ဒီေႏြမွာ ဆဲလ္တစ္အသင္းကေန အာဆင္နယ္ကို စေကာ္တလန္ကစားသမားတစ္ဦးအတြက္ ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးျဖင့္ ေျပာင္းလာခဲ့တဲ့ တီရာေနးဟာ မၾကာခင္မွာေတာ့ ကလပ္အသင္းအတြက္ ပြဲထြက္ကစားေပးနုိင္ဖို႔ တာဆူေနခဲ့ျပီျဖစ္ပါတယ္။

ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာေနျပီျဖစ္တဲ့ တီရာေနးဟာ ေသာၾကာေန႔က ယူ-၂၃ အသင္းပြဲမွာ အျခားေသာ အစြန္လူ ဘယ္လာရင္နဲ႔အတူ ပါဝင္ကစားသြားခဲ့ပါတယ္။ ဒါဟာ အာဆင္နယ္ဂ်ာစီကို ဝတ္ဆင္ျပီး တီရာေနး ပါဝင္ကစားတဲ့ ပထမဆံုး ပြဲစဥ္လည္းျဖစ္ျပီး ဂန္းနားပရိသတ္ေတြကေတာ့ အစြန္လူအေပၚ အမ်ားၾကီး ေမွ်ာ္လင့္ထားၾကတာပဲျဖစ္တယ္။

အဆိုပါပြဲအျပီးမွာ တီရာေနးဟာ အာဆင္နယ္ပရိုဂရမ္အတြက္ ေျဖၾကားေပးမႈေတြ လုပ္သြားခဲ့ပါေသးတယ္။ အဲ့သည္ထဲမွာေတာ့ သူ႔ရဲ႕ ကစားသမားဘဝ လႊမ္းမိုးမႈ ၾကီးမားတဲ့ ကစားသမား သံုးဦးကို ေရြးခ်ယ္ခဲ့ျပီး ဂန္းနားအသင္းသား တစ္ဦးမွ မပါခဲ့ပါဘူး။ ဒါေပမယ့္လို႔ အာဆင္နယ္အသင္း ကစားသမားေတြထဲမွာ သူအၾကိဳက္ဆံုးအျဖစ္ သီးသန္႔ေရြးခ်ယ္မႈ တစ္ခုကိုလည္း ျပဳလုပ္ခဲ့ပါေသးတယ္။

တီရာေနးက ” က်ေနာ္ အႏွစ္သက္ဆံုး အာဆင္နယ္ကစားသမားက သီယာရီ အြန္နရီပဲ ျဖစ္ပါတယ္။ သူ သြင္းယူခဲ့တဲ့ သြင္းဂိုးေတြကို က်ေနာ္ မွတ္မိသလို ပြဲေန႔အျပီး သြင္းဂိုးေတြ ျပန္ျပရာမွာလည္း ၾကည့္ခဲ့တယ္။ က်ေနာ္ ၾကီးျပင္းလာမႈမွာေတာ့ သူ႔ရဲ႕ ေကာင္းမြန္တဲ့ သြင္းဂိုးေတြကို ၾကည့္ျပီး ၾကီးလာခဲ့ရလို႔ သူက က်ေနာ္ အႏွစ္သက္ဆံုး အာဆင္နယ္ အသင္းသားပါပဲ။ ” လို႔ ေျဖဆိုခဲ့တယ္။

တီရာေနးကပဲ သူဟာ ဆဲလ္တစ္ပတ္ကြင္းကို ႏွစ္သက္သူျဖစ္ျပီး မယံုႏုိင္ေလာက္ေအာင္ အသင္းအေပၚ အားေပးၾကတဲ့ အေငြ႔အသက္နဲ႔ လႊမ္းျခံဳမႈရွိတဲ့ ကြင္းျဖစ္ကာ အဲ့သည္ကြင္းမွာ ကစားခဲ့ရတာကို ကံေကာင္းတယ္လို႔ ထင္မိေၾကာင္းလည္း ေနာက္ဆံုး ေျဖဆိုမႈအျဖစ္ ေျပာခဲ့ပါေသးတယ္။

UNICODE

ဒီနွေမှာ ဆဲလ်တစ်အသင်းကနေ အာဆင်နယ်ကို စကော်တလန်ကစားသမားတစ်ဦးအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့တဲ့ တီရာနေးဟာ မကြာခင်မှာတော့ ကလပ်အသင်းအတွက် ပွဲထွက်ကစားပေးနိုင်ဖို့ တာဆူနေခဲ့ပြီဖြစ်ပါတယ်။

ကြံ့ခိုင်မှု ပြန်ကောင်းလာနေပြီဖြစ်တဲ့ တီရာနေးဟာ သောကြာနေ့က ယူ-၂၃ အသင်းပွဲမှာ အခြားသော အစွန်လူ ဘယ်လာရင်နဲ့အတူ ပါဝင်ကစားသွားခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်ဂျာစီကို ဝတ်ဆင်ပြီး တီရာနေး ပါဝင်ကစားတဲ့ ပထမဆုံး ပွဲစဉ်လည်းဖြစ်ပြီး ဂန်းနားပရိသတ်တွေကတော့ အစွန်လူအပေါ် အများကြီး မျှော်လင့်ထားကြတာပဲဖြစ်တယ်။

အဆိုပါပွဲအပြီးမှာ တီရာနေးဟာ အာဆင်နယ်ပရိုဂရမ်အတွက် ဖြေကြားပေးမှုတွေ လုပ်သွားခဲ့ပါသေးတယ်။ အဲ့သည်ထဲမှာတော့ သူ့ရဲ့ ကစားသမားဘဝ လွှမ်းမိုးမှု ကြီးမားတဲ့ ကစားသမား သုံးဦးကို ရွေးချယ်ခဲ့ပြီး ဂန်းနားအသင်းသား တစ်ဦးမှ မပါခဲ့ပါဘူး။ ဒါပေမယ့်လို့ အာဆင်နယ်အသင်း ကစားသမားတွေထဲမှာ သူအကြိုက်ဆုံးအဖြစ် သီးသန့်ရွေးချယ်မှု တစ်ခုကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

တီရာနေးက ” ကျနော် အနှစ်သက်ဆုံး အာဆင်နယ်ကစားသမားက သီယာရီ အွန်နရီပဲ ဖြစ်ပါတယ်။ သူ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကို ကျနော် မှတ်မိသလို ပွဲနေ့အပြီး သွင်းဂိုးတွေ ပြန်ပြရာမှာလည်း ကြည့်ခဲ့တယ်။ ကျနော် ကြီးပြင်းလာမှုမှာတော့ သူ့ရဲ့ ကောင်းမွန်တဲ့ သွင်းဂိုးတွေကို ကြည့်ပြီး ကြီးလာခဲ့ရလို့ သူက ကျနော် အနှစ်သက်ဆုံး အာဆင်နယ် အသင်းသားပါပဲ။ ” လို့ ဖြေဆိုခဲ့တယ်။

တီရာနေးကပဲ သူဟာ ဆဲလ်တစ်ပတ်ကွင်းကို နှစ်သက်သူဖြစ်ပြီး မယုံနိုင်လောက်အောင် အသင်းအပေါ် အားပေးကြတဲ့ အငွေ့အသက်နဲ့ လွှမ်းခြုံမှုရှိတဲ့ ကွင်းဖြစ်ကာ အဲ့သည်ကွင်းမှာ ကစားခဲ့ရတာကို ကံကောင်းတယ်လို့ ထင်မိကြောင်းလည်း နောက်ဆုံး ဖြေဆိုမှုအဖြစ် ပြောခဲ့ပါသေးတယ်။