မန္ခ်က္စတာယူႏုိက္တက္ဟာ ဒီအပပတ္ တနဂၤေႏြေန႔မွာေတာ့ ဒီရာသီ ပထမဆံုးေသာ အေဝးကြင္းႏုိင္ပြဲရဖို႔ ဦးတည္ျပီး ဝက္ဟမ္းအသင္းရဲ႕ အိမ္ကြင္းထံ သြားေရာက္ကာ ယွဥ္ျပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။

ဒီပြဲမွာ အဓိက ကစားသမားေတြျဖစ္တဲ့ ေပါ့ဘာ၊ မာရွယ္၊ လုေရွာတို႔ ပါဝင္ကစားႏုိင္မလားနဲ႔ ယူရိုပါလိဂ္ပြဲမတိုင္ခင္ ဒဏ္ရာရသြားခဲ့တဲ့ ဒန္နီရယ္ဂ်ိမ္းရဲ႕ အေနအထားအေပၚ မန္ေနဂ်ာ ဆိုးရွားက ထုတ္ေျပာခဲ့တယ္။ သူ႔ရဲ႕ ေျပာဆိုမႈက ကလပ္အသင္းအတြက္ သတင္းေကာင္း မဟုတ္ခဲ့တာကေတာ့ ေသခ်ာလွပါတယ္။

သတင္းသမားေတြက အနားယူေနတာ သီတင္းပတ္ အနည္းငယ္ရွိေနျပီျဖစ္တဲ့ မာရွယ္၊ လုေရွာတို႔ရဲ႕ အေျခအေနအျပင္ ဒဏ္ရာျပသနာ ရင္ဆိုင္ေနရတဲ့ ေပါ့ဘာတို႔ရဲ႕ အေနအထားကို တိုက္ရိုက္ ေမးခြန္းထုတ္ခဲ့တာပါ။ လက္စတာနဲ႔ပြဲမွာ ဒဏ္ရာရခဲ့ျခင္းေၾကာင့္ ယူရိုပါလိဂ္ပြဲ မတိုင္ခင္ အသင္းေလ့က်င့္ေရးမွာ ပါဝင္ေတာ့ျခင္းမရွိတဲ့ ဂ်ိမ္းရဲ႕ ဒဏ္ရာကိုလည္း သတင္းေမးခဲ့ပါတယ္။

ဆိုးရွားက ” ေပါ့ဘာနဲ႔ မာရွယ္ ျပန္ကစားႏုိင္မလားဆိုတာ တကယ္ကို မသိပါဘူး။ သူတို႔က ေလ့က်င့္ေရးမွာ မပါႏုိင္ခဲ့ေတာ့ ျပန္ကစားႏုိင္မယ္လို႔ မထင္ပါဘူး။ လုေရွာကေတာ့ အဆင္သင့္ မျဖစ္ေသးပါဘူး။ ဒန္နီရယ္ဂ်ိမ္းရဲ႕ အေနအထားကိုလည္း မသိေသးပါဘူး။ သူလည္း ေလ့က်င့္ေရး မဆင္းႏုိင္တာ ရက္အနည္းငယ္ ရွိေနပါျပီ။ သူပါဝင္ေပးဖို႔ ေမွ်ာ္လင့္ေပမယ့္ မေသသခ်ာပါဘူး။ စေနေန႔မွာ ကစားသမားအားလံုး ျပန္သက္သာမႈ အေနအထားကို ေစာင့္ၾကည့္ရပါမယ္ ” လို႔ ေျဖဆိုေပးခဲ့တယ္။

ဒီအပတ္ မန္ယူအသင္းရဲ႕ အေဝးကြင္းပြဲမွာေတာ့ ကြင္းလယ္လူ ဖရတ္နဲ႔ လူငယ္တုိက္စစ္သမား ဂရင္းဝုဒ္တုိ႔ ပါဝင္ကစားဖို႔ ေမွ်ာ္လင့္ခံရမႈေတြလည္း ရွိေနတယ္။ ဒါ့အျပင္ ဘယ္ေတာင္ပံအတြက္ ဝါရင့္ကစားသမား ယန္းနဲ႔ ခံစစ္သမား ရိုဂ်ိဳတို႔ အျပိဳင္ျဖစ္ေနၾကျခင္းကလည္း ေစာင့္ၾကည့္ခ်င္စရာ ျဖစ္လာေနခဲ့ပါတယ္။

