အရင္အပတ္က အာဆင္နယ္ဟာ ဝတ္ဖို႔ကို အံ့အားသင့္ဖြယ္ ဒုတိယပိုင္း ေျခစြမ္းေတြေၾကာင့္ အႏုိင္ဂိုးေတြကို မထိန္းႏိုင္းပဲ ေျခပဂိုးေတြေပးခဲ့ရကာ သေရရလဒ္ပဲ ရယူႏုိင္ခဲ့ျပီး ဒီအပတ္မွာေတာ့ ေနာက္ဆံုးအခ်ိန္ထိ တိုက္ခိုက္လိုမႈေတြနဲ႔ အိမ္ကြင္းမွာ တစ္ေယာက္ေလ်ာ့ကိုမွ အႏုိင္ရလဒ္ ရယူႏုိင္ခဲ့ပါတယ္။

ဝတ္ဖို႔နဲ႔ပြဲမွာ ပြဲမျပီးခင္မွာပဲ အိမ္ရွင္အသင္းကို ၁-၂ ဆိုတဲ့ ရလဒ္ကို လက္ေခ်ာင္းေထာင္ကာ ဒါဘီျပိဳင္ဘက္ေတြကို ေလွာင္ေျပာင္ခဲ့တဲ့ ဂြမ္ေဒါင္ဇီကို ပြဲအျပီးမွာ ဝတ္ဖို႔အသင္း တရားဝင္ တြစ္တာကေနျပီး တုန္႔ျပန္ေလွာင္ေျပာင္မႈေတြ လုပ္ခဲ့ၾကတယ္။ ဒါေၾကာင့္လည္း ဂြမ္ေဒါင္ဇီဟာ ေဝဖန္မႈေတြ ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

အက္စတြန္ဗီလာကို အႏိုင္ရခဲ႔တဲ႔ ပြဲစဥ္မွာေတာ့ ကြင္းလယ္လူ ဂြမ္ေဒါင္ဇီဟာ ထူးခၽြန္တဲ့ ကစားႏုိင္စြမ္းနဲ႔ တစ္ကိုယ္ေတာ္ ထိုးေဖာက္မႈကေန အာဆင္နယ္တို႔ ပင္နယ္တီ အႏုိင္ရခဲ့ျပီး ပီပီက တည္တည္ျငိမ္ျငိမ္ပဲ အဆံုးသတ္ႏုိင္ခဲ့တာပါ။ အက္စတြန္ဗီလာကို အႏုိင္ရမႈမွာ ဒုတိယပိုင္းအတြင္း ဂြမ္ေဒါင္ဇီရဲ႕ ရဲရင့္တဲ့ ကစားဟန္ကလည္း အဓိက က်ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္းၾကီး အလန္ရွီးယာကေတာ့ ဂြမ္ေဒါင္ဇီဟာ အာဆင္နယ္ရဲ႕ come back အတြက္ အဓိက က်သူဆိုတာကို အခုလို ေျပာပါတယ္ ” အာဆင္နယ္ရဲ႕ အလွည့္အေျပာင္းက ဂြမ္ေဒါင္ဇီကေန စတင္ခဲ႔တာပါ။ သူက တကယ္ကို အံ့မခန္းတ့ ေျခစြမ္းကို ျပသႏုိင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္က အသင္းအတြက္ တိုက္ခိုက္ေပးမယ့္သူ လိုအပ္ေနခ်ိန္မွာ သူက ေပၚထြက္လာခဲ့တယ္။ အေစာပိုင္းက အာဆင္နယ္ရဲ႕ အေနအထားက ေဝဖန္စရာျဖစ္ခဲ့ေပမယ့္ သူတို႔ အေကာင္းဆံုး ကစားႏုိင္ခဲ့တာကို ခ်ီးက်ဴးရမွာျဖစ္တယ္။ မန္ေနဂ်ာကလည္း မွန္ကန္တဲ့ လူစားလဲမႈေတြ လုပ္ႏုိင္ခဲ့ျပီး အလုပ္ျဖစ္ခဲ့ပါတယ္ ” လို႔ သံုးသပ္ ေျပာဆိုသြားပါတယ္။

