မန္ယူခံစစ္မဴွးေဟာင္း ဂယ္ရီနဗီးလ္ကေတာ့ ပရီးမီးယားလိဂ္ အမွတ္ေပးခ်န္ပီယံလုပြဲ ပိုမို အသက္၀င္ေစဖို႔ ဒီတနဂၤေႏြမွာ ခ်ယ္ဆီးက လီဗာပူးကို အနိုင္ယူနုိင္ဖို႔ ေမွ်ာ္လင့္ အားေပးေနပါတယ္။ လီဗာပူးအသင္းဟာ ဒုတိယေနရာမွ လက္ရွိ ခ်န္ပီယံ မန္စီးထက္ ၅ မွတ္အသာနဲ႕ အမွတ္ေပး ဇယား ပထမေနရာမွာ ရွိေနပါတယ္။ လီဗာပူးက ဒီရာသီ ပရီးမီယားလိဂ္ ၅ ပြဲလံုး အနုိင္ရထားတာပါ။

ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးက ဒီတပတ္မွာေတာ့ ခ်ယ္ဆီးကို စတန္းဖို႔ ဘရစ္ခ်္မွာ သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ျပီး နဗီးလ္က ခ်ယ္ဆီးနိုင္ပြဲ ရဖို႔ ေမွ်ာ္လင့္ေနတာပါ။

” တနဂၤေႏြေန႕ ပြဲေကာင္း တစ္ပြဲပါပဲ။ ျပီးခဲ့တဲ့ နွစ္နွစ္လံုး ခ်န္ပီယံ ဆုဖလားအတြက္က ရွင္းလင္းတဲ့ ျပိဳင္ဆိုင္မႈေတြ ရွိခဲ့တယ္။ မန္စီးတီး ကလည္း သိပ္ေကာင္းခဲ့သလို လီဗာပူးကလည္း ခ်န္ပီယံ ျဖစ္ေလာက္တဲ့ ကစားဟန္မ်ိဳး ၁၈ လ လံုး ကစားလာခဲ့တာပါ။ သူတို႔ နွစ္သင္းလံုး အမွတ္ေလ်ာ့တာ ျမင္ရရင္ ေကာင္းမွာပဲ။ ဒါက က်ေနာ့္ ကိုယ္ေရးကိုယ္တာ အေၾကာင္းျပခ်က္ေတြေၾကာင့္ မဟုတ္ဘူး။ ဒါေပမယ့္ မန္စီးတီးနဲ႕ လီဗာပူးကို အမွတ္ေလ်ာ့ေစခ်င္တယ္ ဒါမွ ပို စိတ္လႈပ္ရွားစရာ ေဘာလံုးရာသီကို ျမင္ရမွာ။”

” ျပီးခဲ့တဲ့ ေဘာလံုးရာသီက အေနအထားကို က်ေနာ္ သေဘာက်ပါတယ္။ ကြာလတီကလည္း သိပ္ေကာင္းခဲ့တာပါ။ ဒါေပမယ့္ ဒီရာသီမွာ တျခားအသင္းေတြေရာ အျပိဳင္အဆိုင္ ယွဥ္ျပိဳင္ၾကမွာ ျမင္ခ်င္တယ္။ ဒါေတြကပဲ စိတ္လႈပ္ရွားစရာ ျဖစ္ျပီး ပရီးမီးယားလိဂ္ကို ကမၻာေက်ာ္ေစတာ မဟုတ္လား။” လို႔ နဗီးလ္က ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ ကစားသမားေဟာင္း ျဖစ္တာနဲ႕ အညီ နဗီးလ္က လီဗာပူးအသင္းကိုေတာ့ သံုးသပ္မႈမ်ား ျပဳလုပ္တိုင္း အနည္းငယ္ေတာ့ ထိခိုက္ေျပာဆုိေနၾက ျဖစ္ပါတယ္။ ဒီတၾကိမ္ကေတာ့ လီဗာပူးကို ရွံဳးေစလိုတာက လိဂ္ကို ျပိဳင္ဆိုင္မႈ ျပင္းထန္ေစလိုတာက အေၾကာင္းရင္း တစ္ခ်က္ ျဖစ္ေၾကာင္း ၄င္းက ဆိုခဲ့တာ ျဖစ္ပါတယ္။

