အာဆင္နယ္နဲ႕ စေကာ့တလန္ တိုက္စစ္မွဴးေဟာင္း ခ်ာလီ နစ္ကိုးလပ္က အာဆယ္နယ္နည္းျပ အူနုိင္း အမ္မရီ အေနနဲ႕ ဒီတပတ္ အက္စတြန္ဗီလာနဲ႕ ပရီးမီးယားလိဂ္ပြဲ ပြဲထြက္ လူစာရင္းမွာ အသင္းေခါင္းေဆာင္ ဇာခါကို ခ်န္လွပ္သင့္ေၾကာင္း ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ အသက္ ၂၆ နွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ ဂန္းနားတို႔ရဲ႕ ပရီးမီးယားလိဂ္ အဖြင့္ပြဲ ၅ ပြဲလံုး ပြဲထြက္ စာရင္းကေန ပါ၀င္ကစားထားတာပါ။

အမ္မရီ အေနနဲ႕ တိုက္စစ္သမား ပီပီထံ က အရည္အေသြးေကာင္းေတြ ပိုမိုျမင္ေတြ႔ခ်င္ရင္ ဒီတပတ္ အမ္းမရိတ္မွာ ကစားမယ့္ ပြဲစဥ္မွာ ကြင္းလယ္ ကစားသမား ဇာခါကို ခ်န္လွပ္ဖို႔ ခ်ာလီက တိုက္တြန္းခဲ့ပါတယ္။ ဒီအခ်က္ကို စကိုင္းစေပါ့ သံုးသပ္ ခန္႔မွန္းခ်က္မွာ ထည့္သြင္း ေျပာဆိုခဲ့တာပါ။

” အာဆယ္နယ္ အေနနဲ႕ နစ္ကိုးလပ္စ္ ပီပီထံက ပိုရသင့္ေနျပီ ျဖစ္သလို ကစားသမားကလည္း ၾကံ႕ခိုင္မႈ ျပည့္၀ေနသင့္ပါျပီ။ ပီပီက သူ႔ရဲ႕ လွည့္ကြက္ေတြ ေနရာယူမႈေတြနဲ႕ အူဘာမီးယန္းမွာပါ။ အမ္မရီ အေနနဲ႕ ေရးစ္နယ္ဆန္ ဒါမွမဟုတ္ ၀ယ္ေလာ့တို႔ကိုလည္း ဆက္ သံုးသင့္ပါတယ္။ ခံစစ္ကေတာ့ ေဒးဗစ္လူး၀စ္နဲ႕ ဘယ္သူ တြဲကစားသင့္လည္း က်ေနာ္လည္း မေျပာတတ္ဘူး။ ”

” ခံစစ္တန္းရဲ႕ ေရွ႕မွာ ကြင္းလယ္ကစားသမား တစ္ေယာက္ ျဖစ္ျဖစ္ နွစ္ေယာက္ ျဖစ္ျဖစ္ ဘယ္လို ကစားကစား က်ေနာ္ကေတာ့ ဒီအခ်ိန္မွာ ဇာခါကို ခ်န္ထားသင့္ျပီ ထင္ပါတယ္။ အာဆင္နယ္ဟာ အိမ္ကြင္းမွာ ဂိုးေတြ မ်ားမ်ားသြင္းေတာ့ အိုေဇးလ္နဲ႕ ဆီးဘယ္ေလာ့ ကစားသင့္တယ္လို႔ ထင္ပါတယ္။ ” လို႕ ခ်ာလီက အာဆင္နယ္ လူစာရင္းကို သံုးသပ္သြားခဲ့ပါတယ္။

ဇာခါဟာ လန္ဒန္ျပိဳင္ဘက္ စပါးနဲ႕ ပြဲမွာ ပင္နယ္တီ ေပးခဲ့ရတဲ့ အမွားက်ဴးလြန္တာေၾကာင့္ ျပင္းထန္စြာ ေ၀ဖန္ခံခဲ့ရျပီး သူ႔ရဲ႕အေကာင္းဆံုး ေျခစြမ္း ျပသဖို႔လည္း ရုန္းကန္ေနရပါတယ္။ ၄င္းက ျပီးခဲ့တဲ့ အပတ္ ၀က္ဖို႔ဒ္ကို သေရက်တဲ့ပြဲနဲ႕ ၾကားရက္ ယူရိုပါလိဂ္ပြဲတို႔မွာ မိနစ္ ၉၀ ျပည့္ ပါ၀င္ကစားခြင့္ ရထားခဲ့တာပါ။

