မန္ခ်က္စတာ ယူႏုိက္တက္ဟာ မနက္ျဖန္မွာေတာ့ ဝက္ဟမ္းကြင္းမွာ သြားကစားရမွာျဖစ္ျပီး ဒီရာသီ ပထမဆံုး အေဝးကြင္းႏုိင္ပြဲကို ရႏုိင္ဖုိ႔ ၾကိဳးစားရမွာပဲ ျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ အဓိက ကစားသမား အနည္းငယ္ ဒဏ္ရာေၾကာင့္ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။

ဝက္ဟမ္းနဲ႔ပြဲမွာ မန္ယူဟာ ၄-၂-၃-၁ ကစားကြက္ နဲ႔ ပြဲထြက္ျပီး အက္စတာနာနဲ႔ပြဲ ပြဲထြက္လူစာရင္းကိုမွ အေျပာင္းအလဲ ကိုးခုေလာက္လည္း လုပ္ႏုိင္မယ္လို႔ ခန္႔မွန္းရပါတယ္။ အဓိကအားျဖင့္ လူငယ္ကစားသမားေတြကို ပြဲထြက္လူစာရင္းမွာ ထည့္ပဲ အနားေပးထားတဲ့ စီနီယာေတြကို လူစာရင္းထဲ ျပန္ထည့္လာႏုိင္တာျဖစ္တယ္။

ဗဟိုခံစစ္မွာ ဟယ္လာလို ကစားသမားကို ထိန္းရမွာျဖစ္လုိ႔ ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္မႈ အျပည့္အဝ မေကာင္းေသးတဲ့ တြမ္ဇီဘီအစား လင္ဒီေအာ့နဲ႔ မက္ဂိြဳင္းရား အတြဲကိုပဲ ျပန္သံုးဖြယ္ရွိတယ္။ ညာအစြန္ကို ဘစ္ဆာကာ တာဝန္ယူမွာျဖစ္ျပီး ဘယ္အစြန္ကိုေတာ့ ယန္းကိုပဲ ဦးစားေပးမယ္လို႔ ေမွ်ာ္လင့္ရတယ္။

ကြင္းလယ္မွာေတာ့ ေပါ့ဘာ ဒဏ္ရာရေနျပီး ေတာ္မီေနး ပြဲထြက္ႏုိင္မွာပါ။ ဖရတ္နဲ႔ မာတစ္ၾကာမွာေတာ့ ေရြးခ်ယ္ရမႈ ျဖစ္လာႏုိင္ျပီး ၾကံ႕ခိုင္မႈ ေကာင္းေနတဲ့ ဖရတ္ကို သံုးမယ္လို႔ ယူဆရတယ္။ တိုက္စစ္အတြက္ ပ့ံပိုးေပးဖို႔ လင္ဂတ္ ျပန္လာမွာျဖစ္သလို တိုက္စစ္ကေတာ့ အရင္အတိုင္းပဲ ဂ်ိမ္း၊ ရပ္ဖို႔နဲ႔ ပါရဲရားတို႔ကိုပဲ အသံုးျပဳႏုိင္ဦးမွာ ျဖစ္ပါတယ္။

ပြဲထြက္လူစာရင္းကိုေတာ့ ဒါေလာ့၊ ရိုဂ်ိဳနဲ႔ ဂရင္းဝုဒ္တို႔လည္း စိန္ေခၚလိုမွာ ျဖစ္ေပမယ့္လည္း အေတြ႔အၾကံဳႏုနဲ့ တိုက္စစ္သမားနဲ႔ ပြဲေဝးေနတဲ့ ခံစစ္သမားေတြကို အရန္ခံုမွာပဲ ထားမယ္လို႔ ယူဆရတယ္။ ဂရင္းဝုဒ္ဟာ အက္စတာနာပြဲမွာ ေျခစြမ္းျပခဲ့လို႔ ေတာင္ပံတိုက္စစ္ တစ္ေနရာအတြက္ ပြဲထြက္ခြင့္ရမယ္ဆိုရင္ စိတ္လႈပ္ရွားစရာ ျဖစ္လာပါလိမ့္မယ္။

UNICODE

မန်ချက်စတာ ယူနိုက်တက်ဟာ မနက်ဖြန်မှာတော့ ဝက်ဟမ်းကွင်းမှာ သွားကစားရမှာဖြစ်ပြီး ဒီရာသီ ပထမဆုံး အဝေးကွင်းနိုင်ပွဲကို ရနိုင်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အဓိက ကစားသမား အနည်းငယ် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဝက်ဟမ်းနဲ့ပွဲမှာ မန်ယူဟာ ၄-၂-၃-၁ ကစားကွက် နဲ့ ပွဲထွက်ပြီး အက်စတာနာနဲ့ပွဲ ပွဲထွက်လူစာရင်းကိုမှ အပြောင်းအလဲ ကိုးခုလောက်လည်း လုပ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အဓိကအားဖြင့် လူငယ်ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ထည့်ပဲ အနားပေးထားတဲ့ စီနီယာတွေကို လူစာရင်းထဲ ပြန်ထည့်လာနိုင်တာဖြစ်တယ်။

ဗဟိုခံစစ်မှာ ဟယ်လာလို ကစားသမားကို ထိန်းရမှာဖြစ်လို့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အပြည့်အဝ မကောင်းသေးတဲ့ တွမ်ဇီဘီအစား လင်ဒီအော့နဲ့ မက်ဂွိုင်းရား အတွဲကိုပဲ ပြန်သုံးဖွယ်ရှိတယ်။ ညာအစွန်ကို ဘစ်ဆာကာ တာဝန်ယူမှာဖြစ်ပြီး ဘယ်အစွန်ကိုတော့ ယန်းကိုပဲ ဦးစားပေးမယ်လို့ မျှော်လင့်ရတယ်။

ကွင်းလယ်မှာတော့ ပေါ့ဘာ ဒဏ်ရာရနေပြီး တော်မီနေး ပွဲထွက်နိုင်မှာပါ။ ဖရတ်နဲ့ မာတစ်ကြာမှာတော့ ရွေးချယ်ရမှု ဖြစ်လာနိုင်ပြီး ကြံ့ခိုင်မှု ကောင်းနေတဲ့ ဖရတ်ကို သုံးမယ်လို့ ယူဆရတယ်။ တိုက်စစ်အတွက် ပံ့ပိုးပေးဖို့ လင်ဂတ် ပြန်လာမှာဖြစ်သလို တိုက်စစ်ကတော့ အရင်အတိုင်းပဲ ဂျိမ်း၊ ရပ်ဖို့နဲ့ ပါရဲရားတို့ကိုပဲ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

ပွဲထွက်လူစာရင်းကိုတော့ ဒါလော့၊ ရိုဂျိုနဲ့ ဂရင်းဝုဒ်တို့လည်း စိန်ခေါ်လိုမှာ ဖြစ်ပေမယ့်လည်း အတွေ့အကြုံနုနဲ့ တိုက်စစ်သမားနဲ့ ပွဲဝေးနေတဲ့ ခံစစ်သမားတွေကို အရန်ခုံမှာပဲ ထားမယ်လို့ ယူဆရတယ်။ ဂရင်းဝုဒ်ဟာ အက်စတာနာပွဲမှာ ခြေစွမ်းပြခဲ့လို့ တောင်ပံတိုက်စစ် တစ်နေရာအတွက် ပွဲထွက်ခွင့်ရမယ်ဆိုရင် စိတ်လှုပ်ရှားစရာ ဖြစ်လာပါလိမ့်မယ်။