လီဗာပူးအသင္းဟာ ခ်ယ္ဆီးအသင္းကို စတန္းဖို႔ဘရစ္ခ်္မွာ သြားေရာက္ ရင္ဆိုင္ကစားရာ ထရန္႔အလက္ဇႏၵါး အာနိုးနဲ႕ ဖာမီနိုတုိ႔ သြင္းဂိုးေတြ ေၾကာင့္ ၂-၁ နဲ႕ နိုင္ပြဲ ရခဲ့ပါတယ္။ ခ်ယ္ဆီးကို နုိင္လိုက္တာေၾကာင့္ လီဗာပူးအသင္းဟာ ဒီရာသီ ၆ ပြဲ ကစား ၆ ပြဲလံုးနုိင္ကာ ၁၈ မွတ္ျပည့္ ရထားျပီး အမွတ္ေပးဇယား ပထမ ေနရာမွာ ဆက္လက္ ရပ္တည္ေနခဲ့ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က – ” ဒီပြဲဟာ ခက္ခဲမယ္ဆိုတာ က်ေနာ္တို႔ ၾကိဳသိခဲ့တယ္။ ခ်ယ္ဆီးက အသင္းေကာင္းပါ.. တကယ့္ ေဘာလံုးကစားပံုေကာင္းနဲ႕ ကစားတယ္။ ဒါေပမယ့္ က်ေန္ာတို႔ကေတာ့ ဒီကို ကိုယ့္အလုပ္ ကိုယ္လုပ္ဖို႔ လာခဲ့တာပဲ ျဖစ္လို႔ နုိင္ပြဲအေပၚ သိပ္ေပ်ာ္ပါတယ္။” လို႔ ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးခံစစ္မွဴး ကြီတာက ရလဒ္အတြက္ စိတ္ပ်က္ရေၾကာင္းနဲ႕ ဒါေပမယ့္ ပထမပိုင္း ျပီးတည္းက ခ်ယ္ဆီးဟာ လီဗာပူးကို ထိခိုက္ နာက်င္ေအာင္ လုပ္နုိင္တယ္လို႔ ခံစားမႈ ရွိေနခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ ကံမေကာင္းတာေၾကာင့္ လိုအပ္တဲ့ အနုိင္ရလဒ္ မယူနုိင္ခဲ့ဘူးလို႔ ၄င္းက ဆိုခဲ့ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ” က်ေနာ္တုိ႔က ေျခာက္ပြဲေျမာက္မွာ ခ်ယ္ဆီးကို ႏုိင္တာပဲ ရွိပါေသးတယ္။ ဒါကလြဲရင္ ဘာကိုမွ အႏုိင္ရထားတာမဟုတ္ပဲ က်ေနာ္တုိ႔ ဆက္သြားရမယ္။ ျပိဳင္ဘက္တိုင္းအတြက္ အဆင္သင့္ျဖစ္ေနရပါမယ္။ သူတို႔အားလံုးက က်ေနာ္တုိ႔ကို အႏုိင္ရလိုျပီး ေစာင့္ေနၾကတာပါ။ ကိုယ္လုပ္ရမွာအတြက္ အဆင္သင့္ျဖစ္ေနရပါမယ္ ” လို႔ အသင္းသားေတြကို တိုက္တြန္းခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းသား ကန္တီက ” တည္ကန္ေဘာေတြကေန သူတို႔ ဂိုးသြင္းႏုိင္ခဲ့ျပီး က်ေနာ္တို႔ကို ခက္ခဲေစခဲ့တယ္။ သူတို႔ရတဲ့ ပထမဂိုးက လွပတဲ့ဂိုးပါ၊ ဒုတိယဂိုးကေတာ့ က်ေနာ္တုိ႔ ကာကြယ္ႏုိင္ခဲ့သင့္ပါတယ္။ ” လို႔ လီဗာပူးရဲ႕ တည္ကန္ေဘာ ေကာင္းမြန္မႈအေပၚ မွတ္ခ်က္ေပးပါတယ္။

