ခ်ယ္ဆီးကို အေဝးကြင္းမွာ အႏုိင္ရတဲ့ပြဲအတြင္း ပထမပိုင္းမွာ ထူူးခၽြန္ခဲ့ေပမယ့္ ဒုတိယပိုင္း ပြဲျပီးခါနီး မိနစ္ ၃၀ မွာ လီဗာပူးေျခစြမ္း ညံ့ဖ်င္းခဲ့တာအတြက္ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ကာေရဂါနဲ႔ မန္ယူအသင္းေခါင္းေဆာင္ေဟာင္း ရိြဳင္းကိန္းကေတာ့ အဆိုပါ အျမင္ေတြကို ျငင္းဆန္ခဲ့ၾကပါတယ္။

ကာေရဂါက လီဗာပူးဟာ ကိုယ္လုပ္သင့္တဲ့ အေရးၾကီးဆံုး ကိစၥကို အဆံုးထိ လုပ္ႏုိင္ခဲ့တယ္လို႔ ျမင္ပါတယ္။ ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ လီဗာပူးဟာ အေဝးကြင္းေတြမွာ ႏိုင္ပြဲရျခင္း မရွိခဲ့ပဲ ရုန္းကန္ခဲ့ရေပမယ့္ ခ်ယ္ဆီးနဲ႔ပြဲမွာေတာ့ ဒါကို ရင္ဆိုင္ ေျဖရွင္းႏုိင္ခဲ့တယ္လုိ႔ သူက ျမင္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းက ” ခ်ယ္ဆီးနဲ႔ႏုိင္ပြဲက ရလဒ္ၾကီးပါ။ မန္စီးတီးနဲ႔ လီဗာပူးက ၾကီး ၆ ၾကီး ျပိဳင္ဘက္ေတြနဲ႔ အေဝးကြင္း သြားေရာက္ရင္ဆိုင္ရာမွာ ရလဒ္ေတြ ေလ်ာ့မလားဆိုျပီး အခ်င္းခ်င္း ေစာင့္ၾကည့္ေနၾကတဲ့ အေနအထားျဖစ္ပါတယ္။ ႏွစ္သင္းလံုးက ဒီရာသီမွာ ရမွတ္ ၁၀၀ ေလာက္ရဖို႔ ေမွ်ာ္လင့္ေနျပီး စုစုေပါင္း ရမွတ္ထဲက ၁၄ မွတ္ပဲ ေလ်ာ့က်လို႔ ရပါတယ္။

သေရဆိုတာက သိပ္ေကာင္းတဲ့ရလဒ္ မဟုတ္ေတ့ာပါဘူး။ အတိတ္မွာတုန္းက အာဆင္နယ္၊ မန္ခ်က္စတာယူႏုိက္တက္တို႔ထံ သြားေရာက္ျပီး သေရတစ္မွတ္ရလို႔ ရပါတယ္။ စီးတီးက ဒါကို ေျပာင္းလဲေစခဲ့ျပီး အေဝးကြင္းေတြမွာ သေရရလဒ္ရမယ္ဆိုရင္ ရလဒ္ေကာင္း မဟုတ္ေတာ့ပါဘူး ” လို႔ ေထာက္ျပခဲ့တယ္။

ရိြင္းကိန္းကလည္း လီဗာပူးက အဓိက လိုအပ္ခ်က္ကိုပဲ ဦးတည္ေနျပီး ဒါက မွန္ကန္တယ္လို႔ ျမင္ပါတယ္။ သူက ” မင္း ဆုဖလားေတြ အႏုိင္ရရင္ အဲ့ေနရာကို ဆက္ထိန္းႏုိင္ရမယ္။ မင္းရဲ႕ အသင္းထံ ျပန္တဲ့အခါ ဒီလိုပြဲကို သံုးသပ္ဖို႔ေတာင္ အခ်ိန္မရပဲ ေနာက္ပြဲအတြက္ ျပင္ဆင္ၾကရမွာပါ။ ပြဲမတိုင္ခင္မွာ ဒီလိုပြဲကို ၂-၁ နဲ႔ အႏုိင္ရမယ္ ေက်နပ္မလားဆိုရင္ မင္းက ေက်ေက်နပ္နပ္ ရလဒ္ကို ယူမွာပါပဲ။

အခုခ်ိန္မွာ စက္တင္ဘာလပဲ ရွိေသးတယ္ဆိုရင္ေတာင္ အကယ္လို႔ လီဗာပူးက အမွတ္ေပးဖလားကို အႏုိင္ရမယ္ဆိုရင္ ရလဒ္ကို ျပန္ၾကည့္ျပီး ဒီပြဲမွာ ငါတို႔ ပိုေကာင္းသင့္တာကြားလို႔ စဥ္းစားေနမိမွာ မဟုတ္ပါဘူး။ လက္ထဲမွာ ဆုပ္ကိုင္ထားတဲ့ ဆုတံဆိပ္နဲ႔ ပက္သက္ျပီးပဲ ေပ်ာ္ရႊင္ေနမွာပါ။ ” လို႔ ျပတ္သားစြာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

