မန္စီးတီးနည္းျပ ပက္ဂြာဒီယိုလာက လီဗာပူးအသင္းက ၄င္း မန္ေနဂ်ာဘ၀ ရင္ဆိုင္ခဲ့ဖူးတဲ့ ျပိဳင္ဘက္အသင္းေတြထဲ အေတာင့္တင္းဆံုး အသင္းျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

စီးတီး ကြင္းလယ္ကစားသမား ေဒးဗစ္ ေဆးလ္ဗားက လာမယ့္ေႏြးမွာ အင္တာမီယာမီအသင္းထံ ေျပာင္းေရႊ႕ေတာ့မယ္ ဆိုတဲ့ သတင္းမ်ားကို ျငင္းဆန္လိုက္ျပီး ေလာေလာဆယ္မွာ မီယာမီအသင္းက သူ ဦးစားေပး စဥ္းစားတဲ့ အသင္းေတြထဲ ပါ၀င္ေနရံုသာ ရွိတယ္လို႔ တုန္႔ျပန္ သြားပါတယ္။

မန္စီးတီး နည္းျပ ဂြာဒီယိုလာက ယခုထိ အားကိုးရဆဲ ျဖစ္တဲ့ အသက္ ၃၄ နွစ္ အရြယ္ ကြင္းလယ္ကစားသမား ဖာနန္ဒင္ဟိုကို အသင္းမွာ ဆက္ရွိေနေစခ်င္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

လီ​ဗာပူးအသင္းသာ ဒီတပတ္ စတန္​းဖို႔ဘရစ္​ခ်္​မွာ ခ်ယ္ဆီ​းကို အႏိုင္ရခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္ ခ်န္ပီယံ ဆုအတြက္ မန္စီးတီး လီဗာပူး နွစ္သင္း ထိပ္တိုက္ေတြ႔မယ့္ ပြဲစဥ္ နွစ္ပြဲကသာ အဆံုးအျဖတ္ျဖစ္သြားမယ္​လို႔ ေပါမာဆန္က သံုးသပ္လိုက္ပါတယ္။

မန္စီးတီးနည္းျပ ဂြာဒီယိုလာက အယ္လ္ဂ်ီးရီးယား တိုက္စစ္သမား မာရက္ဇ္ရဲ႕ ထရိန္နင္မွာ အားထုတ္မႈနဲ႕ သေဘာထားကုိ ခ်ီးက်ဴးစကား ဆိုလိုက္ျပီး မာရက္ဇ္အေနနဲ႕ ပြဲ မကစားရခ်ိန္မွာလည္း စိတ္သက္ေတာင့္သက္သာနဲ႕ အခြင့္အေရးကို ေစာင့္ေနဖို႔ တိုက္တြန္းလိုက္ပါတယ္။

ဂြာဒီယိုလာက သူသာ အသင္းက ထြက္ခြာျဖစ္ရင္ လက္ေထာက္နည္းျပ ျဖစ္သူ အာတီတာက မန္စီးတီး နည္းျပသစ္ အျဖစ္ ေကာင္းစြာ တာ၀န္ယူနိုင္သူ ျဖစ္ျပီး အီတီဟက္မွာ ေအာင္ျမင္မႈေတြ မ်ားစြာ ယူေဆာင္ေပးနိုင္သူ ျဖစ္တယ္လို႔ ေထာက္ခံခ်က္ ေပးလိုက္ပါတယ္။

Myan News

UNICODE – မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက လီဗာပူးအသင်းက ၎င်း မန်နေဂျာဘ၀ ရင်ဆိုင်ခဲ့ဖူးတဲ့ ပြိုင်ဘက်အသင်းတွေထဲ အတောင့်တင်းဆုံး အသင်းဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

စီးတီး ကွင်းလယ်ကစားသမား ဒေးဗစ် ဆေးလ်ဗားက လာမယ့်နွေးမှာ အင်တာမီယာမီအသင်းထံ ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်းများကို ငြင်းဆန်လိုက်ပြီး လောလောဆယ်မှာ မီယာမီအသင်းက သူ ဦးစားပေး စဉ်းစားတဲ့ အသင်းတွေထဲ ပါဝင်နေရုံသာ ရှိတယ်လို့ တုန့်ပြန် သွားပါတယ်။

မန်စီးတီး နည်းပြ ဂွာဒီယိုလာက ယခုထိ အားကိုးရဆဲ ဖြစ်တဲ့ အသက် ၃၄ နှစ် အရွယ် ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုကို အသင်းမှာ ဆက်ရှိနေစေချင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းသာ ဒီတပတ် စတန်းဖို့ဘရစ်ချ်မှာ ချယ်ဆီးကို အနိုင်ရခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် မန်စီးတီး လီဗာပူး နှစ်သင်း ထိပ်တိုက်တွေ့မယ့် ပွဲစဉ် နှစ်ပွဲကသာ အဆုံးအဖြတ်ဖြစ်သွားမယ်လို့ ပေါမာဆန်က သုံးသပ်လိုက်ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက အယ်လ်ဂျီးရီးယား တိုက်စစ်သမား မာရက်ဇ်ရဲ့ ထရိန်နင်မှာ အားထုတ်မှုနဲ့ သဘောထားကို ချီးကျူးစကား ဆိုလိုက်ပြီး မာရက်ဇ်အနေနဲ့ ပွဲ မကစားရချိန်မှာလည်း စိတ်သက်တောင့်သက်သာနဲ့ အခွင့်အရေးကို စောင့်နေဖို့ တိုက်တွန်းလိုက်ပါတယ်။

ဂွာဒီယိုလာက သူသာ အသင်းက ထွက်ခွာဖြစ်ရင် လက်ထောက်နည်းပြ ဖြစ်သူ အာတီတာက မန်စီးတီး နည်းပြသစ် အဖြစ် ကောင်းစွာ တာဝန်ယူနိုင်သူ ဖြစ်ပြီး အီတီဟက်မှာ အောင်မြင်မှုတွေ များစွာ ယူဆောင်ပေးနိုင်သူ ဖြစ်တယ်လို့ ထောက်ခံချက် ပေးလိုက်ပါတယ်။

Myan News