လီဗာပူးက ခ်ယ္ဆီးကို အေဝးကြင္းမွာ အနုိင္ရတဲ့ပြဲမွာ ေတာင္ပံသမား မာေနးကို ပြဲခ်ိန္ ၇၀ ေက်ာ္မွာတင္ ခပ္ေစာေစာ လူစားလဲခဲ့ရတာက ဒဏ္ရာေၾကာင့္ျဖစ္ေၾကာင္း ယာဂင္ကေလာ့ပ္က အတည္ျပဳခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးအသင္းသားျဖစ္တဲ့ လန္ဒန္ဖြား လူငယ္စတားေလး အီလီယာ့ဟာ မေန႔က ယွဥ္ျပိဳင္ကစားတဲ့ အမွတ္ေပးပြဲကိုေတာ့ စတမ္းဖိုဒ့္ဘရစ္ကြင္းထံသြားျပီး ပြဲၾကည့္စင္ကေန အားေပးခဲ့ပါတယ္။ အဂၤလန္လူငယ္စတားဟာ ငယ္စဥ္ထဲက လီဗာပူးအသင္းကို အမာခံ အားေပးခဲ့သူ ျဖစ္ပါတယ္။

ၾကားရက္မွာေတာ့ လီဗာပူးက လိဂ္ဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ MK Dons အသင္းနဲ႔ ယွဥ္ျပိဳင္ရပါမယ္။ အဆိုပါပြဲမွာေတာ့ ဘရူးစတား၊ ခ်ိန္ဘာလိန္၊ ကီတာလို ပြဲထြက္ခြင့္ အမ်ားၾကီးမရထားတဲ့ အသင္းသားေတြနဲ႔ ပြဲထြက္လာမယ္ ေမွ်ာ္လင့္ထားရပါတယ္။

မန္ယူအသင္းေခါင္းေဆာင္ေဟာင္း ရိြဳင္းကိန္းက ” လီဗာပူးက အမွတ္ေပးဖလားကို အႏုိင္ရမယ္ဆိုရင္ ရလဒ္ကို ျပန္ၾကည့္ျပီး ဒီပြဲမွာ ငါတို႔ ပိုေကာင္းသင့္တာကြားလို႔ စဥ္းစားေနမိမွာ မဟုတ္ပါဘူး။ လက္ထဲမွာ ဆုပ္ကိုင္ထားတဲ့ ဆုတံဆိပ္နဲ႔ ပက္သက္ျပီးပဲ ေပ်ာ္ရႊင္ေနမွာပါ။ ” ဆိုျပီး ရလဒ္ကို ဦးတည္ႏိုင္မႈက မွန္ကန္တယ္လုိ႔ သံုးသပ္သြားပါတယ္။

UNICODE

လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းကို စတန်းဖို့ဘရစ်ချ်မှာ သွားရောက် ရင်ဆိုင်ကစားရာ ထရန့်အလက်ဇန္ဒါး အာနိုးနဲ့ ဖာမီနိုတို့ သွင်းဂိုးတွေ ကြောင့် ၂-၁ နဲ့ နိုင်ပွဲ ရခဲ့ပါတယ်။ ချယ်ဆီးကို နိုင်လိုက်တာကြောင့် လီဗာပူးအသင်းဟာ ဒီရာသီ ၆ ပွဲ ကစား ၆ ပွဲလုံးနိုင်ကာ ၁၈ မှတ်ပြည့် ရထားပြီး အမှတ်ပေးဇယား ပထမ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က – ” ဒီပွဲဟာ ခက်ခဲမယ်ဆိုတာ ကျနော်တို့ ကြိုသိခဲ့တယ်။ ချယ်ဆီးက အသင်းကောင်းပါ.. တကယ့် ဘောလုံးကစားပုံကောင်းနဲ့ ကစားတယ်။ ဒါပေမယ့် ကျနေ်ာတို့ကတော့ ဒီကို ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ လာခဲ့တာပဲ ဖြစ်လို့ နိုင်ပွဲအပေါ် သိပ်ပျော်ပါတယ်။” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးခံစစ်မှူး ကွီတာက ရလဒ်အတွက် စိတ်ပျက်ရကြောင်းနဲ့ ဒါပေမယ့် ပထမပိုင်း ပြီးတည်းက ချယ်ဆီးဟာ လီဗာပူးကို ထိခိုက် နာကျင်အောင် လုပ်နိုင်တယ်လို့ ခံစားမှု ရှိနေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းတာကြောင့် လိုအပ်တဲ့ အနိုင်ရလဒ် မယူနိုင်ခဲ့ဘူးလို့ ၎င်းက ဆိုခဲ့ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ” ကျနော်တို့က ခြောက်ပွဲမြောက်မှာ ချယ်ဆီးကို နိုင်တာပဲ ရှိပါသေးတယ်။ ဒါကလွဲရင် ဘာကိုမှ အနိုင်ရထားတာမဟုတ်ပဲ ကျနော်တို့ ဆက်သွားရမယ်။ ပြိုင်ဘက်တိုင်းအတွက် အဆင်သင့်ဖြစ်နေရပါမယ်။ သူတို့အားလုံးက ကျနော်တို့ကို အနိုင်ရလိုပြီး စောင့်နေကြတာပါ။ ကိုယ်လုပ်ရမှာအတွက် အဆင်သင့်ဖြစ်နေရပါမယ် ” လို့ အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။

