ဒီကေန႔ ေဆာက္သမ္တန္ကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ ယူ-၂၃ အဆင့္ ပြဲစဥ္မွာေတာ့ ခ်ယ္ဆီးအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ အိုဒိြဳင္းနဲ႔ ရိစ္ဂ်ိမ္းတို႔ လိုက္ပါသြားခဲ့ျပီး ပါဝင္ကစားမယ္လို႔ မန္ေနဂ်ာလမ္းပတ္ရဲ႕ အတည္ျပဳမႈအရ သိရပါတယ္။

မန္ေနဂ်ာလမ္းပတ္ကလည္း အဆိုပါ သတင္းကို အတည္ျပဳခဲ့ျပီး ဒီကေန႔ပြဲဟာ ၾကယ္ပြင့္ႏွစ္ဦးကို လူငယ္အဆင့္ ပြဲေတြမွာ ေနာက္ဆံုး အသံုးျပဳမႈလည္း ျဖစ္လာႏုိင္တယ္။ ခ်ယ္ဆီးဟာ ၾကားရက္မွာေတာ့ ကာရာေဘာင္ပြဲ ကစားဖို႔ ရွိေနျပီး ဒီလူငယ္ေလးေတြဟာ မနက္ျဖန္ လီဗာပူးနဲ႔ပြဲမွာ မပါႏုိင္ေပမယ့္ လိဂ္ဖလားပြဲမွာ ပြဲထြက္လူစာရင္းကေန ျပန္ပါလာႏုိင္တာ ျဖစ္ပါတယ္။

အိုဒိြဳင္းဟာ ဒီအပတ္ထဲမွာပဲ ခ်ယ္ဆီးနဲ႔ ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ျပီး ဘိုင္ယန္ျမဴနစ္နဲ႔ သတင္းထြက္ေနမႈကို အဆံုးသတ္ခဲ့ျပီျဖစ္တယ္။ လူငယ္အဆင့္ေတြမွာ ပြဲထြက္ကစားမႈေတြနဲ႔ ၾကံ႕ခိုင္မႈ တည္ေဆာက္ေနတဲ့ အိုဒိြဳင္း စီနီယာပြဲေတြ ျပန္ကစားႏုိင္ရင္ေတာ့ တိုက္စစ္ပိုင္းမွာ ဝီလီယမ္၊ ပတ္ဒရို၊ ပူလာဆစ္ တို႔နဲ႔ ေနရာလုရမွာျဖစ္ျပီး ရိစ္ဂ်ိမ္းကေတာ့ အသင္းေခါင္းေဆာင္ ကီြတာနဲ႔ ညာအစြန္ေနရာကို ယွဥ္ျပိဳင္ရမွာပဲျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ လူငယ္ေလးေတြအျပင္ ကန္တီလို စီနီယာအဆင့္ ကစားသမားေတြကိုလည္း ျပန္ရလာတဲ့ေနာက္ လူစံုလာေနခဲ့ျပီျဖစ္ပါတယ္။ ရာသီစကတည္းက ျပသလာတဲ့ တိုက္စစ္အသားေပး နည္းစနစ္မွာ ဒီကစားသမားေတြ ျပန္ပါလာရင္ေတာ့ စိတ္လႈပ္ရွားဖြယ္ ျဖစ္လာေတာ့မွာပါ။

ခ်ယ္ဆီးအသင္းမွာ ကြင္းလယ္လူ ေလာ့တပ္ခ်ိစ္ ဒဏ္ရာကေန ျပန္သက္သာလာျခင္း မရွိေသးေပမယ့္ ေအာက္တိုဘာလ ႏုိင္ငံတကာသီတင္းပတ္အကုန္မွာ ခ်ယ္ဆီးအသင္းဟာ လူစံုနည္းပါးကို ျပန္လည္ အသံုးျပဳႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

UNICODE

ဒီကနေ့ ဆောက်သမ်တန်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ယူ-၂၃ အဆင့် ပွဲစဉ်မှာတော့ ချယ်ဆီးအသင်းရဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ အိုဒွိုင်းနဲ့ ရိစ်ဂျိမ်းတို့ လိုက်ပါသွားခဲ့ပြီး ပါဝင်ကစားမယ်လို့ မန်နေဂျာလမ်းပတ်ရဲ့ အတည်ပြုမှုအရ သိရပါတယ်။

မန်နေဂျာလမ်းပတ်ကလည်း အဆိုပါ သတင်းကို အတည်ပြုခဲ့ပြီး ဒီကနေ့ပွဲဟာ ကြယ်ပွင့်နှစ်ဦးကို လူငယ်အဆင့် ပွဲတွေမှာ နောက်ဆုံး အသုံးပြုမှုလည်း ဖြစ်လာနိုင်တယ်။ ချယ်ဆီးဟာ ကြားရက်မှာတော့ ကာရာဘောင်ပွဲ ကစားဖို့ ရှိနေပြီး ဒီလူငယ်လေးတွေဟာ မနက်ဖြန် လီဗာပူးနဲ့ပွဲမှာ မပါနိုင်ပေမယ့် လိဂ်ဖလားပွဲမှာ ပွဲထွက်လူစာရင်းကနေ ပြန်ပါလာနိုင်တာ ဖြစ်ပါတယ်။

အိုဒွိုင်းဟာ ဒီအပတ်ထဲမှာပဲ ချယ်ဆီးနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူနစ်နဲ့ သတင်းထွက်နေမှုကို အဆုံးသတ်ခဲ့ပြီဖြစ်တယ်။ လူငယ်အဆင့်တွေမှာ ပွဲထွက်ကစားမှုတွေနဲ့ ကြံ့ခိုင်မှု တည်ဆောက်နေတဲ့ အိုဒွိုင်း စီနီယာပွဲတွေ ပြန်ကစားနိုင်ရင်တော့ တိုက်စစ်ပိုင်းမှာ ဝီလီယမ်၊ ပတ်ဒရို၊ ပူလာဆစ် တို့နဲ့ နေရာလုရမှာဖြစ်ပြီး ရိစ်ဂျိမ်းကတော့ အသင်းခေါင်းဆောင် ကွီတာနဲ့ ညာအစွန်နေရာကို ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

ချယ်ဆီးဟာ လူငယ်လေးတွေအပြင် ကန်တီလို စီနီယာအဆင့် ကစားသမားတွေကိုလည်း ပြန်ရလာတဲ့နောက် လူစုံလာနေခဲ့ပြီဖြစ်ပါတယ်။ ရာသီစကတည်းက ပြသလာတဲ့ တိုက်စစ်အသားပေး နည်းစနစ်မှာ ဒီကစားသမားတွေ ပြန်ပါလာရင်တော့ စိတ်လှုပ်ရှားဖွယ် ဖြစ်လာတော့မှာပါ။

ချယ်ဆီးအသင်းမှာ ကွင်းလယ်လူ လော့တပ်ချိစ် ဒဏ်ရာကနေ ပြန်သက်သာလာခြင်း မရှိသေးပေမယ့် အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ်အကုန်မှာ ချယ်ဆီးအသင်းဟာ လူစုံနည်းပါးကို ပြန်လည် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။