ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ မွာ လက္ရွိ ပရီးမီးယားလိဂ္ ခ်န္​ပီယံ မန္စီးတီးအသင္​းဟာ ဝက္​ဖို႔ဒ္​ အသင္​းကို အီးတီဟတ္​မွာ လက္​ခံကစား သြားရမွာ ျဖစ္​ပါတယ္။ ဒီပြဲ အတြက္ နာမည္ေက်ာ္ ေဘာလံုး သံုးသပ္သူေတြရဲ႕ ခန္႔မွန္းခ်က္မ်ားကို ျပန္လည္ စုစည္း ေဖာ္ျပေပးလိုပါတယ္။ ပြဲခ်ိန္ကေတာ့ ယေန႔ စေနေန႔ ည ၈း၃၀ နာရီ ျဖစ္ပါတယ္။

မိုက္ကယ္အို၀င္

ပက္ဂြာဒီယိုလာက ဒီေႏြမွာ ဗဟိုခံစစ္သမား တစ္ဦး မေခၚခဲ့မိတာအတြက္ ေနာင္တ ေကာင္းေကာင္း ရေနေလာက္ပါျပီ။ လာေပၚေတး ဒဏ္ရာ ရေနတဲ့ထဲမွာ စတုန္းကပါ တစ္လေလာက္ နားရမွာ ျဖစ္လို႔ စီးတီး ခံစစ္မွာ အားနည္းေနပါတယ္။ ၀က္ဖို႔ဒ္က ျပီးခဲ့တဲ့ အပတ္မွာ အာဆင္နယ္ ဘက္ ကန္သြင္းမွာ ၃၁ ၾကိမ္ ျပဳလုပ္ခဲ့ျပီး ရမွတ္နဲ႕ ထိုက္တန္ခဲ့ပါတယ္။ မန္ေနဂ်ာသစ္ Quique Sanchez Flores ကေတာ့ သူ႔အသင္းကို ဒီလို အရည္အခ်င္းနဲ႕ တိုက္ရည္ ခိုက္ရည္ ဆက္ထိန္းျပီး အီးတီးဟတ္မွာ အမွတ္ရဖို႔ ၾကိဳးစားလိမ့္မယ္လို႔ အို၀င္က သံုးသပ္ထားပါတယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ နွစ္သင္းလံုး ဂိုးသြင္းျပီး မန္စီးတီး အနိုင္။

ခ်ာလီနစ္ကိုးလပ္ (စကိုင္းစေပါ့)

မန္စီးတီးက လတ္တေလာမွာ ခံစစ္ျပႆနာၾကီး ၾကံဳေတြ႕ေနရပါတယ္။ အဓိက ခံစစ္မွဴး နွစ္ဦး ဒဏ္ရာရေနတာေၾကာင့္ ဖာနန္ဒင္ဟိုကို ဗဟိုခံစစ္ေနရာ ဆင္းေဆာ့ခိုင္းရမယ့္ အေနအထားပါ။ ဒါမွမဟုတ္ရင္ အဂၤလန္အသင္းမွာလို ေနာက္တန္းသံုးေယာက္ ထားျပီး ေ၀ၚကာကို ထည့္ ကစားပါလိမ့္မယ္။ ေအာ္တာမန္ဒီ ထက္စာရင္ ေ၀ၚကာနဲ႕ ခံစစ္သံုးေယာက္တန္းက ပို အဆင္ေျပမယ္ ယူဆရပါတယ္။

၀က္ဖို႔ဒ္ဟာ ျပီးခဲ့တဲ့ အပတ္မွာ အာဆင္နယ္ရဲ႕ ဦးေဆာင္မႈကို တုန္႔ျပန္နုိင္ခဲ့ပါတယ္။ ၀က္ဖို႔ဒ္က သေရ ရလဒ္ထက္ေတာင္ ပိုထုိက္တန္ခဲ့တာပါ။ ဒါေပမယ့္ ဒီတပတ္ မန္စီးတီးကို ယွဥ္ဖို႔ကေတာ့ လြယ္ကူမွာ မဟုတ္ဘူး။ ခံစစ္အခက္အခဲေတြ ရွိေနေတာင္ မန္စီးတီးက သံုးမွတ္ကို အေလ်ာ့ခံမွာ မဟုတ္ပါဘူး လို႔ ခ်ာလီနစ္ကိုးလပ္ က ဆိုထားပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ မန္စီးတီး ၁-၀ ၀က္ဖို႔ဒ္

