ဘာနာဒိုေဆးလ္ဗားဟာ တြစ္တာမွာ အသင္းေဖာ္ မန္ဒီကို ေနာက္ေျပာင္တဲ့ ပို႔စ္တစ္ခု တင္ခဲ့ေပမယ့္ လူမ်ိဳးေရးခြဲျခားတဲ့ သေဘာ သက္ေရာက္သြားတာေၾကာင့္ ေ၀ဖန္မႈေတြခံခဲ့ရျပီး ပို႔စ္ကိုလည္း ျပန္ဖ်က္ခဲ့ပါတယ္။ အဆိုပါ ျဖစ္ရပ္အေပၚ အက္ဖ္ေအကလည္း စိစစ္မႈ ျပဳလုပ္ဖို႔ စီစဥ္ေနပါတယ္။

မန္စီးတီးအသင္းဟာ လိုင္ယြန္အသင္းမွ ေပါင္ သန္း ၄၀ တန္ ကြင္းလယ္ကစားသမား Houssem Aouar ကို ေခၚယူဖို႔ စိတ္၀င္စားေနျပီး ေနာက္နွစ္ေႏြမွာ ကမ္းလွမ္းဖို႔ ၾကံရြယ္ေနပါတယ္။

မန္စီးတီး ကြင္းလယ္ကစားသမား ဘာနာဒိုေဆးလ္ဗားက ၀က္ဖို႔ဒ္ကို ဂိုးျပတ္နုိင္ပြဲ အျပီး အရင္တပတ္ ရလဒ္အေပၚ မန္စီးတီး အသင္းရဲ႕ တုန္႔ျပန္ကစားပံုက မယံုနိုင္ေလာက္ေအာင္ ေကာင္းမြန္ေၾကာင္း ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

မန္စီးတီး ၀က္ဖို႔ဒ္ပြဲနဲ႔ ပတ္သတ္ျပီး ေမးခြန္းေတြကို လီဗာပူးနည္းျပ ကေလာ့ပ္က လီ​ဗာပူး နည္​းျပက – ” က်ေနာ္ စီးတီး သြင္​းဂိုး​ေတြကို ၾကည္​့ခ်င္​ခဲ့ပါတယ္​။ ေလ့က်င့္ခန္းက​ေန ထြက္​လာခဲ့ ၿပီး​ေနာက္​ ၂မိနစ္​ခြဲေလာက္​ပဲ ၾကည္​့လိုက္​ရတယ္​။ သြင္​းဂိုး က ၈ ဂိုး၊ ဘားတန္​းထိတာ ၂ႀကိမ္​ ပါ။ က်ေနာ္ ဒီပြဲအေၾကာင္း နားလည္ဖို႔ တစ္​ပြဲလံုး ျပန္​ၾကည္​့ဖို႔ လိုပါတယ္​။” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

မန္စီးတီး တိုက္စစ္မွဴး စတားလင္းကို ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္က ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနေၾကာင္း စပိန္သတင္းစာ Marca က ေဖာ္ျပထားပါတယ္။ စတားလင္းက ဒီေႏြမွာ ရီးရဲလ္ ဥကၠဌနဲ႕ စကားေျပာဆိုမႈ ရွိခဲ့ျပီး ေနာက္နွစ္ေႏြမွာ လစာကိစၥမ်ား ညွိနိႈင္းက အေျပာင္းအေရႊ႕ အေကာင္အထည္ ေဖာ္မယ္လို႔ သိရပါတယ္။

၀က္ဖို႔ဒ္နဲ႕ပြဲက သြင္းဂိုးဟာ အဂြယ္ရိုအတြက္ အီးတီးဟက္မွာ ပရီးမီးယားလိဂ္ ဂိုး ၁၀၀ ေျမာက္ ျဖစ္ျပီး အဂၤလန္ထိပ္တန္းလိဂ္ သမိုင္း တေလ်ာက္မွာေတာ့ ကြင္းတစ္ကြင္းတည္းမွာ ဂိုး ၁၀၀ နဲ႕ အထက္ သြင္းနိုင္တဲ့ တတိယေျမာက္ ကစားသမား ျဖစ္လာပါတယ္။ အဂြယ္ရို အရင္ကေတာ့ အြန္နရီက ဟိုက္ဘူရီကြင္းမွာ ၁၁၄ ဂိုး၊ ရြန္းနီက အိုးထရက္ဖို႔ဒ္မွာ ၁၀၁ ဂိုး သြင္းယူထားတာပါ။