ချယ်ဆီးကို အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲအတွင်း ပထမပိုင်းမှာ ထူူးချွန်ခဲ့ပေမယ့် ဒုတိယပိုင်း ပွဲပြီးခါနီး မိနစ် ၃၀ မှာ လီဗာပူးခြေစွမ်း ညံ့ဖျင်းခဲ့တာအတွက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ကာရေဂါနဲ့ မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်းကတော့ အဆိုပါ အမြင်တွေကို ငြင်းဆန်ခဲ့ကြပါတယ်။

ကာရေဂါက လီဗာပူးဟာ ကိုယ်လုပ်သင့်တဲ့ အရေးကြီးဆုံး ကိစ္စကို အဆုံးထိ လုပ်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ကုန်ခဲ့တဲ့ နှစ်တွေမှာ လီဗာပူးဟာ အဝေးကွင်းတွေမှာ နိုင်ပွဲရခြင်း မရှိခဲ့ပဲ ရုန်းကန်ခဲ့ရပေမယ့် ချယ်ဆီးနဲ့ပွဲမှာတော့ ဒါကို ရင်ဆိုင် ဖြေရှင်းနိုင်ခဲ့တယ်လို့ သူက မြင်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းက ” ချယ်ဆီးနဲ့နိုင်ပွဲက ရလဒ်ကြီးပါ။ မန်စီးတီးနဲ့ လီဗာပူးက ကြီး ၆ ကြီး ပြိုင်ဘက်တွေနဲ့ အဝေးကွင်း သွားရောက်ရင်ဆိုင်ရာမှာ ရလဒ်တွေ လျော့မလားဆိုပြီး အချင်းချင်း စောင့်ကြည့်နေကြတဲ့ အနေအထားဖြစ်ပါတယ်။ နှစ်သင်းလုံးက ဒီရာသီမှာ ရမှတ် ၁၀၀ လောက်ရဖို့ မျှော်လင့်နေပြီး စုစုပေါင်း ရမှတ်ထဲက ၁၄ မှတ်ပဲ လျော့ကျလို့ ရပါတယ်။

သရေဆိုတာက သိပ်ကောင်းတဲ့ရလဒ် မဟုတ်တေ့ာပါဘူး။ အတိတ်မှာတုန်းက အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်တို့ထံ သွားရောက်ပြီး သရေတစ်မှတ်ရလို့ ရပါတယ်။ စီးတီးက ဒါကို ပြောင်းလဲစေခဲ့ပြီး အဝေးကွင်းတွေမှာ သရေရလဒ်ရမယ်ဆိုရင် ရလဒ်ကောင်း မဟုတ်တော့ပါဘူး ” လို့ ထောက်ပြခဲ့တယ်။

ရွိင်းကိန်းကလည်း လီဗာပူးက အဓိက လိုအပ်ချက်ကိုပဲ ဦးတည်နေပြီး ဒါက မှန်ကန်တယ်လို့ မြင်ပါတယ်။ သူက ” မင်း ဆုဖလားတွေ အနိုင်ရရင် အဲ့နေရာကို ဆက်ထိန်းနိုင်ရမယ်။ မင်းရဲ့ အသင်းထံ ပြန်တဲ့အခါ ဒီလိုပွဲကို သုံးသပ်ဖို့တောင် အချိန်မရပဲ နောက်ပွဲအတွက် ပြင်ဆင်ကြရမှာပါ။ ပွဲမတိုင်ခင်မှာ ဒီလိုပွဲကို ၂-၁ နဲ့ အနိုင်ရမယ် ကျေနပ်မလားဆိုရင် မင်းက ကျေကျေနပ်နပ် ရလဒ်ကို ယူမှာပါပဲ။

အခုချိန်မှာ စက်တင်ဘာလပဲ ရှိသေးတယ်ဆိုရင်တောင် အကယ်လို့ လီဗာပူးက အမှတ်ပေးဖလားကို အနိုင်ရမယ်ဆိုရင် ရလဒ်ကို ပြန်ကြည့်ပြီး ဒီပွဲမှာ ငါတို့ ပိုကောင်းသင့်တာကွားလို့ စဉ်းစားနေမိမှာ မဟုတ်ပါဘူး။ လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ဆုတံဆိပ်နဲ့ ပက်သက်ပြီးပဲ ပျော်ရွှင်နေမှာပါ။ ” လို့ ပြတ်သားစွာ ပြောဆိုခဲ့တာဖြစ်ပါတယ်။