ေရာ္ဘီ ဆားေဗ့ခ်္

မန္စီးတီးအသင္​းဟာ နည္းျပသစ္ ဆန္​းခ်က္​​ဖ​ေလာ္​ရက္ ​ေရာက္​႐ွိ လာခဲ့ၿပီး ​ေနာက္​ပိုင္​း စိတ္​ဓာတ္​ ျပန္တက္​ႂကြ​ေနတဲ့ ဝက္​ဖို႔ဒ္​ အသင္​းကို အီးတီဟတ္​မွာ လက္​ခံကစား သြားရမွာ ျဖစ္​ၿပီး ၀က္ဖို႔ဒ္ ၿပီးခဲ့တဲ့ ​ေမလက အက္​ဖ္​​ေအဖလား ဖိုင္​နယ္​မွာ မန္စီးတီးကို ၆-၀ နဲ႔ အ႐ွက္​တကြဲ ႐ွံဳးနိမ္​့ခဲ့မႈကို ျပန္​လည္​ တုန္​႔ျပန္​ဖို႔ စိတ္​အားထက္သန္ေနပါလိမ့္မယ္လို႔ လက္​စတာ ကစားသမား​ေဟာင္​း ​ေရာ္​ဘီဆာ​​း​ေဗ့ခ်္​က သံုးသပ္ထားပါတယ္။

ေရာ္ဘီ ဆားေဗ့ခ်္ ခန္႔မွန္းရလဒ္။ ။ မန္စီးတီး ၃-၀ ၀က္ဖို႔ဒ္

ေလာ္ရိုး

မန္စီးတီး ခံစစ္မွာ လာေပၚေတး၊ စတုန္းတို႔ ဒဏ္ရာရေနတာေၾကာင့္ ဖာနန္ဒင္ဟိုနဲ႔ လာေပၚေတးပဲ ပြဲထြက္လာဖြယ္ ရွိပါတယ္။ ဝက္ဖု႔ိဒ္ကေတာ့ ၿပီးခဲ့တဲ့တစ္ပတ္မွာ အာဆင္နယ္ကို တုိက္စစ္စြမ္းရည္ျပၿပီး သေရတစ္မွတ္ ယူထားတဲ့ အသင္းပါ။ ဒါေပမယ့္ အီးတီဟတ္မွာ မန္စီးတီးကိုေတာ့ ဒါမ်ိဳး လုပ္ႏုိ္င္ဖို႔ ခက္ခဲပါတယ္။ မန္စီးတီးႏုိင္ပြဲရမွာျဖစ္သလို ရလဒ္က ျပတ္သားႏုိင္ပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ မန္စီးတီး ၃-၀ ဝက္ဖို႔ဒ္

Myan News

UNICODE – ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းဟာ ဝက်ဖို့ဒ် အသင်းကို အီးတီဟတ်မှာ လက်ခံကစား သွားရမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် နာမည်ကျော် ဘောလုံး သုံးသပ်သူတွေရဲ့ ခန့်မှန်းချက်များကို ပြန်လည် စုစည်း ဖော်ပြပေးလိုပါတယ်။ ပွဲချိန်ကတော့ ယနေ့ စနေနေ့ ည ၈း၃၀ နာရီ ဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်

ပက်ဂွာဒီယိုလာက ဒီနွေမှာ ဗဟိုခံစစ်သမား တစ်ဦး မခေါ်ခဲ့မိတာအတွက် နောင်တ ကောင်းကောင်း ရနေလောက်ပါပြီ။ လာပေါ်တေး ဒဏ်ရာ ရနေတဲ့ထဲမှာ စတုန်းကပါ တစ်လလောက် နားရမှာ ဖြစ်လို့ စီးတီး ခံစစ်မှာ အားနည်းနေပါတယ်။ ဝက်ဖို့ဒ်က ပြီးခဲ့တဲ့ အပတ်မှာ အာဆင်နယ် ဘက် ကန်သွင်းမှာ ၃၁ ကြိမ် ပြုလုပ်ခဲ့ပြီး ရမှတ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ မန်နေဂျာသစ် Quique Sanchez Flores ကတော့ သူ့အသင်းကို ဒီလို အရည်အချင်းနဲ့ တိုက်ရည် ခိုက်ရည် ဆက်ထိန်းပြီး အီးတီးဟတ်မှာ အမှတ်ရဖို့ ကြိုးစားလိမ့်မယ်လို့ အိုဝင်က သုံးသပ်ထားပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ နှစ်သင်းလုံး ဂိုးသွင်းပြီး မန်စီးတီး အနိုင်။

