အာဆင္နယ္ဟာ ညက အမ္းမရိတ္မွာ အက္စတြန္ဗီလာကို ဧည့္ခံ ယွဥ္ျပိဳင္ကစားတဲ့ ပရီးမီးယားလိဂ္ပြဲမွာ တစ္ေယာက္ေလ်ာ့ အေနအထားကေန ျပိဳင္ဘက္ ဗီလာကို ေနာက္ကေန အၾကိမ္ၾကိမ္ လိုက္ကစားရေပမယ့္ ၃-၂ ရလဒ္နဲ႔ အႏုိင္ရေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။

အာဆင္နယ္ ခံစစ္မွဴး ခ်မ္ဘာစ္ကေတာ့ နုိင္ပြဲ အေပၚ ၀မ္းေျမာက္ေနျပီး အနုိင္ဂိုး သြင္းေပးခဲ့တဲ့ အာဆင္နယ္ တိုက္စစ္မွဴး အူဘာမီးယန္းက တကယ့္ ကြာလတီ တိုက္စစ္မွဴး ျဖစ္ျပီး အသင္းမွာလည္း ဂိုးေတြသြင္းနိုင္တဲ့ ကစားသမားေတြလည္း ရွိေနတာက အားရစရာ ျဖစ္ေၾကာင္း ဗီလာနဲ႕ ပြဲအျပီးမွာ ဖြင့္ဟခဲ့ပါတယ္။

အက္စတြန္ဗီလာအသင္းဟာ စုဖြဲ႕မႈေကာင္းတဲ့ အသင္း ျဖစ္တယ္လို႔ အာဆင္နယ္နည္းျပ အူနုိင္း အမ္မရီက ဆိုလိုက္ျပီး အာဆင္နယ္အသင္းရဲ႕ မိနစ္ ၉၀ လံုး အသင္းစိတ္ဓာတ္ အျပည့္နဲ႕ တုန္႔ျပန္သြားပံုကိုလည္း ခ်ီးက်ဴးလိုက္ပါတယ္။

အာဆင္နယ္အတြက္ ဂါဘြန္တိုက္စစ္သမားဟာ အေရးပါလြန္းသူျဖစ္ျပီး မွတ္တမ္းအရေတာ့ သူ မရွိရင္ အာဆင္နယ္ဟာ ဒီရာသီ ရမွတ္ တစ္မွတ္ေတာင္ရမွာ မဟုတ္ပါဘူး။ အာဆင္နယ္ကို ရမွတ္ ၁၁ မွတ္ရေစတဲ့ အဓိက သြင္းဂိုး ၆ ဂိုးလံုးကို အူဘာမီယန္က သြင္းယူထားပါတယ္။

ဝီေလာ့နဲ႔ လူစားလဲဖို႔ ကြင္းထဲကေန ထြက္ခြာလာတဲ့ ဇာခါကို အာဆင္နယ္ပရိသတ္ေတြက ေလွာင္ေျပာင္သြားခဲ႔ေပမယ့္ နည္းျပ အမ္မရီကေတာ့ သူ႔ရဲ႕ အစီအစဥ္ေတြထဲမွာ ဇာခါက အေတာ္ေလး အေရးပါေနဦးမွာျဖစ္တယ္လို႔ ေထာက္ခံစကား ေျပာဆိုသြားခဲ႔ပါတယ္။

အက္စတြန္ဗီလာကို အႏိုင္ရခဲ႔တဲ႔ ပြဲစဥ္မွာ ကြင္းလယ္လူ ဂြမ္ေဒါင္ဇီဟာ ထူးခၽြန္တဲ့ ကစားႏုိင္စြမ္းနဲ႔ တစ္ကိုယ္ေတာ္ ထိုးေဖာက္မႈကေန အာဆင္နယ္တို႔ ပင္နယ္တီ အႏုိင္ရခဲ့ျပီး ပီပီက တည္တည္ျငိမ္ျငိမ္ပဲ အဆံုးသတ္ႏုိင္ခဲ့တာပါ။ အက္စတြန္ဗီလာကို အႏုိင္ရမႈမွာ ဒုတိယပိုင္း အတြင္း ဂြမ္ေဒါင္ဇီရဲ႕ ရဲရင့္တဲ့ ကစားဟန္အေပၚ ခ်ီးက်ဴးခံေနရပါတယ္။