Myan News

UNICODE – မန်ယူခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ်ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံလုပွဲ ပိုမို အသက်ဝင်စေဖို့ ဒီတနင်္ဂနွေမှာ ချယ်ဆီးက လီဗာပူးကို အနိုင်ယူနိုင်ဖို့ မျှော်လင့် အားပေးနေပါတယ်။ လီဗာပူးအသင်းဟာ ဒုတိယနေရာမှ လက်ရှိ ချန်ပီယံ မန်စီးထက် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယား ပထမနေရာမှာ ရှိနေပါတယ်။ လီဗာပူးက ဒီရာသီ ပရီးမီယားလိဂ် ၅ ပွဲလုံး အနိုင်ရထားတာပါ။

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးက ဒီတပတ်မှာတော့ ချယ်ဆီးကို စတန်းဖို့ ဘရစ်ချ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး နဗီးလ်က ချယ်ဆီးနိုင်ပွဲ ရဖို့ မျှော်လင့်နေတာပါ။

” တနင်္ဂနွေနေ့ ပွဲကောင်း တစ်ပွဲပါပဲ။ ပြီးခဲ့တဲ့ နှစ်နှစ်လုံး ချန်ပီယံ ဆုဖလားအတွက်က ရှင်းလင်းတဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့တယ်။ မန်စီးတီး ကလည်း သိပ်ကောင်းခဲ့သလို လီဗာပူးကလည်း ချန်ပီယံ ဖြစ်လောက်တဲ့ ကစားဟန်မျိုး ၁၈ လ လုံး ကစားလာခဲ့တာပါ။ သူတို့ နှစ်သင်းလုံး အမှတ်လျော့တာ မြင်ရရင် ကောင်းမှာပဲ။ ဒါက ကျနော့် ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေကြောင့် မဟုတ်ဘူး။ ဒါပေမယ့် မန်စီးတီးနဲ့ လီဗာပူးကို အမှတ်လျော့စေချင်တယ် ဒါမှ ပို စိတ်လှုပ်ရှားစရာ ဘောလုံးရာသီကို မြင်ရမှာ။”

” ပြီးခဲ့တဲ့ ဘောလုံးရာသီက အနေအထားကို ကျနော် သဘောကျပါတယ်။ ကွာလတီကလည်း သိပ်ကောင်းခဲ့တာပါ။ ဒါပေမယ့် ဒီရာသီမှာ တခြားအသင်းတွေရော အပြိုင်အဆိုင် ယှဉ်ပြိုင်ကြမှာ မြင်ချင်တယ်။ ဒါတွေကပဲ စိတ်လှုပ်ရှားစရာ ဖြစ်ပြီး ပရီးမီးယားလိဂ်ကို ကမ္ဘာကျော်စေတာ မဟုတ်လား။” လို့ နဗီးလ်က ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဖြစ်တာနဲ့ အညီ နဗီးလ်က လီဗာပူးအသင်းကိုတော့ သုံးသပ်မှုများ ပြုလုပ်တိုင်း အနည်းငယ်တော့ ထိခိုက်ပြောဆိုနေကြ ဖြစ်ပါတယ်။ ဒီတကြိမ်ကတော့ လီဗာပူးကို ရှုံးစေလိုတာက လိဂ်ကို ပြိုင်ဆိုင်မှု ပြင်းထန်စေလိုတာက အကြောင်းရင်း တစ်ချက် ဖြစ်ကြောင်း ၎င်းက ဆိုခဲ့တာ ဖြစ်ပါတယ်။

Myan News