ယူႏုိက္တက္ဟာ ဒီအပတ္ရဲ႕ အေဝးကြင္းပြဲအျဖစ္ လန္ဒန္အေျခစိုက္ ဝက္ဟမ္းအသင္းနဲ႔ ယွဥ္ျပိဳင္ရာမွာ ၂ဂိုး ဂိုးမရွိနဲ႕ အေရးနိမ့္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီရာသီ အေဝးကြင္းႏုိင္ပြဲ တစ္ပြဲမွ မရေသးတဲ့ မွတ္တမ္းဆိုးကို ေခ်ဖ်က္ႏုိင္ျခင္းမရွိပဲ ေရွ႔ဆက္ေစခဲ့ပါတယ္။

၀က္ဟမ္းနဲ႔ပြဲအျပီးမွာ ယူနိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ရိြဳင္ကိန္းက မန္ခ်က္စတာကလပ္အသင္းရဲ႕ အေနအထားဟာ ဝမ္းနည္းဖြယ္ က်ဆံုးေနခဲ့ျပီ ျဖစ္ကာ အသင္းရဲ႕ နာမည္ေက်ာ္ ပံုရိပ္ေတြအားလံုး ေပ်ာက္ေနဆံုးပါျပီလို႔ ထုတ္ေျပာမႈလုပ္လာခဲ့ပါတယ္။

ယူနိုက္တက္ ခံစစ္မွဴးေဟာင္း နဗီးလ္ကေတာ့ ကလပ္အသင္းဟာ မနွစ္က ဒီဇင္ဘာကမွ နည္းျပ အေျပာင္းအလဲ ျပဳလုပ္ထားတာ ျဖစ္ျပီး ဒီအခ်ိန္မွာ ေနာက္ထပ္ ေျပာင္းလဲဖို႔ မလြယ္ေၾကာင္းနဲ႕ ေနာက္ေၾကာင္း ျပန္လွည့္မယ့္အစား ကစားသမား၀ယ္ယူဖို႔ အသံုးစရိတ္ ပိုမိုခ်ေပးရန္ ေတာင္းဆိုသြားခဲ့ပါတယ္။

ဝက္ဟမ္းကို အေဝးကြင္းမွာ ဂိုးျပတ္ အေရးနိမ့္တဲ့ပြဲအျပီး ပြဲသံုးသပ္သူတစ္ဦးအျဖစ္ အလုပ္လုပ္ကိုင္ေနတဲ့ ေမာ္ရင္ညိဳက ဒီကေန႔ပြဲမွာ မန္ယူအသင္းရဲ႕ ေျခစြမ္းက အထင္ၾကီးစရာ မရွိသလို ဘာေကာင္းကြက္မွ မျမင္ပါဘူးလို႔ ေဝဖန္သြားပါတယ္။

ဝက္ဟမ္းဘက္က ဂိုးသြင္းခ်ိန္မွာ ပြဲၾကည့္စဥ္မွာရွိေနတဲ့ ဖီးဂံ်ဴးက ခံစစ္ကစားပံုကို ေဝဖန္တဲ့စကား ေျပာဆိုခဲ့ဟန္ရွိျပီး သူ႔အေရွ႔မွာထိုင္ေနတဲ့ ဝုဒ္ဝတ္က မင္းပါစပ္ကုိ ပိတ္ထားလိုက္လို႔ လွည့္ေျပာခဲ့ေၾကာင္း ႏႈတ္ဟန္ကိုဖတ္ျပီး မန္ယူပရိသတ္ေတြ မွတ္ခ်က္ျပဳေနၾကပါတယ္။