Myan News

UNICODE – အာဆင်နယ်နဲ့ စကော့တလန် တိုက်စစ်မှူးဟောင်း ချာလီ နစ်ကိုးလပ်က အာဆယ်နယ်နည်းပြ အူနိုင်း အမ်မရီ အနေနဲ့ ဒီတပတ် အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲ ပွဲထွက် လူစာရင်းမှာ အသင်းခေါင်းဆောင် ဇာခါကို ချန်လှပ်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဂန်းနားတို့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၅ ပွဲလုံး ပွဲထွက် စာရင်းကနေ ပါဝင်ကစားထားတာပါ။

အမ်မရီ အနေနဲ့ တိုက်စစ်သမား ပီပီထံ က အရည်အသွေးကောင်းတွေ ပိုမိုမြင်တွေ့ချင်ရင် ဒီတပတ် အမ်းမရိတ်မှာ ကစားမယ့် ပွဲစဉ်မှာ ကွင်းလယ် ကစားသမား ဇာခါကို ချန်လှပ်ဖို့ ချာလီက တိုက်တွန်းခဲ့ပါတယ်။ ဒီအချက်ကို စကိုင်းစပေါ့ သုံးသပ် ခန့်မှန်းချက်မှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

” အာဆယ်နယ် အနေနဲ့ နစ်ကိုးလပ်စ် ပီပီထံက ပိုရသင့်နေပြီ ဖြစ်သလို ကစားသမားကလည်း ကြံ့ခိုင်မှု ပြည့်ဝနေသင့်ပါပြီ။ ပီပီက သူ့ရဲ့ လှည့်ကွက်တွေ နေရာယူမှုတွေနဲ့ အူဘာမီးယန်းမှာပါ။ အမ်မရီ အနေနဲ့ ရေးစ်နယ်ဆန် ဒါမှမဟုတ် ဝယ်လော့တို့ကိုလည်း ဆက် သုံးသင့်ပါတယ်။ ခံစစ်ကတော့ ဒေးဗစ်လူးဝစ်နဲ့ ဘယ်သူ တွဲကစားသင့်လည်း ကျနော်လည်း မပြောတတ်ဘူး။ ”

” ခံစစ်တန်းရဲ့ ရှေ့မှာ ကွင်းလယ်ကစားသမား တစ်ယောက် ဖြစ်ဖြစ် နှစ်ယောက် ဖြစ်ဖြစ် ဘယ်လို ကစားကစား ကျနော်ကတော့ ဒီအချိန်မှာ ဇာခါကို ချန်ထားသင့်ပြီ ထင်ပါတယ်။ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဂိုးတွေ များများသွင်းတော့ အိုဇေးလ်နဲ့ ဆီးဘယ်လော့ ကစားသင့်တယ်လို့ ထင်ပါတယ်။ ” လို့ ချာလီက အာဆင်နယ် လူစာရင်းကို သုံးသပ်သွားခဲ့ပါတယ်။

ဇာခါဟာ လန်ဒန်ပြိုင်ဘက် စပါးနဲ့ ပွဲမှာ ပင်နယ်တီ ပေးခဲ့ရတဲ့ အမှားကျူးလွန်တာကြောင့် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရပြီး သူ့ရဲ့အကောင်းဆုံး ခြေစွမ်း ပြသဖို့လည်း ရုန်းကန်နေရပါတယ်။ ၎င်းက ပြီးခဲ့တဲ့ အပတ် ဝက်ဖို့ဒ်ကို သရေကျတဲ့ပွဲနဲ့ ကြားရက် ယူရိုပါလိဂ်ပွဲတို့မှာ မိနစ် ၉၀ ပြည့် ပါဝင်ကစားခွင့် ရထားခဲ့တာပါ။

Myan News