ချာလီနစ်ကိုးလပ် (စကိုင်းစပေါ့)

မန်စီးတီးက လတ်တလောမှာ ခံစစ်ပြဿနာကြီး ကြုံတွေ့နေရပါတယ်။ အဓိက ခံစစ်မှူး နှစ်ဦး ဒဏ်ရာရနေတာကြောင့် ဖာနန်ဒင်ဟိုကို ဗဟိုခံစစ်နေရာ ဆင်းဆော့ခိုင်းရမယ့် အနေအထားပါ။ ဒါမှမဟုတ်ရင် အင်္ဂလန်အသင်းမှာလို နောက်တန်းသုံးယောက် ထားပြီး ဝေါ်ကာကို ထည့် ကစားပါလိမ့်မယ်။ အော်တာမန်ဒီ ထက်စာရင် ဝေါ်ကာနဲ့ ခံစစ်သုံးယောက်တန်းက ပို အဆင်ပြေမယ် ယူဆရပါတယ်။

ဝက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ အပတ်မှာ အာဆင်နယ်ရဲ့ ဦးဆောင်မှုကို တုန့်ပြန်နိုင်ခဲ့ပါတယ်။ ဝက်ဖို့ဒ်က သရေ ရလဒ်ထက်တောင် ပိုထိုက်တန်ခဲ့တာပါ။ ဒါပေမယ့် ဒီတပတ် မန်စီးတီးကို ယှဉ်ဖို့ကတော့ လွယ်ကူမှာ မဟုတ်ဘူး။ ခံစစ်အခက်အခဲတွေ ရှိနေတောင် မန်စီးတီးက သုံးမှတ်ကို အလျော့ခံမှာ မဟုတ်ပါဘူး လို့ ချာလီနစ်ကိုးလပ် က ဆိုထားပါတယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၁-၀ ဝက်ဖို့ဒ်

ရော်ဘီ ဆားဗေ့ချ်

မန်စီးတီးအသင်းဟာ နည်းပြသစ် ဆန်းချက်ဖလော်ရက် ရောက်ရှိ လာခဲ့ပြီး နောက်ပိုင်း စိတ်ဓာတ် ပြန်တက်ကြွနေတဲ့ ဝက်ဖို့ဒ် အသင်းကို အီးတီဟတ်မှာ လက်ခံကစား သွားရမှာ ဖြစ်ပြီး ဝက်ဖို့ဒ် ပြီးခဲ့တဲ့ မေလက အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်စီးတီးကို ၆-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့မှုကို ပြန်လည် တုန့်ပြန်ဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်လို့ လက်စတာ ကစားသမားဟောင်း ရော်ဘီဆားဗေ့ချ်က သုံးသပ်ထားပါတယ်။

ရော်ဘီ ဆားဗေ့ချ် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၀ ဝက်ဖို့ဒ်

လော်ရိုး

မန်စီးတီး ခံစစ်မှာ လာပေါ်တေး၊ စတုန်းတို့ ဒဏ်ရာရနေတာကြောင့် ဖာနန်ဒင်ဟိုနဲ့ လာပေါ်တေးပဲ ပွဲထွက်လာဖွယ် ရှိပါတယ်။ ဝက်ဖု့ိဒ်ကတော့ ပြီးခဲ့တဲ့တစ်ပတ်မှာ အာဆင်နယ်ကို တိုက်စစ်စွမ်းရည်ပြပြီး သရေတစ်မှတ် ယူထားတဲ့ အသင်းပါ။ ဒါပေမယ့် အီးတီဟတ်မှာ မန်စီးတီးကိုတော့ ဒါမျိုး လုပ်နိုင်ဖို့ ခက်ခဲပါတယ်။ မန်စီးတီးနိုင်ပွဲရမှာဖြစ်သလို ရလဒ်က ပြတ်သားနိုင်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၀ ဝက်ဖို့ဒ်

Myan News