အာဆင္နယ္က ေဒးဗစ္လူး၀စ္လို ခံစစ္မွဴးကို ေပါင္ ၈ သန္းတည္းနဲ႕ ေခၚနိုင္ခဲ့တာက ေကာင္းမြန္တဲ့ ေခၚယူမႈ ျဖစ္ေပမယ့္ အခုထိ ေျခစြမ္း တည္ျငိမ္မႈ မျပနိုင္ေသးတာကေတာ့ ေကာင္းတဲ့ အခ်က္ မဟုတ္ေတၾကာင္း ခ်ာလီနစ္ကိုးလပ္စ္က ေထာက္ျပသြားပါတယ္။

ဗီလာနဲ႕ပြဲမွာ ပြဲထြက္ ကစားခြင့္ ရခဲ့တဲ့ လူငယ္ ကစားသမား ဆာကာဟာ အသက္ ၁၈ ႏွစ္ ၁၇ ရက္ နဲ႕ အာဆင္နယ္အသင္း သမိုင္းမွာ တတိယ အသက္ငယ္ဆံုး ပရီးမီးယားလိဂ္ ပြဲထြက္ကစားသူ ျဖစ္လာခဲ့ပါတယ္။ ပထမနဲ႕ ဒုတိယကေတာ့ ဖာဘရီဂတ္စ္နဲ႕ ၀ဲလ္ေကာ့တို႔ ျဖစ္ပါတယ္။

အမ္းမရိတ္မွာ ကစားခဲ႔တဲ႔ ဗီလာနဲ႔ပြဲက အာဆင္နယ္ရဲ႕ ပထမဆံုး ေခ်ပဂိုးကို ပီပီက ပင္နယ္တီကေန တဆင့္သြင္းယူေပးခဲ႔တာ ျဖစ္ပါတယ္။ နည္းျပ အမ္မရီကေတာ့ ဒါဟာ အသင္းရဲ႕ ပင္နယ္တီ ကန္သြင္းသူ အူဘာရဲ႕ လိုက္ေလ်ာေပးမႈေၾကာင့္လို႔ ထုတ္ေျပာခဲ့ပါတယ္။

Myan News

UNICODE – အာဆင်နယ်ဟာ ညက အမ်းမရိတ်မှာ အက်စတွန်ဗီလာကို ဧည့်ခံ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ တစ်ယောက်လျော့ အနေအထားကနေ ပြိုင်ဘက် ဗီလာကို နောက်ကနေ အကြိမ်ကြိမ် လိုက်ကစားရပေမယ့် ၃-၂ ရလဒ်နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အာဆင်နယ် ခံစစ်မှူး ချမ်ဘာစ်ကတော့ နိုင်ပွဲ အပေါ် ဝမ်းမြောက်နေပြီး အနိုင်ဂိုး သွင်းပေးခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီးယန်းက တကယ့် ကွာလတီ တိုက်စစ်မှူး ဖြစ်ပြီး အသင်းမှာလည်း ဂိုးတွေသွင်းနိုင်တဲ့ ကစားသမားတွေလည်း ရှိနေတာက အားရစရာ ဖြစ်ကြောင်း ဗီလာနဲ့ ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ စုဖွဲ့မှုကောင်းတဲ့ အသင်း ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက ဆိုလိုက်ပြီး အာဆင်နယ်အသင်းရဲ့ မိနစ် ၉၀ လုံး အသင်းစိတ်ဓာတ် အပြည့်နဲ့ တုန့်ပြန်သွားပုံကိုလည်း ချီးကျူးလိုက်ပါတယ်။

