ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က ကလပ္အသင္း တိုက္စစ္သမားေဟာင္း ဆာလက္ဟာ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ေခတ္ဦးအျဖစ္ လန္ဒန္ေျမမွာ ေျခစြမ္းမျပႏိုင္တာက အခြင့္အေရးေတြ နည္းပါးခဲ့လို႔ျဖစ္ေၾကာင္း သံုးသပ္ေျပာဆိုခဲ့ပါတယ္။

ဆာလက္ဟာ ၂၀၁၃ ခုႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ခ်ယ္ဆီးကို ေရာက္ခဲ့ေပမယ့္ ၂၀၁၆ ခုႏွစ္ ရိုးမားကို ထြက္မသြားခင္ထိ ပြဲ ၁၉ ပြဲပဲ ကစားခဲ့ရတာျဖစ္တယ္။ ခ်ယ္ဆီးအသင္းမွာေတာ့ ေအာ္စကာ၊ ဝီလီယမ္၊ ဟာဇက္တို႔ ေနာက္မွာပဲ ေနရာရခဲ့တဲ့ ဆာလက္ဟာ ဒုတိယေျမာက္ ပရီးမီးယားလိဂ္ ကစားသမားဘဝမွာေတာ့ လီဗာပူးအတြက္ ျပိဳင္ပြဲစံု ၁၁၁ ပြဲမွာ သြင္းဂိုး ၇၅ ဂိုးထိ ရယူထားႏုိင္ပါတယ္။

ဒီအပတ္မွာ လီဗာပူးဟာ စတမ္းဖုိဒ့္ဘရစ္ကို သြားေရာက္ ယွဥ္ျပိဳင္မွာျဖစ္ျပီး မန္ေနဂ်ာလမ္းပတ္က သူ႔ရဲ႕ အသင္းေဖာ္ေဟာင္းလည္းျဖစ္သူ ဆာလက္ ဘာလို႔ လန္ဒန္အေျခစိုက္အသင္းမွာ မေအာင္ျမင္ခဲ့ရသလဲဆိုတာကို သံုသပ္ ေျပာဆိုပါတယ္။

‘ ေျပာရခက္ပါတယ္။ လူတိုင္းက ကိုယ္ရဲ႕လမ္းေၾကာင္းေတြ ရွိၾကပါတယ္။ မိုအတြက္ေတာ့ ကံမေကာင္းခဲ့ပါဘူး။ ခ်ယ္ဆီးမွာ အဆင္မေျပခဲ့ေပမယ့္ သူ႔ကို အသိအမွတ္ျပဳရပါမယ္။ သူက အီတလီကို ထြက္သြားလိုျပီး ဒီကို ျပန္လာလိုခဲ့တယ္။ အခုခ်ိန္မွာေတာ့ သူက စူပါစတားျဖစ္ေနပါျပီ။

အတိတ္အရေတာ့ သူ႔ကို ႏိႈင္းယွဥ္ဖိုဖ႔ ခက္ပါတယ္။ က်ေနာ္က သူ႔ကို အထင္ၾကီးပပါတယ္။ ခ်ယ္ဆီးမွာကတည္းက အရည္အခ်င္း ရွိခဲ့သူပါ။ အဲ့တုန္းက တိုက္စစ္ပိုင္းမွာ ေရြးစရာေတြ မ်ားေနခဲ့တယ္။ ကြင္းးလယ္တိုက္စစ္နဲ႔ ေတာင္ပံေနရာမွာ ကစားသမားေတြ အမ်ားအျပားရွိတာေၾကာင့္ သူက အခြင့္အေရး မရခဲ့ပါဘူး။ ဘယ္လို အေၾကာင္းျပခ်က္ျဖစ္ပါေစ။ သူက အရည္အခ်င္းရွိသူဆိုတာ ျမင္ႏုိင္ပါတယ္။

သူက အခုခ်ိန္မွာ လီဗာပူးကစားသမား ျဖစ္ေနပါျပီ။ သူ႔ကို ၾကီးၾကီးမားမား အသိအမွတ္ျပဳဖို႔လိုမယ္။ ပေရာ္ဖက္ရွင္နယ္ ကစားသမားအျဖစ္ ခ်ယ္ဆီးလိုအသင္းကို စြန္႔႔ခြာဖို႔ မလြယ္ပါဘူး။ သူက စူပါစတားျဖစ္လိုျပီး အခုေတာ့ ျဖစ္လာခဲ့ျပီ။ ဒါေၾကာင့္ ဆာလက္ကို အသိအမွတ္ ျပဳဖို႔လိုပါတယ္ ’ လို႔ လမ္းပတ္က မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

