ခ်ယ္ဆီးနဲ႔ပြဲမွာ လီဗာပူးရခဲ့တဲ့ အဖြင့္ဂိုးဟာ ဖရီးကစ္ကေန တိုက္ရိုက္ကန္သြင္းမႈျဖစ္ျပီး လီဗာပူးဘက္က ဟန္ဒါဆန္၊ ထရန္႔နဲ႔ ဆာလက္တို႔ရဲ႕ ပူးေပါင္း လုပ္ေဆာင္တဲ့ နည္းဗ်ဴဟာကေန ဂိုးရခဲ့တာျဖစ္ပါတယ္။

အေစာပိုင္းတုန္က ဖရီးကစ္ကို ဟန္ဒါဆန္က ကန္သြင္းဖို႔ျဖစ္ျပီး သူနဲ႔ အာႏိုးတို႔ စကားေျပာျပီးမွာ ကန္ရမယ့္ေနရာက လူကာထားတဲ့ ေဝါကို ေက်ာ္ျဖတ္ႏုိင္ဖို႔ ခက္ခဲတာေၾကာင့္ ဂိုးသမားဘက္ကို တိုက္ရိုက္ကန္ဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္တယ္။ ကန္ရမယ့္ အခ်ိန္မွာေတာ့ ဟန္ဒါဆန္က ဆာလက္ကို လက္ျပခဲ့ျပီး ဆာလက္က လမ္းေၾကာင္းထဲ ခ်ေပးမႈကို ထရန္႔က အျပင္း ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

အလက္ဇႏၵား အာႏိုးက ေျပာရာမွာ ” က်ေနာ္တို႔အတြက္ ၾကီးမားတဲ့ ႏုိင္ပြဲပါ။ ေကာင္းမြန္တဲ့ အေနအထားနဲ႔ ခ်ယ္ဆီးအသင္းထံ လာခဲ့တာျဖစ္ျပီး ၾကိဳတင္စီစဥ္ထားတဲ့ ပြဲအစီအစဥ္အတိုင္းပဲ ကစားႏုိင္ဖို႔ ၾကိဳးစားခဲ့တာျဖစ္တယ္။ ၾကားရက္ အေရးနိမ့္မႈကေန တုန္႔ျပန္ျပဖို႔ လိုခဲ့ျပီး က်ေနာ္တုိ႔က အသင္းေကာင္းဆိုတာ ျပသႏုိင္ခဲ့ပါတယ္။

ပထမတုန္းက ဟန္ဒိုက ဖရီးကစ္ကို ကန္လိုခဲ့တာပါ။ ေနာက္ေတာ့ သူက ကန္ရမွာက အရမ္းနီးေနတယ္လို႔ ထင္ခဲ့တယ္။ က်ေနာ္အတြက္လည္း ကန္ရမွာက အရမ္းနီးလြန္းေနပါတယ္။ ဒါေၾကာင့္ ဂိုးသမားဘက္ကို ကန္ဖို႔ ဆံုးျဖတ္ခဲ့ျပီး ေဘာလံုးထိုးေပးမႈ ေကာင္းခဲ့သလို က်ေနာ္ကလည္း ၾကိဳးစားႏုိင္သေလာက္ကို အျပင္းထန္ဆံုး ကန္ခဲ့တာပါ ” လို႔ ရွင္းျပခဲ့ပါတယ္။

သူကပဲ ဆက္လက္ျပီး ” VAR ဆံုးျဖတ္ခ်က္က ျပိဳင္ဘက္ရဲ႕ စိတ္ပိုင္းဆိုင္ရာကို သက္ေရာက္မႈ ရွိခဲ့ပါတယ္။ ဂိုးသြင္းႏုိုင္တယ္လို႔ ထင္ခဲ့ျပီး ေအာင္ပြဲခံခဲ့ေပမယ့္ သြင္းဂိုးက ပယ္ဖ်က္ခံခဲ့ရတယ္။ ခ်ယ္ဆီးကြင္းထံ လာေရာက္ျပီး ကိုယ္ပိုင္ နည္းလမ္းနဲ႔ပဲ ကစားႏုိင္ဖို႔ ေမွ်ာ္လင့္လို႔ မရပါဘူး။ သူတို႔က အရမ္းေကာင္းတဲ့ အသင္းျဖစ္ျပီး တိုက္ခိုက္ႏုိင္စြမ္းလည္း ရွိခဲ့တယ္။ ပြဲျပီးခါနီး မိနစ္ ၃၀ ေလာက္က အေတာ္ေလးကို ခက္ခဲခဲ့ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။

