လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ယခင္ ကိုင္တြယ္ခဲ့တဲ့ ေဒါ့မြန္အသင္းလို လူငယ္ေတြ အင္အားနဲ႕ စိတ္လႈပ္ရွားစရာ အသင္းေကာင္း တစ္သင္း ျဖစ္ေနျပီလို႔ ယာဂင္ကေလာ့ပ္က ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။

စတန္းဖို႔ဘရစ္ခ်္ကို ေရာက္ေရာက္ခ်င္း ဦးစားေပး အလုပ္က အိုဒြိဳင္းကို ခ်ယ္ဆီးအသင္းမွာ ဆက္ရွိေနေအာင္ ထိန္းထားဖို႔ ျဖစ္ျပီး ဒါကို လုပ္ေဆာင္နုိင္ခဲ့ျပီလို႔ လမ္းပတ္က ဖြင့္ခဲ့ပါတယ္။ အိုဒြိဳင္းဟာ အၾကိမ္ၾကိမ္ ညွိနိႈင္းမႈမ်ား အျပီးမွာေတာ့ ခ်ယ္ဆီးနဲ႕ ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျပီ ျဖစ္ပါတယ္။

လမ္းပတ္ဟာ အသင္းထံ စေရာက္တာနဲ႕ အိုဒြိဳင္းဆီ ဖုန္းဆက္ျပီး ၄င္းရဲ႕ ပါရမီနဲ႕ အရည္အခ်င္းကို ယံုၾကည္မႈ အျပည့္ရွိေၾကာင္း၊ အသင္းအနာဂတ္ အစီအစဥ္ေတြထဲ ထည့္သြင္းထားျပီး အခြင့္အေရးလည္း အျပည့္ေပးမွာ ျဖစ္ေၾကာင္း ေျပာဆိုစည္းရံုးခဲ့ရတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ကြင္းလယ္တိုက္စစ္သမား ေမဆန္ေမာင့္ဟာ ဗလန္စီယာနဲ႕ပြဲမွာ ေျခက်င္း၀တ္ ဒဏ္ရာ ရခဲ့ေပမယ့္ ျပင္းထန္ျခင္း မရွိဘဲ ဒီတပတ္ လီဗာပူးနဲ႕ ပြဲမွာပါ ပါ၀င္နုိင္ေျခ ရွိေၾကာင္း လမ္းပတ္က ပြဲၾကိဳမွာ အတည္ျပဳခဲ့ပါတယ္။

ဒီေန႔ ေဆာက္သမ္တန္ကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ ပရီးမီးယားလိဂ္ ၂ ပြဲစဥ္အတြက္ ခ်ယ္ဆီးအသင္း U23 အသင္းနဲ႕ အတူ လူငယ္ၾကယ္ပြင့္ေတြ ျဖစ္တဲ့ အိုဒိြဳင္းနဲ႔ ရိစ္ဂ်ိမ္းတို႔ လိုက္ပါသြားခဲ့ျပီး ပါဝင္ကစားမယ္လို႔ မန္ေနဂ်ာလမ္းပတ္က အတည္ျပဳခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းမွာ ကြင္းလယ္လူ ေလာ့တပ္ခ်ိစ္ ဒဏ္ရာကေန ျပန္သက္သာလာျခင္း မရွိေသးေပမယ့္ ကန္တီ၊ အီမာဆန္တို႔လို စီနီယာအဆင့္ ကစားသမားေတြကိုလည္း ျပန္ရလာတဲ့ေနာက္ ေအာက္တိုဘာလ ႏုိင္ငံတကာ သီတင္းပတ္အကုန္မွာ ခ်ယ္ဆီးအသင္းဟာ လူစံုနည္းပါးကို ျပန္လည္ အသံုးျပဳႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးလူငယ္ ကစားသမားေတြ ျဖစ္တဲ့ ေအဗရာဟမ္နဲ႕ ေမဆန္ေမာင့္ရဲ႕ ေျခစြမ္းေတြက အားရစရာ ျဖစ္ျပီး နွစ္ေယာက္လံုးဟာ သန္း ၆၀ တန္ ကစားသမားေတြ ျဖစ္ေနၾကျပီလို႔ ဒီတပတ္ ခ်ယ္ဆီးနဲ႕ ပြဲမတိုင္ခင္မွာ ယာဂင္ကေလာ့ပ္က ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

မန္ယူခံစစ္မဴွးေဟာင္း ဂယ္ရီနဗီးလ္ကေတာ့ ပရီးမီးယားလိဂ္ အမွတ္ေပးခ်န္ပီယံလုပြဲ ပိုမို အသက္၀င္ေစဖို႔ ဒီတနဂၤေႏြမွာ ခ်ယ္ဆီးက လီဗာပူးကို အနိုင္ယူနုိင္ဖို႔ ေမွ်ာ္လင့္ အားေပးေနပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္က ကလပ္အသင္း တိုက္စစ္သမားေဟာင္း ဆာလက္ဟာ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ေခတ္ဦးအျဖစ္ လန္ဒန္ေျမမွာ ေျခစြမ္းမျပႏိုင္တာက အခြင့္အေရးေတြ နည္းပါးခဲ့လို႔ျဖစ္ေၾကာင္း သံုးသပ္ေျပာဆိုခဲ့ပါတယ္။

