အာဆင္နယ္နည္းျပ အူနုိင္း အမ္မရီက အသင္း ခံစစ္ပိုင္း တိုးတက္ဖို႔ လိုေနျပီး တစ္သင္းလံုးက ဒီအတြက္ အကူအညီေပး အားထုတ္ရမွာ ျဖစ္ေၾကာင္း တိုက္တြန္းလိုက္ပါတယ္။

ေသာၾကာေန႔ည အာဆင္နယ္ U23 နဲ႕ ၀ုဗ္ U23 အသင္းတို႔ ပြဲစဥ္မွာ ဒဏ္ရာကေန ျပန္သက္သာလာတဲ့ ဘယ္လာရင္၊ တီရာေနးနဲ႕ ကြန္စတန္တီနို မာဗရိုပါနုိ႔စ္တို႔ ပြဲထြက္လူစာရင္းမွာ ပါ၀င္ကစားခဲ့ပါတယ္။ ရက္ေပါင္း ၂၅၅ ရက္အၾကာမွာေတာ့ ညာအစြန္လူ ဘယ္လာရင္ဟာ ကြင္းထဲမွာ ၆၃ မိနစ္ၾကာ ေျခခ်ႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ဒီရာသီမွ အမ္းမရိတ္ကို ေရာက္လာတဲ့ နစ္ကိုးလပ္စ္ ပီပီ အေနနဲ႕ အထိုင္က်လာရင္ ဒိထက္ အမ်ားၾကီး အာဆင္နယ္အသင္း အတြက္ လုပ္ျပနိုင္ဦးမယ္လို႔ အမ္မရီက ယံုၾကည္ေမွ်ာ္လင့္ထားပါတယ္။

ဒီရာသီ အာဆင္နယ္တို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာကို မရႏုိင္တဲ့ အဓိက အေၾကာင္းရင္းက ခံစစ္ပိုင္းေၾကာင့္ပဲ ျဖစ္ပါလိမ့္မယ္လုိ႔ အဂၤလန္တိုက္စစ္မွဴးေဟာင္း ပီတာခေရာ့က ေျပာဆိုလိုက္ပါတယ္။ အာဆင္နယ္ဟာ ခံစစ္အတြက္ လူးဝစ္ကို ေခၚယူခဲ့သလို တီရာေနးကိုလည္း ရခဲ့ေပမယ့္ အေကာင္းဆံုး ခံစစ္ေလးဦးတည္းကို အခုခ်ိန္ထိ ထုတ္မသံုးႏုိင္ေသးပါဘူး။

အာဆင္နယ္နဲ႕ စေကာ့တလန္ တိုက္စစ္မွဴးေဟာင္း ခ်ာလီ နစ္ကိုးလပ္က အာဆယ္နယ္နည္းျပ အူနုိင္း အမ္မရီ အေနနဲ႕ ဒီတပတ္ အက္စတြန္ဗီလာနဲ႕ ပရီးမီးယားလိဂ္ပြဲ ပြဲထြက္ လူစာရင္းမွာ အသင္းေခါင္းေဆာင္ ဇာခါကို ခ်န္လွပ္သင့္ေၾကာင္း ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

တီရာေနးက ” က်ေနာ္ အႏွစ္သက္ဆံုး အာဆင္နယ္ကစားသမားက သီယာရီ အြန္နရီပဲ ျဖစ္ပါတယ္။ သူ သြင္းယူခဲ့တဲ့ သြင္းဂိုးေတြကို က်ေနာ္ မွတ္မိသလို ပြဲေန႔အျပီး သြင္းဂိုးေတြ ျပန္ျပရာမွာလည္း ၾကည့္ခဲ့တယ္။ က်ေနာ္ ၾကီးျပင္းလာမႈမွာေတာ့ သူ႔ရဲ႕ ေကာင္းမြန္တဲ့ သြင္းဂိုးေတြကို ၾကည့္ျပီး ၾကီးလာခဲ့ရလို႔ သူက က်ေနာ္ အႏွစ္သက္ဆံုး အာဆင္နယ္ အသင္းသားပါပဲ။ ” လို႔ ဆိုပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ စီးရီးေအကလပ္ ဆမ့္ဒိုးရီးယားအသင္းကေန လက္စတာအသင္းကို ေျပာင္းလာခဲ့တဲ့ ကြင္းလယ္လူ ပါရက္က သူဟာ လူငယ္ကစားသမားဘဝမွာ အာဆင္နယ္ကို ေရာက္ဖုိ႔ နီးစပ္ခဲ့ေသးေပမယ့္ ေမြးရပ္ေျမနဲ႔ ေဝးကြာလြန္းတာေၾကာင့္ မေျပာင္းးျဖစ္ခဲ့ပါဘူးလို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