အာဆင်နယ်အတွက် ဂါဘွန်တိုက်စစ်သမားဟာ အရေးပါလွန်းသူဖြစ်ပြီး မှတ်တမ်းအရတော့ သူမရှိရင် အာဆင်နယ်ဟာ ဒီရာသီ ရမှတ် တစ်မှတ်တောင်ရမှာ မဟုတ်ပါဘူး။ အာဆင်နယ်ကို ရမှတ် ၁၁ မှတ်ရစေတဲ့ အဓိက သွင်းဂိုး ၆ ဂိုးလုံးကို အူဘာမီယန်က သွင်းယူထားပါတယ်။

ဝီလော့နဲ့ လူစားလဲဖို့ ကွင်းထဲကနေ ထွက်ခွာလာတဲ့ ဇာခါကို အာဆင်နယ်ပရိသတ်တွေက လှောင်ပြောင်သွားခဲ့ပေမယ့် နည်းပြ အမ်မရီကတော့ သူ့ရဲ့ အစီအစဉ်တွေထဲမှာ ဇာခါက အတော်လေး အရေးပါနေဦးမှာဖြစ်တယ်လို့ ထောက်ခံစကား ပြောဆိုသွားခဲ့ပါတယ်။

အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်လူ ဂွမ်ဒေါင်ဇီဟာ ထူးချွန်တဲ့ ကစားနိုင်စွမ်းနဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုကနေ အာဆင်နယ်တို့ ပင်နယ်တီ အနိုင်ရခဲ့ပြီး ပီပီက တည်တည်ငြိမ်ငြိမ်ပဲ အဆုံးသတ်နိုင်ခဲ့တာပါ။ အက်စတွန်ဗီလာကို အနိုင်ရမှုမှာ ဒုတိယပိုင်းအတွင်း ဂွမ်ဒေါင်ဇီရဲ့ ရဲရင့်တဲ့ ကစားဟန်အပေါ် ချီးကျူးခံနေရပါတယ်။

အာဆင်နယ်က ဒေးဗစ်လူးဝစ်လို ခံစစ်မှူးကို ပေါင် ၈ သန်းတည်းနဲ့ ခေါ်နိုင်ခဲ့တာက ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ပေမယ့် အခုထိ ခြေစွမ်း တည်ငြိမ်မှု မပြနိုင်သေးတာကတော့ ကောင်းတဲ့ အချက် မဟုတ်တေကြာင်း ချာလီနစ်ကိုးလပ်စ်က ထောက်ပြသွားပါတယ်။

ဗီလာနဲ့ပွဲမှာ ပွဲထွက် ကစားခွင့် ရခဲ့တဲ့ လူငယ် ကစားသမား ဆာကာဟာ အသက် ၁၈ နှစ် ၁၇ ရက် နဲ့ အာဆင်နယ်အသင်း သမိုင်းမှာ တတိယ အသက်ငယ်ဆုံး ပရီးမီးယားလိဂ် ပွဲထွက်ကစားသူ ဖြစ်လာခဲ့ပါတယ်။ ပထမနဲ့ ဒုတိယကတော့ ဖာဘရီဂတ်စ်နဲ့ ဝဲလ်ကော့တို့ ဖြစ်ပါတယ်။

အမ်းမရိတ်မှာ ကစားခဲ့တဲ့ ဗီလာနဲ့ပွဲက အာဆင်နယ်ရဲ့ ပထမဆုံး ချေပဂိုးကို ပီပီက ပင်နယ်တီကနေ တဆင့်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အမ်မရီကတော့ ဒါဟာ အသင်းရဲ့ ပင်နယ်တီ ကန်သွင်းသူ အူဘာရဲ့ လိုက်လျောပေးမှုကြောင့်လို့ ထုတ်ပြောခဲ့ပါတယ်။

Myan News