တစ္ခ်ိန္က မန္ယူအသင္းရဲ႕ ၾကယ္ပြင့္ကစားသမားျဖစ္ခဲ့ဖူးသူ ဘရာဇီး ကြင္းလယ္လူ အန္ဒါဆန္ဟာ လက္ရွိ တူရကီမွာ ကစားေနမႈကေန ေဘာလံုးကစားျခင္းက အနားယူျပီျဖစ္ေၾကာင္း ေၾကညာလိုက္ျပီျဖစ္ပါတယ္။

တူရကီကလပ္ အဒါနာက မန္ယူကြင္းလယ္လူေဟာင္း အန္ဒါဆန္ရဲ႕ အနားယူမႈသတင္းကို ထုတ္ျပန္လိုက္တာျဖစ္ျပီး သူဟာ အခုမွ အသက္ ၃၁ ႏွစ္အရြယ္ပဲ ရွိေသးတာျဖစ္တယ္။ ၂၀၁၈ ခုႏွစ္မွာ တူရကီကလပ္ထံ ေျပာင္းကစားခဲ့ေပမယ့္ ဒီရာသီမွာေတာ့ သူဟာ ေဘာလံုးကစားျခင္းက အနားယူဖို႔ ဆံုးျဖတ္ခဲ့ျပီျဖစ္ပါတယ္။

ဘရာဇီးကလပ္ ဂရီမီရိုကေန ေပၚတိုအသင္းကို အသက္ ၁၈ ႏွစ္အရြယ္ ၂၀၀၆ ခုႏွစ္က ေျပာင္းခဲ့တဲ့ အန္ဒါဆန္ဟာ ေနာက္တစ္ႏွစ္အၾကာမွာ မန္ယူအသင္းထံ ယူရို သန္း ၃၀ ဆိုတဲ့ ပမာဏနဲ႔ ေျပာင္းးေရႊ႔လာခဲ့ပါတယ္။ ဘရာဇီးကြင္းလယ္လူဟာ ၂၀၀၈ ခုႏွစ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ အေရးပါတဲ့ ပင္နယ္တီကို သြင္းယူခဲ့သူ တစ္ဦးလည္းျဖစ္ပါတယ္။

၂၀၀၈ ခုႏွစ္မွာပဲ သူဟာ မက္ဆီ၊ ဖာဘရီဂတ္စ္နဲ႔ အဂြယ္ရို အႏုိင္ရခဲ့ဖူးတဲ့ Golden Boy award ဆုကို အႏုိင္ရခဲ့ဖူးျပီး သူနဲ႔ နာနီဟာ မန္ယူရဲ႕ အနာဂတ္ကစာသမားေတြလို မန္ေနဂ်ာၾကီး ဆာအဲလစ္က ထုတ္ေျပာခဲ့သလို ရြန္းနီနဲ႔ ေရာ္နယ္ဒိုတို႔ေနာက္ ကလပ္အသင္းရဲ႕ အဓိက ကစားသမားျဖစ္လာဖို႔ထိ ရည္ရြယ္ျခင္း ခံခဲ့ရတယ္။

ဒါေပမယ့္လည္း ဒဏ္ရာျပသနာနဲ႔ ေျခစြမ္း မတည္ျငိမ္ျခင္းေတြေၾကာင့္ မန္ယူမွာ ေနရာရဖို႔ ရုန္းကန္ခဲ့ရသလို မန္ေနဂ်ာ ဆာအဲလက္စ္ ထြက္ခြာသြားတဲ့ေနာက္ပိုင္းမွာ ကလပ္အသင္းကေန မိခင္ႏုိင္ငံ ဘရာဇီးကလပ္ကို ျပန္လည္ ေရြးေျပာင္းသြားခဲ့ပါတယ္။ အဲ့သည္မွာလည္း အဆင္မေျပျဖစ္ခဲ့ပဲ ေနာက္ဆံုး တူရကီေျမမွာ သြားကစားေနရင္းက ဒီႏွစ္မွာေတာ့ ေဘာလံုးကစားျခင္းက အနားယူျပီျဖစ္ပါတယ္။

