လီဗာပူးအသင္းသားျဖစ္တဲ့ လန္ဒန္ဖြား လူငယ္စတားေလး အီလီယာ့ဟာ မေန႔က ယွဥ္ျပိဳင္ကစားတဲ့ အမွတ္ေပးပြဲကိုေတာ့ စတမ္းဖိုဒ့္ဘရစ္ကြင္းထံသြားျပီး ပြဲၾကည့္စင္ကေန အားေပးခဲ့ပါတယ္။

လီဗာပူးက အာႏိုး၊ ဖာမင္ႏိုတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အဆိုပါပြဲကို အႏုိင္ရခဲ့ျပီး အမွတ္ေပးဇယားကို ဆက္လက္ ဦးေဆာင္ႏုိင္ခဲ့တာပါ။ လီဗာပူးအတြက္ကေတာ့ ၾကီး ၆ ၾကီး ျပိဳင္ဘက္တစ္သင္းရဲ႕ အိမ္ကြင္းမွာ အႏုိင္ရလဒ္ ထြက္ေပၚေအာင္ ၾကိဳးစားႏုိင္ခဲ့တာျဖစ္ျပီး ဒီရာသီ တာထြက္ေကာင္းေနမႈကို ဆက္လက္ ထိန္းသိမ္းႏုိင္ခဲ့တာျဖစ္တယ္။

ဖူလ္ဟမ္အသင္း ကစားသမားေဟာင္းျဖစ္သူ အီလီယာ့ကေတာ့ ပရိသတ္ေတြနဲ႔အတူ လီဗာပူးရဲ႕ ႏုိင္ပြဲကို ေအာင္ပြဲခံခဲ့ျပီး သူကြင္းထဲမွာ အားေပးေနတာကို အေဝးကြင္းပရိသတ္ေတြက ဓါတ္ပံုေတြရိုက္ကာ လူမႈကြန္ယက္ကေန ေဖာ္ျပမႈေတြရွိခဲ့တယ္။ အီလီေယာ့ကိုယ္တိုင္ကလည္း ေသြးပူေလ့က်င့္ေရး လုပ္ေနၾကတဲ့ ကြင္းထဲက ပံုရိပ္ကို အင္စတာဂရမ္ကေန ေဖာ္ျပခဲ့တာျဖစ္တယ္။

ပြဲအတြင္းမွာ အီလီယာ့ဟာ ေဘးနားက လီဗာပူးပရိသတ္ ကေလးငယ္ေတြနဲ႔ ဓါတ္ပံုရိုက္ခံျခင္းေတြလည္း လုပ္ခဲ့ပါေသးတယ္။ အဂၤလန္လူငယ္စတားဟာ ငယ္စဥ္ထဲက လီဗာပူးအသင္းကို အမာခံ အားေပးခဲ့သူပါ။ သူဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းက လီဗာပူးဘက္က သဲသဲလႈပ္အားေပးခဲ့ျပီး စပါးအသင္းတိုက္စစ္မွဴး ဟယ္ရီကိန္းကို ဆဲဆိုခဲ့တာေၾကာင့္ မၾကာေသးခင္ကပဲ တရားဝင္ ေတာင္းပန္ခဲ့ရသူျဖစ္တယ္။

ဖူလ္ဟမ္ကေန လီဗာပူးကို ေျပာင္းလာခဲ့ျပီး သူ႔ရဲ႕ လီဗာပူးအေပၚ ခ်စ္ခင္မႈေၾကာင့္ ပရိသတ္ေတြဘက္က ႏွစ္သက္ျခင္း ခံေနရေပမယ့္ တရားဝင္ပြဲထြက္ ကစားရျခင္း မရွိေသးပါဘူး။ ဒီအပတ္မွာေတာ့ လီဗာပူးဟာ လိဂ္ဖလားပဲ တတိယအဆင့္ပြဲစဥ္ ကစားရဖို႔ ရွိေနျပီး အီလီယာ့ ပြဲထြက္ကစားသမားေနရာက ပါဝင္ခြင့္ရမယ္လို႔ ခန္႔မွန္းခံထားရတာျဖစ္ပါတယ္။

UNICODE

လီဗာပူးအသင်းသားဖြစ်တဲ့ လန်ဒန်ဖွား လူငယ်စတားလေး အီလီယာ့ဟာ မနေ့က ယှဉ်ပြိုင်ကစားတဲ့ အမှတ်ပေးပွဲကိုတော့ စတမ်းဖိုဒ့်ဘရစ်ကွင်းထံသွားပြီး ပွဲကြည့်စင်ကနေ အားပေးခဲ့ပါတယ်။

လီဗာပူးက အာနိုး၊ ဖာမင်နိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အဆိုပါပွဲကို အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့တာပါ။ လီဗာပူးအတွက်ကတော့ ကြီး ၆ ကြီး ပြိုင်ဘက်တစ်သင်းရဲ့ အိမ်ကွင်းမှာ အနိုင်ရလဒ် ထွက်ပေါ်အောင် ကြိုးစားနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီ တာထွက်ကောင်းနေမှုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာဖြစ်တယ်။

ဖူလ်ဟမ်အသင်း ကစားသမားဟောင်းဖြစ်သူ အီလီယာ့ကတော့ ပရိသတ်တွေနဲ့အတူ လီဗာပူးရဲ့ နိုင်ပွဲကို အောင်ပွဲခံခဲ့ပြီး သူကွင်းထဲမှာ အားပေးနေတာကို အဝေးကွင်းပရိသတ်တွေက ဓါတ်ပုံတွေရိုက်ကာ လူမှုကွန်ယက်ကနေ ဖော်ပြမှုတွေရှိခဲ့တယ်။ အီလီယော့ကိုယ်တိုင်ကလည်း သွေးပူလေ့ကျင့်ရေး လုပ်နေကြတဲ့ ကွင်းထဲက ပုံရိပ်ကို အင်စတာဂရမ်ကနေ ဖော်ပြခဲ့တာဖြစ်တယ်။

ပွဲအတွင်းမှာ အီလီယာ့ဟာ ဘေးနားက လီဗာပူးပရိသတ် ကလေးငယ်တွေနဲ့ ဓါတ်ပုံရိုက်ခံခြင်းတွေလည်း လုပ်ခဲ့ပါသေးတယ်။ အင်္ဂလန်လူငယ်စတားဟာ ငယ်စဉ်ထဲက လီဗာပူးအသင်းကို အမာခံ အားပေးခဲ့သူပါ။ သူဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက လီဗာပူးဘက်က သဲသဲလှုပ်အားပေးခဲ့ပြီး စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို ဆဲဆိုခဲ့တာကြောင့် မကြာသေးခင်ကပဲ တရားဝင် တောင်းပန်ခဲ့ရသူဖြစ်တယ်။

ဖူလ်ဟမ်ကနေ လီဗာပူးကို ပြောင်းလာခဲ့ပြီး သူ့ရဲ့ လီဗာပူးအပေါ် ချစ်ခင်မှုကြောင့် ပရိသတ်တွေဘက်က နှစ်သက်ခြင်း ခံနေရပေမယ့် တရားဝင်ပွဲထွက် ကစားရခြင်း မရှိသေးပါဘူး။ ဒီအပတ်မှာတော့ လီဗာပူးဟာ လိဂ်ဖလားပဲ တတိယအဆင့်ပွဲစဉ် ကစားရဖို့ ရှိနေပြီး အီလီယာ့ ပွဲထွက်ကစားသမားနေရာက ပါဝင်ခွင့်ရမယ်လို့ ခန့်မှန်းခံထားရတာဖြစ်ပါတယ်။