ချယ်ဆီးအသင်းသား ကန်တီက ” တည်ကန်ဘောတွေကနေ သူတို့ ဂိုးသွင်းနိုင်ခဲ့ပြီး ကျနော်တို့ကို ခက်ခဲစေခဲ့တယ်။ သူတို့ရတဲ့ ပထမဂိုးက လှပတဲ့ဂိုးပါ၊ ဒုတိယဂိုးကတော့ ကျနော်တို့ ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ ” လို့ လီဗာပူးရဲ့ တည်ကန်ဘော ကောင်းမွန်မှုအပေါ် မှတ်ချက်ပေးပါတယ်။

လီဗာပူးက ချယ်ဆီးကို အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲမှာ တောင်ပံသမား မာနေးကို ပွဲချိန် ၇၀ ကျော်မှာတင် ခပ်စောစော လူစားလဲခဲ့ရတာက ဒဏ်ရာကြောင့်ဖြစ်ကြောင်း ယာဂင်ကလော့ပ်က အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းသားဖြစ်တဲ့ လန်ဒန်ဖွား လူငယ်စတားလေး အီလီယာ့ဟာ မနေ့က ယှဉ်ပြိုင်ကစားတဲ့ အမှတ်ပေးပွဲကိုတော့ စတမ်းဖိုဒ့်ဘရစ်ကွင်းထံသွားပြီး ပွဲကြည့်စင်ကနေ အားပေးခဲ့ပါတယ်။ အင်္ဂလန်လူငယ်စတားဟာ ငယ်စဉ်ထဲက လီဗာပူးအသင်းကို အမာခံ အားပေးခဲ့သူ ဖြစ်ပါတယ်။

ကြားရက်မှာတော့ လီဗာပူးက လိဂ်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် MK Dons အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။ အဆိုပါပွဲမှာတော့ ဘရူးစတား၊ ချိန်ဘာလိန်၊ ကီတာလို ပွဲထွက်ခွင့် အများကြီးမရထားတဲ့ အသင်းသားတွေနဲ့ ပွဲထွက်လာမယ် မျှော်လင့်ထားရပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်းက ” လီဗာပူးက အမှတ်ပေးဖလားကို အနိုင်ရမယ်ဆိုရင် ရလဒ်ကို ပြန်ကြည့်ပြီး ဒီပွဲမှာ ငါတို့ ပိုကောင်းသင့်တာကွားလို့ စဉ်းစားနေမိမှာ မဟုတ်ပါဘူး။ လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ဆုတံဆိပ်နဲ့ ပက်သက်ပြီးပဲ ပျော်ရွှင်နေမှာပါ။ ” ဆိုပြီး ရလဒ်ကို ဦးတည်နိုင်မှုက မှန်ကန်တယ်လို့ သုံးသပ်သွားပါတယ်။