ခ်ယ္ဆီးနဲ႔ပြဲမွာ သတိထားမိစရာကေတာ့ လီဗာပူးအသင္းသားေတြဟာ ပြဲပန္းေနၾကျပီျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ရာသီမွာ အျခားေသာ အသင္းေတြထဲ သီတင္းပတ္ ႏွစ္ပတ္ေက်ာ္ ေနာက္က်ျပီးမွ ရာသီသိမ္းခဲ့ရတဲ့ လီဗာပူးအသင္းဟာ နားရက္ လံုေလာက္စြာ မရထားပါဘူး။

ေႏြမွာ အာဖရိက ကစားသမားေတြနဲ႔ ေတာင္အေမရိကကစားသမားေတြဟာ လက္ေရြးစင္ေတြအတြက္ ေစလႊတ္ခံခဲ့ရသလို ဥေရာပကစားသမားေတြကလည္း ေနရွင္းလိဂ္ျပိဳင္ပြဲကို ပါဝင္ခဲ့ၾကရတာပါ။ လီဗာပူးဟာ နယူးကာဆယ္၊ နာပိုလီနဲ႔ ခ်ယ္ဆီးတို႔ကို ဆက္တိုက္ ယွဥ္ျပိဳင္ရာမွာ စီနီယာေတြ ပြဲပန္းေနခဲ့ျပီး မာေနး ဒဏ္ရာရခဲ့တဲ့ အေနအထားကိုပါ ရင္ဆိုင္ခဲ့ရပါတယ္။

ၾကားရက္မွာေတာ့ လီဗာပူးက လိဂ္ဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ MK Dons အသင္းနဲ႔ ယွဥ္ျပိဳင္ရပါမယ္။ ေနာက္ပိုင္းႏွစ္ေတြမွာ လိဂ္ဖလားဟာ လီဗာပူးအသင္း အေလးအနက္ ယွဥ္ျပိဳင္ျခင္းမလုပ္ပဲ လူငယ္ေတြနဲ႔ပဲ ပြဲထြက္တတ္တဲ့ ျပိဳင္ပြဲတစ္ရပ္ ျဖစ္လာခဲ့တယ္။ ယာဂင္ကေလာ့ပ္ဟာ တတိယအဆင့္ ပြဲစဥ္ေတြကေန ေက်ာ္လႊားႏုိင္ဖို႔ေတာင္ အာရံုမစိုက္ပဲ က်န္ျပိဳင္ပြဲေတြကိုသာ အသားေပးလာခဲ့တာျဖစ္တယ္။

စီနီယာကစားသမားေတြကို အနားေပးဖို႔ ရည္ရြယ္ခ်က္နဲ႔ ဒီတစ္ၾကိမ္မွာလည္း အရန္စာရင္းကို ပြဲထုတ္ဖို႔ ေမွ်ာ္လင့္ခံထားရပါတယ္။ လီဗာပူးဟာ ဒီပြဲမွာ အရန္ဂိုးသမား ကယ္လီဟာနဲ႔ လိုနာဂန္တို႔ကို ထုတ္သံုးႏုိင္ျပီး ပြဲကစားခ်ိန္ မရျဖစ္ေနတဲ့ ဂိုးမက္စ္၊ လိုဗရန္ကို ဟိုဗာ၊ လာရိုစီ၊ ဗန္ဒန္ဘယ္ရာတို႔နဲ႔ တြဲဘက္ေပးလို႔ ရႏုိင္တယ္။ ကြင္းလယ္ခံစစ္အတြက္ လယ္လာနာ၊ တြဲဘက္ကြင္းလယ္ေတြအျဖစ္ ခ်ိန္ဘာလိန္၊ ကီတာတို႔လည္း ရွိေနပါျပီ။

တိုက္စစ္ကိုေတာ့ ရွာကီြရီ၊ ဘရူးစတားနဲ႔ လူငယ္ၾကယ္ပြင့္ေလး အီးလီေယာ့တို႔ကို ပြဲထုတ္ျခင္းျဖင့္ ပြဲထြက္လူစာရင္း ၁၁ ဦးလံုးကို အနားေပးလို႔ ရႏုိင္ဆဲျဖစ္တယ္။ လိဂ္ဖလားကို လူငယ္နဲ႔ ဝါရင့္ေတြ ေပါင္းစပ္ထားတဲ့ ဒီလူစာရင္းနဲ႔ ယွဥ္ျပိဳင္မယ္ဆိုရင္ စီနီယာအဆင့္ကို စိန္ေခၚလိုတဲ့ ကစားသမားေတြအတြက္ အခြင့္အေရးတစ္ရပ္လည္း ျဖစ္လာမွာပါ။