UNICODE

အရင်အပတ်က အာဆင်နယ်ဟာ ဝတ်ဖို့ကို အံ့အားသင့်ဖွယ် ဒုတိယပိုင်း ခြေစွမ်းတွေကြောင့် အနိုင်ဂိုးတွေကို မထိန်းနိုင်းပဲ ခြေပဂိုးတွေပေးခဲ့ရကာ သရေရလဒ်ပဲ ရယူနိုင်ခဲ့ပြီး ဒီအပတ်မှာတော့ နောက်ဆုံးအချိန်ထိ တိုက်ခိုက်လိုမှုတွေနဲ့ အိမ်ကွင်းမှာ တစ်ယောက်လျော့ကိုမှ အနိုင်ရလဒ် ရယူနိုင်ခဲ့ပါတယ်။

ဝတ်ဖို့နဲ့ပွဲမှာ ပွဲမပြီးခင်မှာပဲ အိမ်ရှင်အသင်းကို ၁-၂ ဆိုတဲ့ ရလဒ်ကို လက်ချောင်းထောင်ကာ ဒါဘီပြိုင်ဘက်တွေကို လှောင်ပြောင်ခဲ့တဲ့ ဂွမ်ဒေါင်ဇီကို ပွဲအပြီးမှာ ဝတ်ဖို့အသင်း တရားဝင် တွစ်တာကနေပြီး တုန့်ပြန်လှောင်ပြောင်မှုတွေ လုပ်ခဲ့ကြတယ်။ ဒါကြောင့်လည်း ဂွမ်ဒေါင်ဇီဟာ ဝေဖန်မှုတွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ ကွင်းလယ်လူ ဂွမ်ဒေါင်ဇီဟာ ထူးချွန်တဲ့ ကစားနိုင်စွမ်းနဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကနေ အာဆင်နယ်တို့ ပင်နယ်တီ အနိုင်ရခဲ့ပြီး ပီပီက တည်တည်ငြိမ်ငြိမ်ပဲ အဆုံးသတ်နိုင်ခဲ့တာပါ။ အက်စတွန်ဗီလာကို အနိုင်ရမှုမှာ ဒုတိယပိုင်းအတွင်း ဂွမ်ဒေါင်ဇီရဲ့ ရဲရင့်တဲ့ ကစားဟန်ကလည်း အဓိက ကျခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးယာကတော့ ဂွမ်ဒေါင်ဇီဟာ အာဆင်နယ်ရဲ့ come back အတွက် အဓိက ကျသူဆိုတာကို အခုလို ပြောပါတယ် ” အာဆင်နယ်ရဲ့ အလှည့်အပြောင်းက ဂွမ်ဒေါင်ဇီကနေ စတင်ခဲ့တာပါ။ သူက တကယ်ကို အံ့မခန်းတ့ ခြေစွမ်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်က အသင်းအတွက် တိုက်ခိုက်ပေးမယ့်သူ လိုအပ်နေချိန်မှာ သူက ပေါ်ထွက်လာခဲ့တယ်။ အစောပိုင်းက အာဆင်နယ်ရဲ့ အနေအထားက ဝေဖန်စရာဖြစ်ခဲ့ပေမယ့် သူတို့ အကောင်းဆုံး ကစားနိုင်ခဲ့တာကို ချီးကျူးရမှာဖြစ်တယ်။ မန်နေဂျာကလည်း မှန်ကန်တဲ့ လူစားလဲမှုတွေ လုပ်နိုင်ခဲ့ပြီး အလုပ်ဖြစ်ခဲ့ပါတယ် ” လို့ သုံးသပ် ပြောဆိုသွားပါတယ်။