လီဗာပူးကို ၂-၁ နဲ႕ ရွံဳးနိမ့္ခဲ့ေပမယ့္ ခ်ယ္ဆီးအသင္းရဲ႕ စြမ္းေဆာင္ရည္ဟာ ေကာငး္မြန္တယ္လို႔ အသိအမွတ္ျပဳမႈေတြ ရွိျပီး ခ်ယ္ဆီး ပရိသတ္ေတြ ဟာ ပြဲအျပီးမွာ ပြဲၾကည့္စင္ကေန လက္ခုပ္သံမ်ားနဲ႕ အားေပးေထာက္ခံမႈကို ျပသခဲ့ပါတယ္။

ခက္ခဲမႈေတြ ရွိေနတဲ့ အေျခအေနေတြေၾကာင့္ ခ်ယ္ဆီးက ဒီရာသီ ပရီးမီးယားလိဂ္ကို စိန္ေခၚနိုင္မွာ မဟုတ္ေၾကာင္း အမ်ားက လက္ခံထားၾကျပီး ခက္ခဲမႈေတြၾကားက အေကာင္းဆံုး အေနအထားကိုသာ ေမွ်ာ္လင့္ေနၾကပါတယ္။

ခ်ယ္ဆီးနည္းျပေဟာင္း ေမာ္ရင္ညိဳကေတာ့ ပရိသတ္ေတြ အေနနဲ႕ ေကာင္းလ်က္နဲ႕ ရွဳံးခဲ့တယ္ ဆိုတဲ့ အသင္းရလဒ္ေတြကို လက္ခံတာ အသားမက်သြားဖို႔ သတိေပးလိုက္ျပီး ကလပ္အသင္းၾကီးေတြဟာ ဒီနည္းနဲ႕ပဲ အသင္းၾကီးဆိုတဲ့ အေနအထားက ေလ်ာ့က်တာပဲလို႔ ဆိုလိုက္ပါတယ္။

” က်ေနာ္ကေတာ့ ဒီရွံဳးပြဲေတြကုိ သူတို႔ အသားမက်သြားဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒါက သိပ္အေၾကးၾကီးတယ္။ အသင္းက အေကာင္းဆံုး ကစားတယ္၊ ကစားသမားေတြကလည္း ပရိသတ္ေတြ ဂုဏ္ယူရေလာက္ေအာင္ ကစားျပသြားခဲ့တယ္၊ အားလံုး ျပည့္တယ္ ဒါေပမယ့္ ရွံုးခဲ့တယ္ ဆိုတဲ့ အေျခအေနကို စတင္လက္ခံလိုက္တာနဲ႕ အရွံဳးကို လက္ခံလိုက္တာပါပဲ ”

” ဒါေတြကို ျဖစ္ေနက်လို လက္ခံလိုက္ရင္ ကလပ္အသင္းၾကီးေတြက အသင္းၾကီး အေနအထားကေန ေလွ်ာက်ေတာ့တာပဲ။ သူတို႔ ရွံဳးပြဲေတြကို အသားက် မေနသင့္ဘူး။ လူေတြက ဒီရာသီ အတြက္ ဘယ္လို ရလဒ္ေနေန လက္ခံဖို႔ အသင့္ ျဖစ္ေနခ်ိန္မွာ တကယ္က ခ်ယ္ဆီးအသင္းဟာ က်ေနာ္ အလုပ္လုပ္ဖူးခဲ့သမွ်ထဲ အေကာင္းဆံုး ပေရာ္ဖက္ရွင္နယ္ တစ္ေယာက္၊ အေကာင္းဆံုး နည္းျပျဖစ္လာဖို႔ အလားအလာေကာင္းေတြ ရွိေနသူ တစ္ေယာက္ ကိုင္တြယ္ေနတာပါ။ ” လို႔ ေမာ္ရင္ညိဳက သတိေပးလိုက္ပါတယ္။

” က်ေနာ္က ခ်ယ္ဆီးရဲ႕ အိုင္ဒီယာနဲ႕ သူတို႔ ကစားေနပံုကို နွစ္သက္ပါတယ္။ ဒီေန႔ေခတ္ ပံုစံအတုိင္း ရွိတဲ့ ကစားသမားေတြနဲ႕ အံ၀င္ေအာင္ ကစားေနတယ္။ ဒါေမယ့္ အခုခ်ိန္မွာ ပရီးမီးယားလိဂ္ဖလား စိန္ေခၚဖို႔ကေတာ့ ေတာ္ေတာ္လိုပါဦးမယ္။” လို႔ ၄င္းက သံုးသပ္ခဲ့ပါတယ္။