Myan News

UNICODE – လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ယခင် ကိုင်တွယ်ခဲ့တဲ့ ဒေါ့မွန်အသင်းလို လူငယ်တွေ အင်အားနဲ့ စိတ်လှုပ်ရှားစရာ အသင်းကောင်း တစ်သင်း ဖြစ်နေပြီလို့ ယာဂင်ကလော့ပ်က ချီးကျူးစကား ဆိုလိုက်ပါတယ်။

စတန်းဖို့ဘရစ်ချ်ကို ရောက်ရောက်ချင်း ဦးစားပေး အလုပ်က အိုဒွိုင်းကို ချယ်ဆီးအသင်းမှာ ဆက်ရှိနေအောင် ထိန်းထားဖို့ ဖြစ်ပြီး ဒါကို လုပ်ဆောင်နိုင်ခဲ့ပြီလို့ လမ်းပတ်က ဖွင့်ခဲ့ပါတယ်။ အိုဒွိုင်းဟာ အကြိမ်ကြိမ် ညှိနှိုင်းမှုများ အပြီးမှာတော့ ချယ်ဆီးနဲ့ ကာလရှည် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီ ဖြစ်ပါတယ်။

လမ်းပတ်ဟာ အသင်းထံ စရောက်တာနဲ့ အိုဒွိုင်းဆီ ဖုန်းဆက်ပြီး ၎င်းရဲ့ ပါရမီနဲ့ အရည်အချင်းကို ယုံကြည်မှု အပြည့်ရှိကြောင်း၊ အသင်းအနာဂတ် အစီအစဉ်တွေထဲ ထည့်သွင်းထားပြီး အခွင့်အရေးလည်း အပြည့်ပေးမှာ ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်သမား မေဆန်မောင့်ဟာ ဗလန်စီယာနဲ့ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့ပေမယ့် ပြင်းထန်ခြင်း မရှိဘဲ ဒီတပတ် လီဗာပူးနဲ့ ပွဲမှာပါ ပါဝင်နိုင်ခြေ ရှိကြောင်း လမ်းပတ်က ပွဲကြိုမှာ အတည်ပြုခဲ့ပါတယ်။

ဒီနေ့ ဆောက်သမ်တန်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် ၂ ပွဲစဉ်အတွက် ချယ်ဆီးအသင်း U23 အသင်းနဲ့ အတူ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ အိုဒွိုင်းနဲ့ ရိစ်ဂျိမ်းတို့ လိုက်ပါသွားခဲ့ပြီး ပါဝင်ကစားမယ်လို့ မန်နေဂျာလမ်းပတ်က အတည်ပြုခဲ့ပါတယ်။

ချယ်ဆီးအသင်းမှာ ကွင်းလယ်လူ လော့တပ်ချိစ် ဒဏ်ရာကနေ ပြန်သက်သာလာခြင်း မရှိသေးပေမယ့် ကန်တီ၊ အီမာဆန်တို့လို စီနီယာအဆင့် ကစားသမားတွေကိုလည်း ပြန်ရလာတဲ့နောက် အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ်အကုန်မှာ ချယ်ဆီးအသင်းဟာ လူစုံနည်းပါးကို ပြန်လည် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးလူငယ် ကစားသမားတွေ ဖြစ်တဲ့ အေဗရာဟမ်နဲ့ မေဆန်မောင့်ရဲ့ ခြေစွမ်းတွေက အားရစရာ ဖြစ်ပြီး နှစ်ယောက်လုံးဟာ သန်း ၆၀ တန် ကစားသမားတွေ ဖြစ်နေကြပြီလို့ ဒီတပတ် ချယ်ဆီးနဲ့ ပွဲမတိုင်ခင်မှာ ယာဂင်ကလော့ပ်က ချီးကျူးစကား ဆိုခဲ့ပါတယ်။

မန်ယူခံစစ်မူှးဟောင်း ဂယ်ရီနဗီးလ်ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံလုပွဲ ပိုမို အသက်ဝင်စေဖို့ ဒီတနင်္ဂနွေမှာ ချယ်ဆီးက လီဗာပူးကို အနိုင်ယူနိုင်ဖို့ မျှော်လင့် အားပေးနေပါတယ်။

ချယ်ဆီးမန်နေဂျာလမ်းပတ်က ကလပ်အသင်း တိုက်စစ်သမားဟောင်း ဆာလက်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ခေတ်ဦးအဖြစ် လန်ဒန်မြေမှာ ခြေစွမ်းမပြနိုင်တာက အခွင့်အရေးတွေ နည်းပါးခဲ့လို့ဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

Myan News