ခ်ယ္ဆီးက ရလဒ္ေတြမေကာင္းျဖစ္ေနျပီး ဒီရာသီ အိမ္ကြင္းႏုိင္ပြဲကို လံုးဝ မရေသးေပမယ့္လို႔ ဒဏ္ရာက ျပန္သက္သာလာတဲ့ ကြင္းလယ္လူ ကန္တီက အသင္းအတြက္ တိုက္ခိုက္ေပးႏုိင္တာကို ေပ်ာ္ရႊင္တယ္လုိ႔ ေျပာဆိုလိုက္ပါတယ္။

ကန္တီကေတာ့ ခ်ယ္ဆီးဟာ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနတယ္လို႔ ယံုၾကည္ေနျပီး လီဗာပူးနဲ႔ပြဲ စြမ္းေဆာင္ရည္ေတြကို ဆက္ထိန္းႏုိင္မယ္ဆိုရင္ မၾကာခင္မွာ ကလပ္အသင္းဟာ ႏုိင္ပြဲေတြကို ဆက္တိုက္ ျပန္ရယူႏုိင္မယ္ဆိုတာ ယံုၾကည္ေနတယ္။ ဒီအေၾကာင္းကိုလည္း ခ်ယ္ဆီးအသင္းဝဘ္ဆိုဒ္ကေနပဲ သူက ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးကြင္းလယ္လူ ကန္တီက ” အသင္းအတြက္ ျပန္လည္ပြဲထြက္ေပးႏုိင္တာ ေကာင္းပါတယ္။ ဒီလို ပြဲေကာင္းတစ္ပြဲမွာ ရလဒ္အတြက္ စိတ္ပ်က္ရေပမယ့္ အသင္းပရိသတ္ေတြေရွ႔မွာ အသင္းအႏုိင္ရဖို႔ ၾကိဳးစားေပးႏုိင္ခြင့္ရတာကို ဝမ္းသာမိတယ္။ ရလဒ္ကို စိတ္ပ်က္ရေပမယ့္ အႏုိင္ရဖို႔ အစြမ္းကုန္ ၾကိဳးစားခဲ့ခြင့္ရတာကို ေက်နပ္ပါတယ္။

တည္ကန္ေဘာေတြကေန သူတို႔ ဂိုးသြင္းႏုိင္ခဲ့ျပီး က်ေနာ္တို႔ကို ခက္ခဲေစခဲ့တယ္။ ဒါေပမယ့္ အခြင့္အေရးေကာင္းေတြ ရခဲ့ပါတယ္။ အဝတ္လဲခန္းထဲမွာ က်ေန္ာတို႔ဟာ သြင္းဂိုးေတြ ျပန္သြင္းႏုိင္မယ္ဆိုတာ ယံုၾကည္ခဲ့ၾကတယ္။ ပြဲကို တုန္႔ျပန္ႏုိင္ဖို႔ အခြင့္အေရးေတြ ရခဲ့ေပမယ့္ လိုခ်င္တဲ့ ရလဒ္ေတာ့ မရခဲ့ပါဘူး။

သူတို႔ရတဲ့ ပထမဂိုးက လွပတဲ့ဂိုးပါ၊ ဒုတိယဂိုးကေတာ့ က်ေနာ္တုိ႔ ကာကြယ္ႏုိင္ခဲ့သင့္ပါတယ္။ က်ေနာ္တို႔ အစြမ္ကုန္ ၾကိဳးစားေပမယ့္ တည္ကန္ေဘာေတြေၾကာင့္ လီဗာပူးက အႏုိင္ရခဲ့တယ္။ ဒုတိယပိုင္းမွာ က်ေနာ္တို႔ ကစားပံုေကာင္းျပီး သြင္းဂိုးတစ္ဂိုး ရခဲ့ေပမယ့္ သေရရလဒ္ေတာ့ မရခဲ့ပါဘူး။ ေနာက္ပြဲမွာ ရလဒ္ေကာင္းဖို႔ အေကာင္းျမင္စရာေတြေတာ့ ရွိခဲ့ျပီး ဒီနည္းလမ္းအတိုင္း ၾကိဳးစားႏုိင္မယ္ဆိုရင္ ေနာက္ပြဲကို အႏုိင္ရႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