UNICODE

မန်ချက်စတာယူနိုက်တက်ဟာ ဒီအပပတ် တနင်္ဂနွေနေ့မှာတော့ ဒီရာသီ ပထမဆုံးသော အဝေးကွင်းနိုင်ပွဲရဖို့ ဦးတည်ပြီး ဝက်ဟမ်းအသင်းရဲ့ အိမ်ကွင်းထံ သွားရောက်ကာ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ မာရှယ်၊ လုရှောတို့ ပါဝင်ကစားနိုင်မလားနဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် ဒဏ်ရာရသွားခဲ့တဲ့ ဒန်နီရယ်ဂျိမ်းရဲ့ အနေအထားအပေါ် မန်နေဂျာ ဆိုးရှားက ထုတ်ပြောခဲ့တယ်။ သူ့ရဲ့ ပြောဆိုမှုက ကလပ်အသင်းအတွက် သတင်းကောင်း မဟုတ်ခဲ့တာကတော့ သေချာလှပါတယ်။

သတင်းသမားတွေက အနားယူနေတာ သီတင်းပတ် အနည်းငယ်ရှိနေပြီဖြစ်တဲ့ မာရှယ်၊ လုရှောတို့ရဲ့ အခြေအနေအပြင် ဒဏ်ရာပြသနာ ရင်ဆိုင်နေရတဲ့ ပေါ့ဘာတို့ရဲ့ အနေအထားကို တိုက်ရိုက် မေးခွန်းထုတ်ခဲ့တာပါ။ လက်စတာနဲ့ပွဲမှာ ဒဏ်ရာရခဲ့ခြင်းကြောင့် ယူရိုပါလိဂ်ပွဲ မတိုင်ခင် အသင်းလေ့ကျင့်ရေးမှာ ပါဝင်တော့ခြင်းမရှိတဲ့ ဂျိမ်းရဲ့ ဒဏ်ရာကိုလည်း သတင်းမေးခဲ့ပါတယ်။

ဆိုးရှားက ” ပေါ့ဘာနဲ့ မာရှယ် ပြန်ကစားနိုင်မလားဆိုတာ တကယ်ကို မသိပါဘူး။ သူတို့က လေ့ကျင့်ရေးမှာ မပါနိုင်ခဲ့တော့ ပြန်ကစားနိုင်မယ်လို့ မထင်ပါဘူး။ လုရှောကတော့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒန်နီရယ်ဂျိမ်းရဲ့ အနေအထားကိုလည်း မသိသေးပါဘူး။ သူလည်း လေ့ကျင့်ရေး မဆင်းနိုင်တာ ရက်အနည်းငယ် ရှိနေပါပြီ။ သူပါဝင်ပေးဖို့ မျှော်လင့်ပေမယ့် မသေသချာပါဘူး။ စနေနေ့မှာ ကစားသမားအားလုံး ပြန်သက်သာမှု အနေအထားကို စောင့်ကြည့်ရပါမယ် ” လို့ ဖြေဆိုပေးခဲ့တယ်။

ဒီအပတ် မန်ယူအသင်းရဲ့ အဝေးကွင်းပွဲမှာတော့ ကွင်းလယ်လူ ဖရတ်နဲ့ လူငယ်တိုက်စစ်သမား ဂရင်းဝုဒ်တို့ ပါဝင်ကစားဖို့ မျှော်လင့်ခံရမှုတွေလည်း ရှိနေတယ်။ ဒါ့အပြင် ဘယ်တောင်ပံအတွက် ဝါရင့်ကစားသမား ယန်းနဲ့ ခံစစ်သမား ရိုဂျိုတို့ အပြိုင်ဖြစ်နေကြခြင်းကလည်း စောင့်ကြည့်ချင်စရာ ဖြစ်လာနေခဲ့ပါတယ်။