ကမၻာေပၚမွာ အူဘာမီယန္ထက္ ပိုေကာင္းတဲ့ တိုက္စစ္သမားဆိုလို အနည္းငယ္ပဲ ရွိပါလိမ့္မယ္။ ဒါေပမယ့္ အာဆင္နယ္အတြက္ေတာ့ ဂါဘြန္တိုက္စစ္သမားဟာ အေရးပါလြန္းသူျဖစ္ျပီး မွတ္တမ္းအရေတာ့ သူမရွိရင္ အာဆင္နယ္ဟာ ဒီရာသီ ရမွတ္ တစ္မွတ္ေတာင္ရမွာ မဟုတ္ပါဘူး။

အသက္ ၃၀ အရြယ္ တိုက္စစ္သမားဟာ အက္စတြန္ဗီလာနဲ႔ပြဲမွာ အႏုိင္ဂိုးကို သြင္းယူခဲ့သူျဖစ္ျပီး တည္ကန္ေဘာကေန သူသြင္းဂိုး ရယူမႈဟာ အာဆင္နယ္အတြက္ အဖိုးတန္ ရမွတ္သံုးမွတ္ ရေစခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဒီရာသီမွာ အခြင့္အေရးေတြကို ျဖဳန္းတီးတဲ့ အသင္းျဖစ္ျပီး အူဘာမီယန္က ကလပ္အသင္းအတြက္ ရမွတ္ေတြကို ယူေဆာင္ေပးေနတာပါ။

ဂါဘြန္တိုက္စစ္မွဴးဟာ ဒီရာသီ အမွတ္ေပးပြဲ ၆ ပြဲမွာ သြင္းဂိုး ၆ ဂိုး ရထားျပီျဖစ္ျပီး လီဗာပူးကို အေရးနိမ့္ခဲ့တဲ့ ပြဲတစ္ပြဲမွာပဲ သြင္းဂိုး မရခဲ့တဲ့ တိုက္စစ္သမားျဖစ္တယ္။ ဒါေတာင္မွ အန္ဖီးကြင္းမွာ အသင္းေဖာ္ ေတာ္ရဲရားရဲ႕ ေျခပဂိုးအတြက္ အူဘာမီယန္က ဂိုးေထာက္ပံ့မႈ လုပ္ေပးႏုိင္ခဲ့တာျဖစ္ပါတယ္။

အဖြင့္သီတင္းပတ္ နယူးကာဆယ္ကို အႏုိင္ရမႈက အူဘာမီယန္ရဲ႕ သြင္းဂိုးေၾကာင့္ျဖစ္ျပီး ဘန္ေလကို ၂-၁ နဲ႔ အႏုိင္ရမႈကလည္း အူဘာမီယန္ရဲ႕ အႏုိင္ဂိုးေၾကာင့္ျဖစ္တယ္။ လန္ဒန္ဒါဘီမွာ သေရရလဒ္ရခဲ့တာက အူဘာမီယန္ သြင္းဂိုးေၾကာင့္ျဖစ္ျပီး ဝတ္ဖို႔နဲ႔ပြဲ သေရက်ခဲ့ရာမွာလည္း အူဘာရဲ႕ သြင္းဂိုးေတြေၾကာင့္ပါပဲ။ ဒါ့အျပင္ ဒီအပတ္မွာ အာဆင္နယ္ရဲ႕ အႏုိင္ဂိုးရွင္ကလည္း အူဘာမီယန္ပဲ ျဖစ္ပါတယ္။

အူဘာမီယန္ဟာ အာဆင္နယ္ရဲ႕ ႏုိင္ပြဲ သံုးပြဲ၊ သေရပြဲ ၂ ပြဲလံုးအတြက္ အေရးပါခဲ့သူျဖစ္ျပီး အေရးနိမ့္တဲ့ လီဗာပူးပြဲမွာပါ ဂိုးေထာက္ပံ့မႈ လုပ္ႏုိင္ခဲ့သူျဖစ္တယ္။ ဒါေၾကာင့္ အူဘာဟာ ကလပ္အသင္းအတြက္ အေရးပါလြန္းသူျဖစ္ျပီး သူရဲ႕ သြင္းဂိုးေတြမရွိရင္ ကလပ္ဟာ ရမွတ္ တစ္မွတ္ေတာင္ ရေသးမွာ မဟုတ္တာျဖစ္ပါတယ္။

