လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကေတာ့ ခ်ယ္ဆီးအသင္း ကြင္းလယ္ကစားသမားျဖစ္တဲ့ ေမဆန္ေမာင့္ဟာ စိတ္လႈပ္ရွားစရာ ကစားသမားမ်ိဳးျဖစ္ျပီး ကလပ္အသင္းကို ဒုကၡေပးႏုိင္တဲ့သူလို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ဗလန္စီယာကို အေရးနိမ့့္တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ေမာင့္ဟာ ဒဏ္ရာရခဲ့ေပမယ့္ လီဗာပူးနဲ႔ပြဲမွာ သူပါဝင္ကစားႏုိင္မယ့္ အေျခအေနမွာ ရွိေနေသးေၾကာင္း မန္ေနဂ်ာလမ္းပတ္က ထုတ္ေျပာပါတယ္။ ဒါေပမယ့္လို႔ ကစားသမားရဲ႕ ၾကံ႕ခိုင္မႈ တိုးတက္ေနျခင္းကို ေနာက္ဆံုး အခ်ိန္ထိ ေစာင့္ၾကည့္မွာျဖစ္ျပီး ဟန္ဒါဆန္ကေတာ့ ေမာင့္နဲ႔ ခ်ယ္ဆီးအသင္းကို အထင္ၾကီးတဲ့ မွတ္ခ်က္ေတြ ေပးခဲ့တာပါ။

လီဗာပပူးအသင္းေခါင္းေဆာင္က “ ဖရန္႔က အရမ္းေကာင္းေကာင္း လုပ္ထားႏုိင္ပါတယ္။ သူတို႔ ကစားတဲ့နည္းလမ္းက အရမ္းေကာင္းသလို လူငယ္ေတြကလည္း အနာဂတ္မွာ ေတာက္ပလာျပီး ထိပ္တန္းကစားသမားေတြ ျဖစ္လာႏုိင္သူေတြျဖစ္ပါတယ္။ အဂၤလန္အသင္းအတြက္ ေလ့က်င့္ေရးမွာ ခ်ယ္ဆီးအသင္းမွ ေမဆန္ေမာင့္လို ကစားသမားကို ျမင္ခဲ့ရတယ္။ သူက ေဘာလံုးကစားဖို႔ စိတ္ဓါတ္ေကာင္းရွိသလို နည္းစနစ္ပိုင္းလည္း အရမ္းေကာင္းပါတယ္။

သူက ကစားသမားေကာင္းျဖစ္လာဖို႔ ဆာေလာင္မႈရွိသလို ေအဘရာဟမ္နည္းတူ ရာသီကိုလည္း အေကာင္းဆံုး စတင္ထားႏုိင္သူ ျဖစ္ပါတယ္။ ရွက္ဖီးနဲ႔ ဗလန္စီယာပြဲေတြမွာ ရလဒ္ေကာင္းေတြ မရေပမယ့္လို႔ သူတို႔ ကစားတဲ့ နည္းလမ္းအရ တိုးတက္မႈေတြ အမ်ားၾကီး ျမင္ရမယ္ဆိုတာ ေသခ်ာပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးအသင္းဟာ ဒဏ္ရာရ ကစားးသမားေတြ အမ်ားအျပား ရွိေနေပမယ့္ လီဗာပူးပြဲအမွီ ျပန္ေကာင္းလာၾကျပီျဖစ္တယ္။ အိုဒိြဳင္း၊ ရိစ္ဂ်ိမ္း၊ ကန္တီနဲ႔ ေမာင့္တို႔ဟာ တနဂၤေႏြေန႔ပြဲမွာ ပါဝင္ဖို႔ ေစာင့္ၾကည့္ခံေနရဆဲျဖစ္ျပီး လီဗာပူးအသင္းမွာလည္း ကြင္းလယ္လူ ကီတာ ျပန္ကစားႏုိင္ေနျပီျဖစ္ပါတယ္။

UNICODE

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ ချယ်ဆီးအသင်း ကွင်းလယ်ကစားသမားဖြစ်တဲ့ မေဆန်မောင့်ဟာ စိတ်လှုပ်ရှားစရာ ကစားသမားမျိုးဖြစ်ပြီး ကလပ်အသင်းကို ဒုက္ခပေးနိုင်တဲ့သူလို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဗလန်စီယာကို အရေးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲမှာ မောင့်ဟာ ဒဏ်ရာရခဲ့ပေမယ့် လီဗာပူးနဲ့ပွဲမှာ သူပါဝင်ကစားနိုင်မယ့် အခြေအနေမှာ ရှိနေသေးကြောင်း မန်နေဂျာလမ်းပတ်က ထုတ်ပြောပါတယ်။ ဒါပေမယ့်လို့ ကစားသမားရဲ့ ကြံ့ခိုင်မှု တိုးတက်နေခြင်းကို နောက်ဆုံး အချိန်ထိ စောင့်ကြည့်မှာဖြစ်ပြီး ဟန်ဒါဆန်ကတော့ မောင့်နဲ့ ချယ်ဆီးအသင်းကို အထင်ကြီးတဲ့ မှတ်ချက်တွေ ပေးခဲ့တာပါ။

လီဗာပပူးအသင်းခေါင်းဆောင်က “ ဖရန့်က အရမ်းကောင်းကောင်း လုပ်ထားနိုင်ပါတယ်။ သူတို့ ကစားတဲ့နည်းလမ်းက အရမ်းကောင်းသလို လူငယ်တွေကလည်း အနာဂတ်မှာ တောက်ပလာပြီး ထိပ်တန်းကစားသမားတွေ ဖြစ်လာနိုင်သူတွေဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက် လေ့ကျင့်ရေးမှာ ချယ်ဆီးအသင်းမှ မေဆန်မောင့်လို ကစားသမားကို မြင်ခဲ့ရတယ်။ သူက ဘောလုံးကစားဖို့ စိတ်ဓါတ်ကောင်းရှိသလို နည်းစနစ်ပိုင်းလည်း အရမ်းကောင်းပါတယ်။

သူက ကစားသမားကောင်းဖြစ်လာဖို့ ဆာလောင်မှုရှိသလို အေဘရာဟမ်နည်းတူ ရာသီကိုလည်း အကောင်းဆုံး စတင်ထားနိုင်သူ ဖြစ်ပါတယ်။ ရှက်ဖီးနဲ့ ဗလန်စီယာပွဲတွေမှာ ရလဒ်ကောင်းတွေ မရပေမယ့်လို့ သူတို့ ကစားတဲ့ နည်းလမ်းအရ တိုးတက်မှုတွေ အများကြီး မြင်ရမယ်ဆိုတာ သေချာပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ချယ်ဆီးအသင်းဟာ ဒဏ်ရာရ ကစားးသမားတွေ အများအပြား ရှိနေပေမယ့် လီဗာပူးပွဲအမှီ ပြန်ကောင်းလာကြပြီဖြစ်တယ်။ အိုဒွိုင်း၊ ရိစ်ဂျိမ်း၊ ကန်တီနဲ့ မောင့်တို့ဟာ တနင်္ဂနွေနေ့ပွဲမှာ ပါဝင်ဖို့ စောင့်ကြည့်ခံနေရဆဲဖြစ်ပြီး လီဗာပူးအသင်းမှာလည်း ကွင်းလယ်လူ ကီတာ ပြန်ကစားနိုင်နေပြီဖြစ်ပါတယ်။