အန္ဒါဆန္ဟာ မန္ယူကစားးသမားဘဝမွာ ပရီးမီးယားလိဂ္ဖလား ၄ ၾကိမ္၊ လိဂ္ဖလား တစ္ၾကိမ္၊ အက္ဖ္ေအဖလား ၂ ၾကိမ္၊ ခ်န္ပီယံလိဂ္ ၁ ၾကိမ္နဲ႔ ကလပ္မ်ား ကမၻာဖလားကို ၁ ၾကိမ္ အႏုိင္ရခဲ့ဖူးသူပဲ ျဖစ္ပါတယ္။

UNICODE

တစ်ချိန်က မန်ယူအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်ခဲ့ဖူးသူ ဘရာဇီး ကွင်းလယ်လူ အန်ဒါဆန်ဟာ လက်ရှိ တူရကီမှာ ကစားနေမှုကနေ ဘောလုံးကစားခြင်းက အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်ပြီဖြစ်ပါတယ်။

တူရကီကလပ် အဒါနာက မန်ယူကွင်းလယ်လူဟောင်း အန်ဒါဆန်ရဲ့ အနားယူမှုသတင်းကို ထုတ်ပြန်လိုက်တာဖြစ်ပြီး သူဟာ အခုမှ အသက် ၃၁ နှစ်အရွယ်ပဲ ရှိသေးတာဖြစ်တယ်။ ၂၀၁၈ ခုနှစ်မှာ တူရကီကလပ်ထံ ပြောင်းကစားခဲ့ပေမယ့် ဒီရာသီမှာတော့ သူဟာ ဘောလုံးကစားခြင်းက အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

ဘရာဇီးကလပ် ဂရီမီရိုကနေ ပေါ်တိုအသင်းကို အသက် ၁၈ နှစ်အရွယ် ၂၀၀၆ ခုနှစ်က ပြောင်းခဲ့တဲ့ အန်ဒါဆန်ဟာ နောက်တစ်နှစ်အကြာမှာ မန်ယူအသင်းထံ ယူရို သန်း ၃၀ ဆိုတဲ့ ပမာဏနဲ့ ပြောင်းးရွှေ့လာခဲ့ပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အရေးပါတဲ့ ပင်နယ်တီကို သွင်းယူခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာပဲ သူဟာ မက်ဆီ၊ ဖာဘရီဂတ်စ်နဲ့ အဂွယ်ရို အနိုင်ရခဲ့ဖူးတဲ့ Golden Boy award ဆုကို အနိုင်ရခဲ့ဖူးပြီး သူနဲ့ နာနီဟာ မန်ယူရဲ့ အနာဂတ်ကစာသမားတွေလို မန်နေဂျာကြီး ဆာအဲလစ်က ထုတ်ပြောခဲ့သလို ရွန်းနီနဲ့ ရော်နယ်ဒိုတို့နောက် ကလပ်အသင်းရဲ့ အဓိက ကစားသမားဖြစ်လာဖို့ထိ ရည်ရွယ်ခြင်း ခံခဲ့ရတယ်။

ဒါပေမယ့်လည်း ဒဏ်ရာပြသနာနဲ့ ခြေစွမ်း မတည်ငြိမ်ခြင်းတွေကြောင့် မန်ယူမှာ နေရာရဖို့ ရုန်းကန်ခဲ့ရသလို မန်နေဂျာ ဆာအဲလက်စ် ထွက်ခွာသွားတဲ့နောက်ပိုင်းမှာ ကလပ်အသင်းကနေ မိခင်နိုင်ငံ ဘရာဇီးကလပ်ကို ပြန်လည် ရွေးပြောင်းသွားခဲ့ပါတယ်။ အဲ့သည်မှာလည်း အဆင်မပြေဖြစ်ခဲ့ပဲ နောက်ဆုံး တူရကီမြေမှာ သွားကစားနေရင်းက ဒီနှစ်မှာတော့ ဘောလုံးကစားခြင်းက အနားယူပြီဖြစ်ပါတယ်။

အန်ဒါဆန်ဟာ မန်ယူကစားးသမားဘဝမှာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ လိဂ်ဖလား တစ်ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်နဲ့ ကလပ်များ ကမ္ဘာဖလားကို ၁ ကြိမ် အနိုင်ရခဲ့ဖူးသူပဲ ဖြစ်ပါတယ်။