UNICODE

ကမ္ဘာပေါ်မှာ အူဘာမီယန်ထက် ပိုကောင်းတဲ့ တိုက်စစ်သမားဆိုလို အနည်းငယ်ပဲ ရှိပါလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်အတွက်တော့ ဂါဘွန်တိုက်စစ်သမားဟာ အရေးပါလွန်းသူဖြစ်ပြီး မှတ်တမ်းအရတော့ သူမရှိရင် အာဆင်နယ်ဟာ ဒီရာသီ ရမှတ် တစ်မှတ်တောင်ရမှာ မဟုတ်ပါဘူး။

အသက် ၃၀ အရွယ် တိုက်စစ်သမားဟာ အက်စတွန်ဗီလာနဲ့ပွဲမှာ အနိုင်ဂိုးကို သွင်းယူခဲ့သူဖြစ်ပြီး တည်ကန်ဘောကနေ သူသွင်းဂိုး ရယူမှုဟာ အာဆင်နယ်အတွက် အဖိုးတန် ရမှတ်သုံးမှတ် ရစေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ အခွင့်အရေးတွေကို ဖြုန်းတီးတဲ့ အသင်းဖြစ်ပြီး အူဘာမီယန်က ကလပ်အသင်းအတွက် ရမှတ်တွေကို ယူဆောင်ပေးနေတာပါ။

ဂါဘွန်တိုက်စစ်မှူးဟာ ဒီရာသီ အမှတ်ပေးပွဲ ၆ ပွဲမှာ သွင်းဂိုး ၆ ဂိုး ရထားပြီဖြစ်ပြီး လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ ပွဲတစ်ပွဲမှာပဲ သွင်းဂိုး မရခဲ့တဲ့ တိုက်စစ်သမားဖြစ်တယ်။ ဒါတောင်မှ အန်ဖီးကွင်းမှာ အသင်းဖော် တော်ရဲရားရဲ့ ခြေပဂိုးအတွက် အူဘာမီယန်က ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဖွင့်သီတင်းပတ် နယူးကာဆယ်ကို အနိုင်ရမှုက အူဘာမီယန်ရဲ့ သွင်းဂိုးကြောင့်ဖြစ်ပြီး ဘန်လေကို ၂-၁ နဲ့ အနိုင်ရမှုကလည်း အူဘာမီယန်ရဲ့ အနိုင်ဂိုးကြောင့်ဖြစ်တယ်။ လန်ဒန်ဒါဘီမှာ သရေရလဒ်ရခဲ့တာက အူဘာမီယန် သွင်းဂိုးကြောင့်ဖြစ်ပြီး ဝတ်ဖို့နဲ့ပွဲ သရေကျခဲ့ရာမှာလည်း အူဘာရဲ့ သွင်းဂိုးတွေကြောင့်ပါပဲ။ ဒါ့အပြင် ဒီအပတ်မှာ အာဆင်နယ်ရဲ့ အနိုင်ဂိုးရှင်ကလည်း အူဘာမီယန်ပဲ ဖြစ်ပါတယ်။

အူဘာမီယန်ဟာ အာဆင်နယ်ရဲ့ နိုင်ပွဲ သုံးပွဲ၊ သရေပွဲ ၂ ပွဲလုံးအတွက် အရေးပါခဲ့သူဖြစ်ပြီး အရေးနိမ့်တဲ့ လီဗာပူးပွဲမှာပါ ဂိုးထောက်ပံ့မှု လုပ်နိုင်ခဲ့သူဖြစ်တယ်။ ဒါကြောင့် အူဘာဟာ ကလပ်အသင်းအတွက် အရေးပါလွန်းသူဖြစ်ပြီး သူရဲ့ သွင်းဂိုးတွေမရှိရင် ကလပ်ဟာ ရမှတ် တစ်မှတ်တောင် ရသေးမှာ မဟုတ်တာဖြစ်ပါတယ်။