မန္ယူဟာ အေဝးကြင္းမွာ ျပင္းထန္စြာ တိုက္ခိုက္ ယွဥ္ျပိဳင္ခဲ့ရျခင္းထက္ အားနည္းခ်က္ မ်ားစြာနဲ႔အတူ ျပိဳင္ဘက္ကို အေရးနိမ့္ခဲ့တာျဖစ္ျပီး ဒုတိယပိုင္းအတြင္း ရပ္ဖို႔ ထြက္ခြာခ်ိန္မွာ တိုက္စစ္မွဴး မပါပဲေတာင္ ကစားခဲ့ရတာျဖစ္တယ္။ ကြင္းထဲမွာ ဦးေဆာင္သူလည္း လံုးဝမရွိပဲ ကလပ္အသင္းဟာ ေနာက္ျပန္ဆုတ္လာတဲ့ အေနအထားနဲ႔ က်ဆံုးေနတယ္လို႔ ရိြဳင္ကိန္းက ေျပာပါတယ္။

မန္ယူအသင္းေခါင္းေဆာင္ေဟာင္း နဗီးကေတာ့ ဒီဇင္ဘာကမွ ရာထူး အေျပာင္းအလဲ ျပဳလုပ္ထားတဲ့ မန္ယူဟာ ေနာက္ထပ္ မန္ေနဂ်ာတစ္ဦးကို အေျပာင္းအလဲ ျပဳလုပ္ဖို႔ မလြယ္ကူေၾကာင္းနဲ႔ ေနာက္ျပန္ဆုတ္မယ့္အစား အေျပာင္းအေရႊ႔ေတြမွာ အသံုးစရိတ္ေပးဖို႔ ေတာင္းဆိုခဲ့တာပါတယ္။

ပရီးမီးယားလိဂ္ မန္ေနဂ်ာေဟာင္း ဟယ္ရီရပ္နပ္က လက္ရွိ မန္ယူအသင္းဟာ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ သူျမင္ဖူးသမွ် မန္ယူအသင္းေတြထဲမွာ အညံ့ဖ်င္းဆုံး မန္ယူအသင္းျဖစ္ေၾကာင္း ေဝဖန္သြားခဲ့ပါတယ္။

မန္ယူမန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳကပဲ ရပ္ဖို႔ဟာ အဆံုးသတ္ေကာင္းသူ မဟုတ္သလို ခံစစ္ပိတ္ထားမႈကို ေဖာက္ထြက္ ကစားရတဲ့ တိက္စစ္သမား မဟုတ္ဘူးလို႔ ဆိုပါတယ္။ ရပ္ဖို႔ဟာ အေကာင္းဆံုး အေထာင္တိုက္စစ္သမား ျဖစ္လာႏုိင္ေပမယ့္ သူ႔ထံက သြင္းဂိုး ၁၀ ဂိုး ဝန္းက်င္ပဲ ေမွ်ာ္လင့့္ထားဖို႔ သတိေပးလိုက္ပါတယ္။

UNICODE

ယူနိုက်တက်ဟာ ဒီအပတ်ရဲ့ အဝေးကွင်းပွဲအဖြစ် လန်ဒန်အခြေစိုက် ဝက်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရာမှာ ၂ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ဒီရာသီ အဝေးကွင်းနိုင်ပွဲ တစ်ပွဲမှ မရသေးတဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခြင်းမရှိပဲ ရှေ့ဆက်စေခဲ့ပါတယ်။

ဝက်ဟမ်းနဲ့ပွဲအပြီးမှာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက မန်ချက်စတာကလပ်အသင်းရဲ့ အနေအထားဟာ ဝမ်းနည်းဖွယ် ကျဆုံးနေခဲ့ပြီ ဖြစ်ကာ အသင်းရဲ့ နာမည်ကျော် ပုံရိပ်တွေအားလုံး ပျောက်နေဆုံးပါပြီလို့ ထုတ်ပြောမှုလုပ်လာခဲ့ပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်း နဗီးလ်ကတော့ ကလပ်အသင်းဟာ မနှစ်က ဒီဇင်ဘာကမှ နည်းပြ အပြောင်းအလဲ ပြုလုပ်ထားတာ ဖြစ်ပြီး ဒီအချိန်မှာ နောက်ထပ် ပြောင်းလဲဖို့ မလွယ်ကြောင်းနဲ့ နောက်ကြောင်း ပြန်လှည့်မယ့်အစား ကစားသမားဝယ်ယူဖို့ အသုံးစရိတ် ပိုမိုချပေးရန် တောင်းဆိုသွားခဲ့ပါတယ်။

