အာဆင္နယ္တိုက္စစ္မွဴး အူဘာမီယန္က အက္စတြန္ဗီလာကို အႏုိင္ရမႈမွာ သူ႔ရဲ႕ ေပ်ာ္ရႊင္ေက်နပ္မႈကို လူမႈကြန္ယက္ကေန ေဖာ္ျပသြားခဲ့ျပီး ဂန္းနားတို႔ရဲ႕ ထိပ္တန္း ဂိုးသြင္းရွင္က သူ႔ရဲ႕ ေပ်ာ္ရႊင္ေက်နပ္မႈကို မွ်ေဝခဲ့ပါတယ္။

အာဆင္နယ္ဟာ ၁၁ ဦး ၁၁ ဦး အေနအထားမွာ ျပိဳင္ဘက္ကို ထိန္းခ်ဳပ္ကစားႏုိင္ျခင္း မရွိပဲ လိုအပ္ခ်က္ေတြ မ်ားခဲ့တာျဖစ္တယ္။ ဒါေပမယ့္လို႔ ဒုတိယပိုင္းမွာေတာ့ အရင္အပတ္ကနဲ႔ မတူပဲ အိမ္ကြင္းမွာ တုိက္ပြဲဝင္လိုစိတ္ကို ျပသခဲ့ျပီး ဂြမ္ေဒါင္ဇီ ခ်မ္ဘာတို႔ရဲ႕ ထူးခၽြန္မႈေၾကာင့္ အခြင့္အေရးေတြ ရခဲ့ကာ ပီပီဟာ အာဆင္နယ္ကစားသမားဘဝ ပထမဆံုး သြင္းဂိုးကို ပင္နယ္တီကေန သြင္းယူခဲ့တာျဖစ္ပါတယ္။

အက္စတြန္ဗီလာနဲ႔ပြဲမွာ အာဆင္နယ္ရဲ႕ ခံစစ္က ညံ့ဖ်င္းတာကို ဝန္ခံရမွာျဖစ္ေပမယ့္ ပြဲရဲ႕ အေရးပါတဲ့ အလွည့္အေျပာင္းကေတာ့ ဘူဘာမီယန္ျဖစ္ျပီး သူ႔ရဲ႕ ဖရီးကစ္သြင္းဂိုးက အာဆင္နယ္ကို မစ္လန္ေနး ထုတ္ပယ္ခံထားရတဲ့ တစ္ေယာက္ေလ်ာ့ အရံွဴးကေန အႏုိင္ထိ ျပန္ဆယ္မႈမွာ အေရးပါဆံုုး အခိုက္အတန္ ျဖစ္ေစခဲ့ပါတယ္။

အူဘာမီယန္ကေတာ့ လူမႈကြန္ယက္ကေနပဲ ဂန္းနားပရိသတ္ေတြကို “ ငါေကာင္တို႔ရာ ၁၀ ေယာက္တည္းနဲ႔ ဆက္လက္ ယွဥ္ျပိဳင္ျပီး အႏုိင္ရေအာင္ ၾကိဳးစားႏုိင္ခဲ့တာအတြက္ ဘယ္လို ေပ်ာ္ေနတယ္ဆိုတဲ့ ခံစားခ်က္ကို ေျပာေတာင္ မျပတတ္ေတာ့ပါဘူး ” လို႔ သူ႔ရဲ႕ အေပ်ာ္ကို ထုတ္ေဖာ္ မွ်ေဝခဲ့တာျဖစ္ပါတယ္။

အူဘာမီယန္ရဲ႕ ၈၄ မိနစ္မွာ သြင္းယူတဲ့ အႏုိင္ဂိုးဟာ အာဆင္နယ္ကို အိမ္ကြင္းမွာ အဖိုးတန္ အႏုိင္သံုးမွတ္ ရေစခဲ့တာျဖစ္ျပီး ဒီအပတ္မွာပဲ အာဆင္နယ္ဟာ အမွတ္ေပးဇယားရဲ႕ အဆင့္ေလးေနရာကို တက္လွမ္းႏုိင္ခဲ့ကာ အေျခအေနေကာင္း တစ္ခုကို ပိုင္ဆိုင္ခဲ့ျပီပဲ ျဖစ္ပါတယ္။

UNICODE

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်က အက်စတွန်ဗီလာကို အနိုင်ရမှုမှာ သူ့ရဲ့ ပျော်ရွှင်ကျေနပ်မှုကို လူမှုကွန်ယက်ကနေ ဖော်ပြသွားခဲ့ပြီး ဂန်းနားတို့ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်က သူ့ရဲ့ ပျော်ရွှင်ကျေနပ်မှုကို မျှဝေခဲ့ပါတယ်။

အာဆင်နယ်ဟာ ၁၁ ဦး ၁၁ ဦး အနေအထားမှာ ပြိုင်ဘက်ကို ထိန်းချုပ်ကစားနိုင်ခြင်း မရှိပဲ လိုအပ်ချက်တွေ များခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ ဒုတိယပိုင်းမှာတော့ အရင်အပတ်ကနဲ့ မတူပဲ အိမ်ကွင်းမှာ တိုက်ပွဲဝင်လိုစိတ်ကို ပြသခဲ့ပြီး ဂွမ်ဒေါင်ဇီ ချမ်ဘာတို့ရဲ့ ထူးချွန်မှုကြောင့် အခွင့်အရေးတွေ ရခဲ့ကာ ပီပီဟာ အာဆင်နယ်ကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာနဲ့ပွဲမှာ အာဆင်နယ်ရဲ့ ခံစစ်က ညံ့ဖျင်းတာကို ဝန်ခံရမှာဖြစ်ပေမယ့် ပွဲရဲ့ အရေးပါတဲ့ အလှည့်အပြောင်းကတော့ ဘူဘာမီယန်ဖြစ်ပြီး သူ့ရဲ့ ဖရီးကစ်သွင်းဂိုးက အာဆင်နယ်ကို မစ်လန်နေး ထုတ်ပယ်ခံထားရတဲ့ တစ်ယောက်လျော့ အရံှူးကနေ အနိုင်ထိ ပြန်ဆယ်မှုမှာ အရေးပါဆုံး အခိုက်အတန် ဖြစ်စေခဲ့ပါတယ်။

အူဘာမီယန်ကတော့ လူမှုကွန်ယက်ကနေပဲ ဂန်းနားပရိသတ်တွေကို “ ငါကောင်တို့ရာ ၁၀ ယောက်တည်းနဲ့ ဆက်လက် ယှဉ်ပြိုင်ပြီး အနိုင်ရအောင် ကြိုးစားနိုင်ခဲ့တာအတွက် ဘယ်လို ပျော်နေတယ်ဆိုတဲ့ ခံစားချက်ကို ပြောတောင် မပြတတ်တော့ပါဘူး ” လို့ သူ့ရဲ့ အပျော်ကို ထုတ်ဖော် မျှဝေခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်ရဲ့ ၈၄ မိနစ်မှာ သွင်းယူတဲ့ အနိုင်ဂိုးဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ အဖိုးတန် အနိုင်သုံးမှတ် ရစေခဲ့တာဖြစ်ပြီး ဒီအပတ်မှာပဲ အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာကို တက်လှမ်းနိုင်ခဲ့ကာ အခြေအနေကောင်း တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။