ချယ်ဆီးက ရလဒ်တွေမကောင်းဖြစ်နေပြီး ဒီရာသီ အိမ်ကွင်းနိုင်ပွဲကို လုံးဝ မရသေးပေမယ့်လို့ ဒဏ်ရာက ပြန်သက်သာလာတဲ့ ကွင်းလယ်လူ ကန်တီက အသင်းအတွက် တိုက်ခိုက်ပေးနိုင်တာကို ပျော်ရွှင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ကန်တီကတော့ ချယ်ဆီးဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ယုံကြည်နေပြီး လီဗာပူးနဲ့ပွဲ စွမ်းဆောင်ရည်တွေကို ဆက်ထိန်းနိုင်မယ်ဆိုရင် မကြာခင်မှာ ကလပ်အသင်းဟာ နိုင်ပွဲတွေကို ဆက်တိုက် ပြန်ရယူနိုင်မယ်ဆိုတာ ယုံကြည်နေတယ်။ ဒီအကြောင်းကိုလည်း ချယ်ဆီးအသင်းဝဘ်ဆိုဒ်ကနေပဲ သူက ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးကွင်းလယ်လူ ကန်တီက ” အသင်းအတွက် ပြန်လည်ပွဲထွက်ပေးနိုင်တာ ကောင်းပါတယ်။ ဒီလို ပွဲကောင်းတစ်ပွဲမှာ ရလဒ်အတွက် စိတ်ပျက်ရပေမယ့် အသင်းပရိသတ်တွေရှေ့မှာ အသင်းအနိုင်ရဖို့ ကြိုးစားပေးနိုင်ခွင့်ရတာကို ဝမ်းသာမိတယ်။ ရလဒ်ကို စိတ်ပျက်ရပေမယ့် အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ခွင့်ရတာကို ကျေနပ်ပါတယ်။

တည်ကန်ဘောတွေကနေ သူတို့ ဂိုးသွင်းနိုင်ခဲ့ပြီး ကျနော်တို့ကို ခက်ခဲစေခဲ့တယ်။ ဒါပေမယ့် အခွင့်အရေးကောင်းတွေ ရခဲ့ပါတယ်။ အဝတ်လဲခန်းထဲမှာ ကျနေ်ာတို့ဟာ သွင်းဂိုးတွေ ပြန်သွင်းနိုင်မယ်ဆိုတာ ယုံကြည်ခဲ့ကြတယ်။ ပွဲကို တုန့်ပြန်နိုင်ဖို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် လိုချင်တဲ့ ရလဒ်တော့ မရခဲ့ပါဘူး။

သူတို့ရတဲ့ ပထမဂိုးက လှပတဲ့ဂိုးပါ၊ ဒုတိယဂိုးကတော့ ကျနော်တို့ ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ ကျနော်တို့ အစွမ်ကုန် ကြိုးစားပေမယ့် တည်ကန်ဘောတွေကြောင့် လီဗာပူးက အနိုင်ရခဲ့တယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ ကစားပုံကောင်းပြီး သွင်းဂိုးတစ်ဂိုး ရခဲ့ပေမယ့် သရေရလဒ်တော့ မရခဲ့ပါဘူး။ နောက်ပွဲမှာ ရလဒ်ကောင်းဖို့ အကောင်းမြင်စရာတွေတော့ ရှိခဲ့ပြီး ဒီနည်းလမ်းအတိုင်း ကြိုးစားနိုင်မယ်ဆိုရင် နောက်ပွဲကို အနိုင်ရနိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။