ဝက်ဟမ်းကို အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်တဲ့ပွဲအပြီး ပွဲသုံးသပ်သူတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ မော်ရင်ညိုက ဒီကနေ့ပွဲမှာ မန်ယူအသင်းရဲ့ ခြေစွမ်းက အထင်ကြီးစရာ မရှိသလို ဘာကောင်းကွက်မှ မမြင်ပါဘူးလို့ ဝေဖန်သွားပါတယ်။

ဝက်ဟမ်းဘက်က ဂိုးသွင်းချိန်မှာ ပွဲကြည့်စဉ်မှာရှိနေတဲ့ ဖီးဂံျူးက ခံစစ်ကစားပုံကို ဝေဖန်တဲ့စကား ပြောဆိုခဲ့ဟန်ရှိပြီး သူ့အရှေ့မှာထိုင်နေတဲ့ ဝုဒ်ဝတ်က မင်းပါစပ်ကို ပိတ်ထားလိုက်လို့ လှည့်ပြောခဲ့ကြောင်း နှုတ်ဟန်ကိုဖတ်ပြီး မန်ယူပရိသတ်တွေ မှတ်ချက်ပြုနေကြပါတယ်။

မန်ယူဟာ အဝေးကွင်းမှာ ပြင်းထန်စွာ တိုက်ခိုက် ယှဉ်ပြိုင်ခဲ့ရခြင်းထက် အားနည်းချက် များစွာနဲ့အတူ ပြိုင်ဘက်ကို အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းအတွင်း ရပ်ဖို့ ထွက်ခွာချိန်မှာ တိုက်စစ်မှူး မပါပဲတောင် ကစားခဲ့ရတာဖြစ်တယ်။ ကွင်းထဲမှာ ဦးဆောင်သူလည်း လုံးဝမရှိပဲ ကလပ်အသင်းဟာ နောက်ပြန်ဆုတ်လာတဲ့ အနေအထားနဲ့ ကျဆုံးနေတယ်လို့ ရွိုင်ကိန်းက ပြောပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်း နဗီးကတော့ ဒီဇင်ဘာကမှ ရာထူး အပြောင်းအလဲ ပြုလုပ်ထားတဲ့ မန်ယူဟာ နောက်ထပ် မန်နေဂျာတစ်ဦးကို အပြောင်းအလဲ ပြုလုပ်ဖို့ မလွယ်ကူကြောင်းနဲ့ နောက်ပြန်ဆုတ်မယ့်အစား အပြောင်းအရွှေ့တွေမှာ အသုံးစရိတ်ပေးဖို့ တောင်းဆိုခဲ့တာပါတယ်။

ပရီးမီးယားလိဂ် မန်နေဂျာဟောင်း ဟယ်ရီရပ်နပ်က လက်ရှိ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် သူမြင်ဖူးသမျှ မန်ယူအသင်းတွေထဲမှာ အညံ့ဖျင်းဆုံး မန်ယူအသင်းဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

မန်ယူမန်နေဂျာဟောင်း မော်ရင်ညိုကပဲ ရပ်ဖို့ဟာ အဆုံးသတ်ကောင်းသူ မဟုတ်သလို ခံစစ်ပိတ်ထားမှုကို ဖောက်ထွက် ကစားရတဲ့ တိက်စစ်သမား မဟုတ်ဘူးလို့ ဆိုပါတယ်။ ရပ်ဖို့ဟာ အကောင်းဆုံး အထောင်တိုက်စစ်သမား ဖြစ်လာနိုင်ပေမယ့် သူ့ထံက သွင်းဂိုး ၁၀ ဂိုး ဝန်းကျင်ပဲ မျှော်လင့်ထားဖို့ သတိပေးလိုက်ပါတယ်။