Myan News

UNICODE – ဘာနာဒိုဆေးလ်ဗားဟာ တွစ်တာမှာ အသင်းဖော် မန်ဒီကို နောက်ပြောင်တဲ့ ပို့စ်တစ်ခု တင်ခဲ့ပေမယ့် လူမျိုးရေးခွဲခြားတဲ့ သဘော သက်ရောက်သွားတာကြောင့် ဝေဖန်မှုတွေခံခဲ့ရပြီး ပို့စ်ကိုလည်း ပြန်ဖျက်ခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်အပေါ် အက်ဖ်အေကလည်း စိစစ်မှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

မန်စီးတီးအသင်းဟာ လိုင်ယွန်အသင်းမှ ပေါင် သန်း ၄၀ တန် ကွင်းလယ်ကစားသမား Houssem Aouar ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နောက်နှစ်နွေမှာ ကမ်းလှမ်းဖို့ ကြံရွယ်နေပါတယ်။

မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ဝက်ဖို့ဒ်ကို ဂိုးပြတ်နိုင်ပွဲ အပြီး အရင်တပတ် ရလဒ်အပေါ် မန်စီးတီး အသင်းရဲ့ တုန့်ပြန်ကစားပုံက မယုံနိုင်လောက်အောင် ကောင်းမွန်ကြောင်း ချီးကျူးစကားဆိုခဲ့ပါတယ်။

မန်စီးတီး ဝက်ဖို့ဒ်ပွဲနဲ့ ပတ်သတ်ပြီး မေးခွန်းတွေကို လီဗာပူးနည်းပြ ကလော့ပ်က လီဗာပူး နည်းပြက – ” ကျနော် စီးတီး သွင်းဂိုးတွေကို ကြည့်ချင်ခဲ့ပါတယ်။ လေ့ကျင့်ခန်းကနေ ထွက်လာခဲ့ ပြီးနောက် ၂မိနစ်ခွဲလောက်ပဲ ကြည့်လိုက်ရတယ်။ သွင်းဂိုး က ၈ ဂိုး၊ ဘားတန်းထိတာ ၂ကြိမ် ပါ။ ကျနော် ဒီပွဲအကြောင်း နားလည်ဖို့ တစ်ပွဲလုံး ပြန်ကြည့်ဖို့ လိုပါတယ်။” လို့ တုန့်ပြန်ခဲ့ပါတယ်။

မန်စီးတီး တိုက်စစ်မှူး စတားလင်းကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း စပိန်သတင်းစာ Marca က ဖော်ပြထားပါတယ်။ စတားလင်းက ဒီနွေမှာ ရီးရဲလ် ဥက္ကဌနဲ့ စကားပြောဆိုမှု ရှိခဲ့ပြီး နောက်နှစ်နွေမှာ လစာကိစ္စများ ညှိနှိုင်းက အပြောင်းအရွှေ့ အကောင်အထည် ဖော်မယ်လို့ သိရပါတယ်။

ဝက်ဖို့ဒ်နဲ့ပွဲက သွင်းဂိုးဟာ အဂွယ်ရိုအတွက် အီးတီးဟက်မှာ ပရီးမီးယားလိဂ် ဂိုး ၁၀၀ မြောက် ဖြစ်ပြီး အင်္ဂလန်ထိပ်တန်းလိဂ် သမိုင်း တလျောက်မှာတော့ ကွင်းတစ်ကွင်းတည်းမှာ ဂိုး ၁၀၀ နဲ့ အထက် သွင်းနိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာပါတယ်။ အဂွယ်ရို အရင်ကတော့ အွန်နရီက ဟိုက်ဘူရီကွင်းမှာ ၁၁၄ ဂိုး၊ ရွန်းနီက အိုးထရက်ဖို့ဒ်မှာ ၁၀၁ ဂိုး သွင်းယူထားတာပါ။

Myan News