂ မှာ အာဆင်နယ် U23 အသင်းနဲ့ အတူ ပါဝင်ကစားပြီး ဝုဗ် U23 ကို ရင်ဆိုင်သွားခဲ့ပါတယ်။ ထိုပွဲမှာတော့ ၂ ဂိုးစီနဲ့ သရေ ရလဒ်ထွက်ပေါ်ခဲ့တာပါ။

အသက် ၂၄ နှစ် အရွယ် ဘယ်လာရင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတည်းက ချယ်ဆီးနဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ဘောလုံး ပြန်ကစားနိုင်ဖို့ တောက်လျောက်ကြိုုးစားခဲ့ပါတယ်။ အာဆင်နယ် လူငယ်အသင်းမှာ ဘယ်လာရင်နဲ့ အတူ ညာစွန်ခံစစ်မှူးသစ် တီရာနေးကလည်း ၎င်းရဲ့ ပထမဆုံး အာဆင်နယ်ပွဲ အဖြစ် ပါဝင်ကစားခဲ့ကြပါတယ်။

စပိန်သားခံစစ်မှူး ဘယ်လာရင်ဟာ ပွဲအပြီးမှာ တွစ်တာကနေ တဆင့် ပရိသတ်တွေကို နှုတ်ခွန်းဆက် စကားဆိုခဲ့ပြီး စီနီယာအသင်းကြီးနဲ့ အတူ ပြန် ပါဝင်ခွင့် ရဖို့ စိတ်အားထက်သန်နေပါတယ်။

” ဟေး.. အားလုံးပဲ.. ၈ လ လောက် အကြာကြီးနေမှ ပြန်တွေ့ခွင့် ရတာ ဝမ်းသာပါတယ်။ ကျနော်ဟာ နောက်ဆုံးတော့ ဒီ အနီနဲ့ အဖြူကို ပြန်ဝတ်ဆင်နိုင်ပြီ။ ကွင်းထဲ ဝင်ကစားနိုင်ခဲ့ပြီ။ ဒီတလောအတွင်း လုံးဝကို ခက်ခဲကြာရှည်တဲ့ ကာလကြီး ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ပြန်လာပါပြီ။ အရင်ကထက် ပို ကောင်းမွန်တဲ့ ပုံစံတွေနဲ့ပါ။ အမ်းမရိတ်မှာ ပြန် ကစားဖို့ကတော့ မစောင့်နိုင်အောင်ပဲ။ သိပ်မကြာခင် ပြန်ဆုံကြမယ်။” လို့ ဘယ်လာရင်က ပြောကြားခဲ့ပါတယ်။

ဘယ်လာရင်နဲ့ တီရာနေးဟာ ကွင်းထဲမှာ တစ်နာရီ စွန်းစွန်းမျှ ပါဝင်ကစားခဲ့တာပါ။ ဘယ်လာရင်က ခံစစ်မှာ တည်ငြိမ်မှု အပြည့်နဲ့ ပါဝင်ကစားသွားခဲ့ပြီး ကြံ့ခိုင်မှုလည်း ပြည့်ဝလုနီးပါး ဖြစ်ပါတယ်။ မေလကမှ ဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူထားတဲ့ တီရာနေးကတော့ အနည်းငယ် လိုအပ်ချက်တွေ ရှိနေသေးပုံပါ။

Myan News