ခ်ိန္ဘာလိန္က ဆာလက္ ေဘာလံုးေပးျခင္း နည္းပါးမႈကို ျငင္းခံုေနၾကတာနဲ႔ ပက္သက္ျပီး အီဂ်စ္သား တိုက္စစ္သမားဟာ တကိုယ္ေကာင္းဆန္သူတစ္ဦး မဟုတ္ပါဘူးလို႔ ေျဖဆိုမႈ လုပ္လာခဲ့ပါတယ္။

လီဗာပူးတိုက္စစ္ဟာ ဘန္ေလနဲ႔ပြဲမ်ာ ထိေတြ႔မႈ အနည္းငယ္ရွိတဲ့ေနာက္ တိုက္စစ္သမားေတြၾကာ ေဘာလံုးေပးမႈ တြက္ခ်က္ျခင္းေတြ ထြက္ေပၚရာမွာ ဆာလက္ဟာ တြဲဘက္တိုက္စစ္သမားေတြေလာက္ အသင္းေဖာ္ခ်င္း ေဘာလံုးမေပးဘူးလို႔ မွတ္တမ္း ထြက္လာခဲ့တယ္။ ဒါေပမယ့္ ခ်ိန္ဘာလိန္ကေတာ့ ဆာလက္ အသင္းေဖာ္ေတြထံ ေဘာလံုးမေပးျခင္း အေၾကာင္းရင္းကို ရွင္းျပခဲ့ပါတယ္။

” ဆာလက္က တစ္ကိုယ္ေကာင္းဆန္ျပီး ေဘာလံုးမေပးတာ မဟုတ္ပါဘူး။ သူက တိုက္စစ္သမားတစ္ေယာက္ျဖစ္ျပီး ဂိုးသြင္းဖို႔ လိုတာေၾကာင့္ပါ။ သူက သူလုပ္ရမွာကို လုပ္တာပါပဲ။ တစ္ခ်ိန္လံုး က်ေနာ္တို႔ကို ေဘာလံုးေပးေနဖို႔ မေမွ်ာ္လင့္ထားပပါဘူး။ သူက ဂိုးေတြအမ်ားၾကီး သြင္းႏုိင္သူပါ။ သူကစားတဲ့ နည္းလမ္းက က်ေနာ္တို႔ကို ပြဲေတြမွာ အႏုိင္ရေစပါတယ္။

ဆာလက္က သူလုပ္ရမယ့္အလုပ္ကို သူလုပ္ေနတာပဲ ျဖစ္ပါတယ္။ သူ ဂိုးသြင္းတယ္၊ က်ေနာ္တုိ႔ ပြဲေတြ အႏုိင္ရတယ္။ က်ေနာ္ကေတာ့ ေက်နပ္ပါတယ္။ ဆာလက္ အေနနဲ႔ သူလုပ္လိုတာမ်ိဳး လုပ္ပါေစ ” လို႔ ေျဖဆိုခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ ဆာလက္ဟာ သြင္းဂိုး ေလးဂိုး သြင္းယူထားျပီးျဖစ္ပါတယ္။ ထိုနည္းတူ မာေနးကလည္း သြင္းဂိုး ၄ ဂိုးရထားျပီး ဂိုးေထာက္ပံ့မႈမွာေတာ့ ဆာလက္က တစ္ၾကိမ္ ပပိုမ်ားပါတယ္။ ဒီေတာ့ လီဗာပူးတိုက္စစ္သမားေတြ သြင္းဂိုး အမ်ားအျပား သြင္းယူျခင္းက ကလပ္အသင္းအတြက္ ရလဒ္ေကာင္းေတြ ရေစဖို႔ တြန္းအားျဖစ္ေစတယ္လုိ႔ ခ်ိန္ဘာလိန္က ယံုၾကည္ေနတာပဲ ျဖစ္ပါတယ္။

UNICODE

ချိန်ဘာလိန်က ဆာလက် ဘောလုံးပေးခြင်း နည်းပါးမှုကို ငြင်းခုံနေကြတာနဲ့ ပက်သက်ပြီး အီဂျစ်သား တိုက်စစ်သမားဟာ တကိုယ်ကောင်းဆန်သူတစ်ဦး မဟုတ်ပါဘူးလို့ ဖြေဆိုမှု လုပ်လာခဲ့ပါတယ်။

လီဗာပူးတိုက်စစ်ဟာ ဘန်လေနဲ့ပွဲမျာ ထိတွေ့မှု အနည်းငယ်ရှိတဲ့နောက် တိုက်စစ်သမားတွေကြာ ဘောလုံးပေးမှု တွက်ချက်ခြင်းတွေ ထွက်ပေါ်ရာမှာ ဆာလက်ဟာ တွဲဘက်တိုက်စစ်သမားတွေလောက် အသင်းဖော်ချင်း ဘောလုံးမပေးဘူးလို့ မှတ်တမ်း ထွက်လာခဲ့တယ်။ ဒါပေမယ့် ချိန်ဘာလိန်ကတော့ ဆာလက် အသင်းဖော်တွေထံ ဘောလုံးမပေးခြင်း အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။

” ဆာလက်က တစ်ကိုယ်ကောင်းဆန်ပြီး ဘောလုံးမပေးတာ မဟုတ်ပါဘူး။ သူက တိုက်စစ်သမားတစ်ယောက်ဖြစ်ပြီး ဂိုးသွင်းဖို့ လိုတာကြောင့်ပါ။ သူက သူလုပ်ရမှာကို လုပ်တာပါပဲ။ တစ်ချိန်လုံး ကျနော်တို့ကို ဘောလုံးပေးနေဖို့ မမျှော်လင့်ထားပပါဘူး။ သူက ဂိုးတွေအများကြီး သွင်းနိုင်သူပါ။ သူကစားတဲ့ နည်းလမ်းက ကျနော်တို့ကို ပွဲတွေမှာ အနိုင်ရစေပါတယ်။

ဆာလက်က သူလုပ်ရမယ့်အလုပ်ကို သူလုပ်နေတာပဲ ဖြစ်ပါတယ်။ သူ ဂိုးသွင်းတယ်၊ ကျနော်တို့ ပွဲတွေ အနိုင်ရတယ်။ ကျနော်ကတော့ ကျေနပ်ပါတယ်။ ဆာလက် အနေနဲ့ သူလုပ်လိုတာမျိုး လုပ်ပါစေ ” လို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ဆာလက်ဟာ သွင်းဂိုး လေးဂိုး သွင်းယူထားပြီးဖြစ်ပါတယ်။ ထိုနည်းတူ မာနေးကလည်း သွင်းဂိုး ၄ ဂိုးရထားပြီး ဂိုးထောက်ပံ့မှုမှာတော့ ဆာလက်က တစ်ကြိမ် ပပိုများပါတယ်။ ဒီတော့ လီဗာပူးတိုက်စစ်သမားတွေ သွင်းဂိုး အများအပြား သွင်းယူခြင်းက ကလပ်အသင်းအတွက် ရလဒ်ကောင်းတွေ ရစေဖို့ တွန်းအားဖြစ်စေတယ်လို့ ချိန်ဘာလိန်က ယုံကြည်နေတာပဲ ဖြစ်ပါတယ်။