ခ်ယ္ဆီးခံစစ္မွဴး ကြီတာက လီဗာပူးနဲ႕ပြဲ ရလဒ္အတြက္ စိတ္ပ်က္ရေၾကာင္းနဲ႕ ဒါေပမယ့္ ပထမပိုင္း ျပီးတည္းက ခ်ယ္ဆီးဟာ လီဗာပူးကို ထိခိုက္ နာက်င္ေအာင္ လုပ္နုိင္တယ္လို႔ ခံစားမႈ ရွိေနခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ ကံမေကာင္းတာေၾကာင့္ လိုအပ္တဲ့ အနုိင္ရလဒ္ မယူနုိင္ခဲ့ဘူးလို႔ ၄င္းက ဆိုခဲ့ပါတယ္။

ဒီတပတ္မွာလည္း နိုင္ပြဲ မရခဲ့တာေၾကာင့္ လမ္းပတ္ဟာ ခ်ယ္ဆီး အိမ္ကြင္း ပထမေလးပြဲ ဆက္ နုိင္ပြဲေပ်ာက္တဲ့ မွတ္တမ္းဆိုး ရရွိသြားကာ ထိုစံခ်ိန္ဟာ ၁၉၉၈ နည္းျပ ေဘာ္ဘီကမ့္ဘဲလ္ ေနာက္ပိုင္း ပထမဆံုး ျဖစ္ပါတယ္။

အဆံုးသတ္ လိုအပ္ခ်က္ေတြေၾကာင့္ လီဗာပူးကို ရွံဳးနိမ့္ခဲ့ေပမယ့္ ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတရဲ႕ သြင္းဂိုးက လွပျပီး ခ်ီးက်ဴးမႈေတြ ခံခဲ့ရပါတယ္။ ကန္ေတဟာ ခ်ယ္ဆီးအသင္း အတြက္ အေရးပါတဲ့ ကစားသမား ျဖစ္ေနဆဲပါ။

ကန္ေတက ခ်ယ္ဆီးအသင္းဟာ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနတယ္လို႔ ယံုၾကည္ေနျပီး လီဗာပူးနဲ႔ပြဲ စြမ္းေဆာင္ရည္ေတြကို ဆက္ထိန္းႏုိင္မယ္ ဆိုရင္ မၾကာခင္မွာ ကလပ္အသင္းဟာ ႏုိင္ပြဲေတြကို ဆက္တိုက္ ျပန္ရယူႏုိင္မယ္ဆိုတာ ယံုၾကည္ေၾကာင္း ပြဲအျပီးမွာ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးနဲ႕ပြဲမွာ ခ်ယ္ဆီးခံစစ္မွဴးေတြ ျဖစ္တဲ့ ခရစၥတန္ဆန္နဲ႕ အီမာဆန္တို႔ ဒဏ္ရာရသြားခဲ့တာေၾကာင့္ လမ္းပတ္အတြက္ ခံစစ္မွာ ေခါင္းစားစရာ ျဖစ္လာခဲ့ပါတယ္။ ရီစီ ဂ်ိမ္းစ္နဲ႕ ရူဒီဂါတို႔ကလည္း ပြဲကစားဖို႔ အသင့္ မျဖစ္ေသးတာေၾကာင့္ ခ်ယ္ဆီး ခံစစ္အတြက္ စိန္ေခၚမႈၾကီး ရင္ဆိုင္ေနရပါျပီ။

ခ်ယ္ဆီးအသင္းဟာ လူငယ္ၾကယ္ပြင့္ ကစားသမား နွစ္ဦး ျဖစ္တဲ့ ေအဗရာဟမ္နဲ႕ တိုမိုရီတို႔ကုိ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုုဖို႔ ျပင္ဆင္ေနျပီး ဒီရက္ပိုင္းအတြင္း ကမ္းလွမ္းသြားမယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးနည္းျပေဟာင္း ေမာ္ရင္ညိဳကေတာ့ ပရိသတ္ေတြ အေနနဲ႕ ေကာင္းလ်က္နဲ႕ ရွဳံးခဲ့တယ္ ဆိုတဲ့ အသင္းရလဒ္ေတြကို လက္ခံတာ အသားမက်သြားဖို႔ သတိေပးလိုက္ျပီး ကလပ္အသင္းၾကီးေတြဟာ ဒီနည္းနဲ႕ပဲ အသင္းၾကီးဆိုတဲ့ အေနအထားက ေလ်ာ့က်တာပဲလို႔ ဆိုလိုက္ပါတယ္။

လီဗာပူး အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က – ” ဒီပြဲဟာ ခက္ခဲမယ္ဆိုတာ က်ေနာ္တို႔ ၾကိဳသိခဲ့တယ္။ ခ်ယ္ဆီးက အသင္းေကာင္းပါ.. တကယ့္ ေဘာလံုးကစားပံုေကာင္းနဲ႕ ကစားတဲ့ အသင္းျဖစ္တယ္။ ” လို႔ ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္း မန္ေနဂ်ာ လမ္းပတ္က – ” စြမ္းေဆာင္ရည္ပိုင္း ၾကည့္မယ္ဆိုရင္ ခ်ယ္ဆီးက ပိုေကာင္းတဲ့ အသင္း ျဖစ္ခဲ့တာပါ။ က်ေနာ္တို႔က ဒီပြဲအေပၚ အားအင္ေတြ သြန္ျပီး ပိုသံုးခဲ့သလို စိတ္ဓာတ္ေရးရ အရ၊ အရည္အေသြးအရ ပိုသာခဲ့ပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြက ပြဲအျပီးမွာ လက္ခုပ္ၾသဘာ ေပးခဲ့ၾကတာေပါ့။ ဒီပြဲက ေကာင္းတဲ့အခ်က္ေတြကို ေရွ႕ဆက္ သယ္ေဆာင္သြားရေအာင္ပါ။” လို႔ ပြဲအျပီးမွာ တိုက္တြန္းစကား ေျပာၾကားခဲ့ပါတယ္။