Myan News

UNICODE – လီဗာပူးကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ချယ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်ဟာ ကောင်းမွန်တယ်လို့ အသိအမှတ်ပြုမှုတွေ ရှိပြီး ချယ်ဆီး ပရိသတ်တွေဟာ ပွဲအပြီးမှာ ပွဲကြည့်စင်ကနေ လက်ခုပ်သံများနဲ့ အားပေးထောက်ခံမှုကို ပြသခဲ့ပါတယ်။ ခက်ခဲမှုတွေ ရှိနေတဲ့ အခြေအနေတွေကြောင့် ချယ်ဆီးက ဒီရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မှာ မဟုတ်ကြောင်း အများက လက်ခံထားကြပြီး ခက်ခဲမှုတွေကြားက အကောင်းဆုံး အနေအထားကိုသာ မျှော်လင့်နေကြပါတယ်။

ချယ်ဆီးနည်းပြဟောင်း မော်ရင်ညိုကတော့ ပရိသတ်တွေ အနေနဲ့ ကောင်းလျက်နဲ့ ရှုံးခဲ့တယ် ဆိုတဲ့ အသင်းရလဒ်တွေကို လက်ခံတာ အသားမကျသွားဖို့ သတိပေးလိုက်ပြီး ကလပ်အသင်းကြီးတွေဟာ ဒီနည်းနဲ့ပဲ အသင်းကြီးဆိုတဲ့ အနေအထားက လျော့ကျတာပဲလို့ ဆိုလိုက်ပါတယ်။

” ကျနော်ကတော့ ဒီရှုံးပွဲတွေကို သူတို့ အသားမကျသွားဖို့ မျှော်လင့်ပါတယ်။ ဒါက သိပ်အကြေးကြီးတယ်။ အသင်းက အကောင်းဆုံး ကစားတယ်၊ ကစားသမားတွေကလည်း ပရိသတ်တွေ ဂုဏ်ယူရလောက်အောင် ကစားပြသွားခဲ့တယ်၊ အားလုံး ပြည့်တယ် ဒါပေမယ့် ရှုံးခဲ့တယ် ဆိုတဲ့ အခြေအနေကို စတင်လက်ခံလိုက်တာနဲ့ အရှုံးကို လက်ခံလိုက်တာပါပဲ ”

” ဒါတွေကို ဖြစ်နေကျလို လက်ခံလိုက်ရင် ကလပ်အသင်းကြီးတွေက အသင်းကြီး အနေအထားကနေ လျှောကျတော့တာပဲ။ သူတို့ ရှုံးပွဲတွေကို အသားကျ မနေသင့်ဘူး။ လူတွေက ဒီရာသီ အတွက် ဘယ်လို ရလဒ်နေနေ လက်ခံဖို့ အသင့် ဖြစ်နေချိန်မှာ တကယ်က ချယ်ဆီးအသင်းဟာ ကျနော် အလုပ်လုပ်ဖူးခဲ့သမျှထဲ အကောင်းဆုံး ပရော်ဖက်ရှင်နယ် တစ်ယောက်၊ အကောင်းဆုံး နည်းပြဖြစ်လာဖို့ အလားအလာကောင်းတွေ ရှိနေသူ တစ်ယောက် ကိုင်တွယ်နေတာပါ။ ” လို့ မော်ရင်ညိုက သတိပေးလိုက်ပါတယ်။

” ကျနော်က ချယ်ဆီးရဲ့ အိုင်ဒီယာနဲ့ သူတို့ ကစားနေပုံကို နှစ်သက်ပါတယ်။ ဒီနေ့ခေတ် ပုံစံအတိုင်း ရှိတဲ့ ကစားသမားတွေနဲ့ အံဝင်အောင် ကစားနေတယ်။ ဒါမေယ့် အခုချိန်မှာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ကတော့ တော်တော်လိုပါဦးမယ်။” လို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။

Myan News