UNICODE

ချယ်ဆီးမန်နေဂျာလမ်းပတ်က ကလပ်အသင်း တိုက်စစ်သမားဟောင်း ဆာလက်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ခေတ်ဦးအဖြစ် လန်ဒန်မြေမှာ ခြေစွမ်းမပြနိုင်တာက အခွင့်အရေးတွေ နည်းပါးခဲ့လို့ဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဆာလက်ဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချယ်ဆီးကို ရောက်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ် ရိုးမားကို ထွက်မသွားခင်ထိ ပွဲ ၁၉ ပွဲပဲ ကစားခဲ့ရတာဖြစ်တယ်။ ချယ်ဆီးအသင်းမှာတော့ အော်စကာ၊ ဝီလီယမ်၊ ဟာဇက်တို့ နောက်မှာပဲ နေရာရခဲ့တဲ့ ဆာလက်ဟာ ဒုတိယမြောက် ပရီးမီးယားလိဂ် ကစားသမားဘဝမှာတော့ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၁၁ ပွဲမှာ သွင်းဂိုး ၇၅ ဂိုးထိ ရယူထားနိုင်ပါတယ်။

ဒီအပတ်မှာ လီဗာပူးဟာ စတမ်းဖိုဒ့်ဘရစ်ကို သွားရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး မန်နေဂျာလမ်းပတ်က သူ့ရဲ့ အသင်းဖော်ဟောင်းလည်းဖြစ်သူ ဆာလက် ဘာလို့ လန်ဒန်အခြေစိုက်အသင်းမှာ မအောင်မြင်ခဲ့ရသလဲဆိုတာကို သုံသပ် ပြောဆိုပါတယ်။

‘ ပြောရခက်ပါတယ်။ လူတိုင်းက ကိုယ်ရဲ့လမ်းကြောင်းတွေ ရှိကြပါတယ်။ မိုအတွက်တော့ ကံမကောင်းခဲ့ပါဘူး။ ချယ်ဆီးမှာ အဆင်မပြေခဲ့ပေမယ့် သူ့ကို အသိအမှတ်ပြုရပါမယ်။ သူက အီတလီကို ထွက်သွားလိုပြီး ဒီကို ပြန်လာလိုခဲ့တယ်။ အခုချိန်မှာတော့ သူက စူပါစတားဖြစ်နေပါပြီ။

အတိတ်အရတော့ သူ့ကို နှိုင်းယှဉ်ဖိုဖ့ ခက်ပါတယ်။ ကျနော်က သူ့ကို အထင်ကြီးပပါတယ်။ ချယ်ဆီးမှာကတည်းက အရည်အချင်း ရှိခဲ့သူပါ။ အဲ့တုန်းက တိုက်စစ်ပိုင်းမှာ ရွေးစရာတွေ များနေခဲ့တယ်။ ကွင်းးလယ်တိုက်စစ်နဲ့ တောင်ပံနေရာမှာ ကစားသမားတွေ အများအပြားရှိတာကြောင့် သူက အခွင့်အရေး မရခဲ့ပါဘူး။ ဘယ်လို အကြောင်းပြချက်ဖြစ်ပါစေ။ သူက အရည်အချင်းရှိသူဆိုတာ မြင်နိုင်ပါတယ်။

သူက အခုချိန်မှာ လီဗာပူးကစားသမား ဖြစ်နေပါပြီ။ သူ့ကို ကြီးကြီးမားမား အသိအမှတ်ပြုဖို့လိုမယ်။ ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ချယ်ဆီးလိုအသင်းကို စွန့့်ခွာဖို့ မလွယ်ပါဘူး။ သူက စူပါစတားဖြစ်လိုပြီး အခုတော့ ဖြစ်လာခဲ့ပြီ။ ဒါကြောင့် ဆာလက်ကို အသိအမှတ် ပြုဖို့လိုပါတယ် ’ လို့ လမ်းပတ်က မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။