Myan News

UNICODE – ချယ်ဆီးခံစစ်မှူး ကွီတာက လီဗာပူးနဲ့ပွဲ ရလဒ်အတွက် စိတ်ပျက်ရကြောင်းနဲ့ ဒါပေမယ့် ပထမပိုင်း ပြီးတည်းက ချယ်ဆီးဟာ လီဗာပူးကို ထိခိုက် နာကျင်အောင် လုပ်နိုင်တယ်လို့ ခံစားမှု ရှိနေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းတာကြောင့် လိုအပ်တဲ့ အနိုင်ရလဒ် မယူနိုင်ခဲ့ဘူးလို့ ၎င်းက ဆိုခဲ့ပါတယ်။

ဒီတပတ်မှာလည်း နိုင်ပွဲ မရခဲ့တာကြောင့် လမ်းပတ်ဟာ ချယ်ဆီး အိမ်ကွင်း ပထမလေးပွဲ ဆက် နိုင်ပွဲပျောက်တဲ့ မှတ်တမ်းဆိုး ရရှိသွားကာ ထိုစံချိန်ဟာ ၁၉၉၈ နည်းပြ ဘော်ဘီကမ့်ဘဲလ် နောက်ပိုင်း ပထမဆုံး ဖြစ်ပါတယ်။

အဆုံးသတ် လိုအပ်ချက်တွေကြောင့် လီဗာပူးကို ရှုံးနိမ့်ခဲ့ပေမယ့် ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေရဲ့ သွင်းဂိုးက လှပပြီး ချီးကျူးမှုတွေ ခံခဲ့ရပါတယ်။ ကန်တေဟာ ချယ်ဆီးအသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေဆဲပါ။

ကန်တေက ချယ်ဆီးအသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ယုံကြည်နေပြီး လီဗာပူးနဲ့ပွဲ စွမ်းဆောင်ရည်တွေကို ဆက်ထိန်းနိုင်မယ် ဆိုရင် မကြာခင်မှာ ကလပ်အသင်းဟာ နိုင်ပွဲတွေကို ဆက်တိုက် ပြန်ရယူနိုင်မယ်ဆိုတာ ယုံကြည်ကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

လီဗာပူးနဲ့ပွဲမှာ ချယ်ဆီးခံစစ်မှူးတွေ ဖြစ်တဲ့ ခရစ္စတန်ဆန်နဲ့ အီမာဆန်တို့ ဒဏ်ရာရသွားခဲ့တာကြောင့် လမ်းပတ်အတွက် ခံစစ်မှာ ခေါင်းစားစရာ ဖြစ်လာခဲ့ပါတယ်။ ရီစီ ဂျိမ်းစ်နဲ့ ရူဒီဂါတို့ကလည်း ပွဲကစားဖို့ အသင့် မဖြစ်သေးတာကြောင့် ချယ်ဆီး ခံစစ်အတွက် စိန်ခေါ်မှုကြီး ရင်ဆိုင်နေရပါပြီ။

ချယ်ဆီးအသင်းဟာ လူငယ်ကြယ်ပွင့် ကစားသမား နှစ်ဦး ဖြစ်တဲ့ အေဗရာဟမ်နဲ့ တိုမိုရီတို့ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေပြီး ဒီရက်ပိုင်းအတွင်း ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

ချယ်ဆီးနည်းပြဟောင်း မော်ရင်ညိုကတော့ ပရိသတ်တွေ အနေနဲ့ ကောင်းလျက်နဲ့ ရှုံးခဲ့တယ် ဆိုတဲ့ အသင်းရလဒ်တွေကို လက်ခံတာ အသားမကျသွားဖို့ သတိပေးလိုက်ပြီး ကလပ်အသင်းကြီးတွေဟာ ဒီနည်းနဲ့ပဲ အသင်းကြီးဆိုတဲ့ အနေအထားက လျော့ကျတာပဲလို့ ဆိုလိုက်ပါတယ်။

လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်က – ” ဒီပွဲဟာ ခက်ခဲမယ်ဆိုတာ ကျနော်တို့ ကြိုသိခဲ့တယ်။ ချယ်ဆီးက အသင်းကောင်းပါ.. တကယ့် ဘောလုံးကစားပုံကောင်းနဲ့ ကစားတဲ့ အသင်းဖြစ်တယ်။ ” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်း မန်နေဂျာ လမ်းပတ်က – ” စွမ်းဆောင်ရည်ပိုင်း ကြည့်မယ်ဆိုရင် ချယ်ဆီးက ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တာပါ။ ကျနော်တို့က ဒီပွဲအပေါ် အားအင်တွေ သွန်ပြီး ပိုသုံးခဲ့သလို စိတ်ဓာတ်ရေးရ အရ၊ အရည်အသွေးအရ ပိုသာခဲ့ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက ပွဲအပြီးမှာ လက်ခုပ်သြဘာ ပေးခဲ့ကြတာပေါ့။ ဒီပွဲက ကောင်းတဲ့အချက်တွေကို ရှေ့ဆက် သယ်ဆောင်သွားရအောင်ပါ။” လို့ ပွဲအပြီးမှာ တိုက်တွန်းစကား ပြောကြားခဲ့ပါတယ်။

Myan News