အာဆင္နယ္ဟာ ဆန္းဒါးလန္းအသင္းမွ ဆယ္ေက်ာ္သက္ ကစားသမား Logan Pye ကို ေခၚယူဖို႔ မန္ယူအသင္းနဲ႔အျပိဳင္ စိတ္ဝင္စားေနပါတယ္။ အဂၤလန္ ယူ-၁၆ အသင္းသားေလးဟာ အစြန္ေနရာကစားျပီး ဗဟိုခံစစ္မွဴးေနရာလည္း ကစားႏုိင္သူျဖစ္ပါတယ္။

UNICODE

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက အသင်း ခံစစ်ပိုင်း တိုးတက်ဖို့ လိုနေပြီး တစ်သင်းလုံးက ဒီအတွက် အကူအညီပေး အားထုတ်ရမှာ ဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

သောကြာနေ့ည အာဆင်နယ် U23 နဲ့ ဝုဗ် U23 အသင်းတို့ ပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဘယ်လာရင်၊ တီရာနေးနဲ့ ကွန်စတန်တီနို မာဗရိုပါနို့စ်တို့ ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ရက်ပေါင်း ၂၅၅ ရက်အကြာမှာတော့ ညာအစွန်လူ ဘယ်လာရင်ဟာ ကွင်းထဲမှာ ၆၃ မိနစ်ကြာ ခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီမှ အမ်းမရိတ်ကို ရောက်လာတဲ့ နစ်ကိုးလပ်စ် ပီပီ အနေနဲ့ အထိုင်ကျလာရင် ဒိထက် အများကြီး အာဆင်နယ်အသင်း အတွက် လုပ်ပြနိုင်ဦးမယ်လို့ အမ်မရီက ယုံကြည်မျှော်လင့်ထားပါတယ်။

ဒီရာသီ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို မရနိုင်တဲ့ အဓိက အကြောင်းရင်းက ခံစစ်ပိုင်းကြောင့်ပဲ ဖြစ်ပါလိမ့်မယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့က ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ခံစစ်အတွက် လူးဝစ်ကို ခေါ်ယူခဲ့သလို တီရာနေးကိုလည်း ရခဲ့ပေမယ့် အကောင်းဆုံး ခံစစ်လေးဦးတည်းကို အခုချိန်ထိ ထုတ်မသုံးနိုင်သေးပါဘူး။

အာဆင်နယ်နဲ့ စကော့တလန် တိုက်စစ်မှူးဟောင်း ချာလီ နစ်ကိုးလပ်က အာဆယ်နယ်နည်းပြ အူနိုင်း အမ်မရီ အနေနဲ့ ဒီတပတ် အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲ ပွဲထွက် လူစာရင်းမှာ အသင်းခေါင်းဆောင် ဇာခါကို ချန်လှပ်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

တီရာနေးက ” ကျနော် အနှစ်သက်ဆုံး အာဆင်နယ်ကစားသမားက သီယာရီ အွန်နရီပဲ ဖြစ်ပါတယ်။ သူ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကို ကျနော် မှတ်မိသလို ပွဲနေ့အပြီး သွင်းဂိုးတွေ ပြန်ပြရာမှာလည်း ကြည့်ခဲ့တယ်။ ကျနော် ကြီးပြင်းလာမှုမှာတော့ သူ့ရဲ့ ကောင်းမွန်တဲ့ သွင်းဂိုးတွေကို ကြည့်ပြီး ကြီးလာခဲ့ရလို့ သူက ကျနော် အနှစ်သက်ဆုံး အာဆင်နယ် အသင်းသားပါပဲ။ ” လို့ ဆိုပါတယ်။

နွေအပြောင်းအရွှေ့မှာ စီးရီးအေကလပ် ဆမ့်ဒိုးရီးယားအသင်းကနေ လက်စတာအသင်းကို ပြောင်းလာခဲ့တဲ့ ကွင်းလယ်လူ ပါရက်က သူဟာ လူငယ်ကစားသမားဘဝမှာ အာဆင်နယ်ကို ရောက်ဖို့ နီးစပ်ခဲ့သေးပေမယ့် မွေးရပ်မြေနဲ့ ဝေးကွာလွန်းတာကြောင့် မပြောင်းးဖြစ်ခဲ့ပါဘူးလို့ ထုတ်ဖော်ပြောဆိုပါတယ်။

အာဆင်နယ်ဟာ ဆန်းဒါးလန်းအသင်းမှ ဆယ်ကျော်သက် ကစားသမား Logan Pye ကို ခေါ်ယူဖို့ မန်ယူအသင်းနဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။ အင်္ဂလန် ယူ-၁၆ အသင်းသားလေးဟာ အစွန်နေရာကစားပြီး ဗဟိုခံစစ်မှူးနေရာလည်း ကစားနိုင်သူဖြစ်ပါတယ်။