Predicted XI in full: Kelleher; Hoever, Larouci, Lovren, Gomez; Lallana, Oxlade-Chamberlain, Keita; Elliott, Shaqiri, Brewster

UNICODE

ချယ်ဆီးနဲ့ပွဲမှာ သတိထားမိစရာကတော့ လီဗာပူးအသင်းသားတွေဟာ ပွဲပန်းနေကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ အခြားသော အသင်းတွေထဲ သီတင်းပတ် နှစ်ပတ်ကျော် နောက်ကျပြီးမှ ရာသီသိမ်းခဲ့ရတဲ့ လီဗာပူးအသင်းဟာ နားရက် လုံလောက်စွာ မရထားပါဘူး။

နွေမှာ အာဖရိက ကစားသမားတွေနဲ့ တောင်အမေရိကကစားသမားတွေဟာ လက်ရွေးစင်တွေအတွက် စေလွှတ်ခံခဲ့ရသလို ဥရောပကစားသမားတွေကလည်း နေရှင်းလိဂ်ပြိုင်ပွဲကို ပါဝင်ခဲ့ကြရတာပါ။ လီဗာပူးဟာ နယူးကာဆယ်၊ နာပိုလီနဲ့ ချယ်ဆီးတို့ကို ဆက်တိုက် ယှဉ်ပြိုင်ရာမှာ စီနီယာတွေ ပွဲပန်းနေခဲ့ပြီး မာနေး ဒဏ်ရာရခဲ့တဲ့ အနေအထားကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။

ကြားရက်မှာတော့ လီဗာပူးက လိဂ်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် MK Dons အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။ နောက်ပိုင်းနှစ်တွေမှာ လိဂ်ဖလားဟာ လီဗာပူးအသင်း အလေးအနက် ယှဉ်ပြိုင်ခြင်းမလုပ်ပဲ လူငယ်တွေနဲ့ပဲ ပွဲထွက်တတ်တဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်လာခဲ့တယ်။ ယာဂင်ကလော့ပ်ဟာ တတိယအဆင့် ပွဲစဉ်တွေကနေ ကျော်လွှားနိုင်ဖို့တောင် အာရုံမစိုက်ပဲ ကျန်ပြိုင်ပွဲတွေကိုသာ အသားပေးလာခဲ့တာဖြစ်တယ်။

စီနီယာကစားသမားတွေကို အနားပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီတစ်ကြိမ်မှာလည်း အရန်စာရင်းကို ပွဲထုတ်ဖို့ မျှော်လင့်ခံထားရပါတယ်။ လီဗာပူးဟာ ဒီပွဲမှာ အရန်ဂိုးသမား ကယ်လီဟာနဲ့ လိုနာဂန်တို့ကို ထုတ်သုံးနိုင်ပြီး ပွဲကစားချိန် မရဖြစ်နေတဲ့ ဂိုးမက်စ်၊ လိုဗရန်ကို ဟိုဗာ၊ လာရိုစီ၊ ဗန်ဒန်ဘယ်ရာတို့နဲ့ တွဲဘက်ပေးလို့ ရနိုင်တယ်။ ကွင်းလယ်ခံစစ်အတွက် လယ်လာနာ၊ တွဲဘက်ကွင်းလယ်တွေအဖြစ် ချိန်ဘာလိန်၊ ကီတာတို့လည်း ရှိနေပါပြီ။

တိုက်စစ်ကိုတော့ ရှာကွီရီ၊ ဘရူးစတားနဲ့ လူငယ်ကြယ်ပွင့်လေး အီးလီယော့တို့ကို ပွဲထုတ်ခြင်းဖြင့် ပွဲထွက်လူစာရင်း ၁၁ ဦးလုံးကို အနားပေးလို့ ရနိုင်ဆဲဖြစ်တယ်။ လိဂ်ဖလားကို လူငယ်နဲ့ ဝါရင့်တွေ ပေါင်းစပ်ထားတဲ့ ဒီလူစာရင်းနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် စီနီယာအဆင့်ကို စိန်ခေါ်လိုတဲ့ ကစားသမားတွေအတွက် အခွင့်အရေးတစ်ရပ်လည်း ဖြစ်လာမှာပါ။

Predicted XI in full: Kelleher; Hoever, Larouci, Lovren, Gomez; Lallana, Oxlade-Chamberlain, Keita; Elliott, Shaqiri, Brewster