UNICODE

ချယ်ဆီးနဲ့ပွဲမှာ လီဗာပူးရခဲ့တဲ့ အဖွင့်ဂိုးဟာ ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းမှုဖြစ်ပြီး လီဗာပူးဘက်က ဟန်ဒါဆန်၊ ထရန့်နဲ့ ဆာလက်တို့ရဲ့ ပူးပေါင်း လုပ်ဆောင်တဲ့ နည်းဗျူဟာကနေ ဂိုးရခဲ့တာဖြစ်ပါတယ်။

အစောပိုင်းတုန်က ဖရီးကစ်ကို ဟန်ဒါဆန်က ကန်သွင်းဖို့ဖြစ်ပြီး သူနဲ့ အာနိုးတို့ စကားပြောပြီးမှာ ကန်ရမယ့်နေရာက လူကာထားတဲ့ ဝေါကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲတာကြောင့် ဂိုးသမားဘက်ကို တိုက်ရိုက်ကန်ဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။ ကန်ရမယ့် အချိန်မှာတော့ ဟန်ဒါဆန်က ဆာလက်ကို လက်ပြခဲ့ပြီး ဆာလက်က လမ်းကြောင်းထဲ ချပေးမှုကို ထရန့်က အပြင်း ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

အလက်ဇန္ဒား အာနိုးက ပြောရာမှာ ” ကျနော်တို့အတွက် ကြီးမားတဲ့ နိုင်ပွဲပါ။ ကောင်းမွန်တဲ့ အနေအထားနဲ့ ချယ်ဆီးအသင်းထံ လာခဲ့တာဖြစ်ပြီး ကြိုတင်စီစဉ်ထားတဲ့ ပွဲအစီအစဉ်အတိုင်းပဲ ကစားနိုင်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်။ ကြားရက် အရေးနိမ့်မှုကနေ တုန့်ပြန်ပြဖို့ လိုခဲ့ပြီး ကျနော်တို့က အသင်းကောင်းဆိုတာ ပြသနိုင်ခဲ့ပါတယ်။

ပထမတုန်းက ဟန်ဒိုက ဖရီးကစ်ကို ကန်လိုခဲ့တာပါ။ နောက်တော့ သူက ကန်ရမှာက အရမ်းနီးနေတယ်လို့ ထင်ခဲ့တယ်။ ကျနော်အတွက်လည်း ကန်ရမှာက အရမ်းနီးလွန်းနေပါတယ်။ ဒါကြောင့် ဂိုးသမားဘက်ကို ကန်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဘောလုံးထိုးပေးမှု ကောင်းခဲ့သလို ကျနော်ကလည်း ကြိုးစားနိုင်သလောက်ကို အပြင်းထန်ဆုံး ကန်ခဲ့တာပါ ” လို့ ရှင်းပြခဲ့ပါတယ်။

သူကပဲ ဆက်လက်ပြီး ” VAR ဆုံးဖြတ်ချက်က ပြိုင်ဘက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို သက်ရောက်မှု ရှိခဲ့ပါတယ်။ ဂိုးသွင်းနိုင်တယ်လို့ ထင်ခဲ့ပြီး အောင်ပွဲခံခဲ့ပေမယ့် သွင်းဂိုးက ပယ်ဖျက်ခံခဲ့ရတယ်။ ချယ်ဆီးကွင်းထံ လာရောက်ပြီး ကိုယ်ပိုင် နည်းလမ်းနဲ့ပဲ ကစားနိုင်ဖို့ မျှော်လင့်လို့ မရပါဘူး။ သူတို့က အရမ်းကောင်းတဲ့ အသင်းဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းလည်း ရှိခဲ့တယ်။ ပွဲပြီးခါနီး မိနစ် ၃၀ လောက်က အတော်လေးကို ခက်ခဲခဲ့ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။