လီဗာပူးအသင္း တိုက္စစ္မွဴးေဟာင္း ဟက္စကီးက အသင္းေဟာင္း လီဗာပူးတို႔ မန္စီးတီးထံက သရဖူဘြဲ႔ကို လြဲေျပာင္းယူဖို႔ အလားအလာေကာင္းေနေပမယ့္ အရန္အင္အားးကို ျဖည့္တင္းဖို႔ လိုအပ္ေနေသးတယ္လို႔ ယံုၾကည္ေနပါတယ္။

လီဗာပူးဟာ ဒီရာသီမွာ ရလဒ္ေကာင္းေတြ ရေနေပမယ့္ တိုက္စစ္ကေတာ့ ဖာမင္ႏို၊ ဆာလက္၊ မာေနးတို႔ကိုပဲ အားကိုးေနရတာျဖစ္ျပီး သူတို႔ သံုးဦးတြဲ ပြဲမထြက္ရင္ သြင္းဂိုးအတြက္ ရုန္းကန္ေနရတတ္တာျဖစ္တယ္ ဟက္စကီးကေတာ့ ဒီသံုးဦး မရွိရင္ လီဗာပူးရဲ႕ လူစာရင္းက ျပီးျပည့္စံုျခင္း မရွိေတာ့ပဲ လူသစ္ေခၚယူမႈေတြနဲ႔ အရန္အင္အားကို အားျဖည့္သင့္တယ္လို႔ သံုးသပ္ခဲ့တယ္။

ဟက္စကီးက ” ဒီအေျခအေနမွာ မန္စီးတီးဟာ ေတာင့္တင္းတဲ့ အေကာင္းဆံုး လူစာရင္းးကို ပိုင္ဆိုင္ေနတာပါ။ မန္စီးတီးက ကစားသမားေတြ တစ္ခုခုျဖစ္ရင္လည္း မန္ေနဂ်ာအလိုက် အေကာင္းဆံုးလုပ္ဖို႔ အစားဝင္ႏုိင္တဲ့ ကစားသမားေတြ ရွိေနဆဲပါ။ လီဗာပူးမွာက ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ မကစားႏုိင္ရင္ တူညီတဲ့အသင္း မဟုတ္ေတာ့ပါဘူး။ အသင္းသား ေတာင့္တင္းမႈမွာ မန္စီးတီးက ပိုသာေနပါတယ္ ” လို႔ ျမင္တယ္။

လီဗာပူးမွာကလည္း ကီတာ ဒဏ္ရာအနည္းငယ္ ရေနခဲ့တာကလြဲလို႔ ဝိုက္နယ္ဒမ္၊ ဟန္ဒါဆန္၊ မီလ္နာ တို႔က ကြင္းလယ္ ေနရာစံု ကစားႏုိင္ျပီး ခ်ိန္ဘာလိန္၊ ဖာဘင္ညိဳတို႔ကလည္း သူတို႔နဲ႔ တြဲဘက္ျပီး ကစားႏုိင္ပါတယ္။ ဒီကြင္းလယ္ဟာ လိုအပ္ခ်က္ၾကီး တစ္ခုရွိရင္ ကလပ္အတြက္ သြင္းဂိုး ထည့္ဝင္ႏုိင္မႈေတြမွာပဲ ျဖစ္ပါတယ္။

သူကပဲ ” မန္စီးတီးကြင္းလယ္က ပိုေကာင္းတယ္္လို႔ ျမင္ပါတယ္။ လီဗာပူးကြင္းက ဆိုးတယ္လို႔ ေျပာတာ မဟုတ္ပါဘူး။ ကစားသမား ေပါင္းစပ္မႈ ပိုေကာင္းတယ္လို႔ ေျပာလိုတာပါ။ ကြင္းလယ္ကေန သြင္းဂိုးေတြ ပိုသြင္းႏုိင္ပါတယ္။ ဒါေပမယ့္ လီဗာပူးရဲ႕ ဖိအားေတြကို ကိုင္တြယ္ႏုိင္ပံုနဲ႔ဆိုရင္ ေျပာရတာေတာ့ ခက္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

UNICODE

လီဗာပူးအသင်း တိုက်စစ်မှူးဟောင်း ဟက်စကီးက အသင်းဟောင်း လီဗာပူးတို့ မန်စီးတီးထံက သရဖူဘွဲ့ကို လွဲပြောင်းယူဖို့ အလားအလာကောင်းနေပေမယ့် အရန်အင်အားးကို ဖြည့်တင်းဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရနေပေမယ့် တိုက်စစ်ကတော့ ဖာမင်နို၊ ဆာလက်၊ မာနေးတို့ကိုပဲ အားကိုးနေရတာဖြစ်ပြီး သူတို့ သုံးဦးတွဲ ပွဲမထွက်ရင် သွင်းဂိုးအတွက် ရုန်းကန်နေရတတ်တာဖြစ်တယ် ဟက်စကီးကတော့ ဒီသုံးဦး မရှိရင် လီဗာပူးရဲ့ လူစာရင်းက ပြီးပြည့်စုံခြင်း မရှိတော့ပဲ လူသစ်ခေါ်ယူမှုတွေနဲ့ အရန်အင်အားကို အားဖြည့်သင့်တယ်လို့ သုံးသပ်ခဲ့တယ်။

ဟက်စကီးက ” ဒီအခြေအနေမှာ မန်စီးတီးဟာ တောင့်တင်းတဲ့ အကောင်းဆုံး လူစာရင်းးကို ပိုင်ဆိုင်နေတာပါ။ မန်စီးတီးက ကစားသမားတွေ တစ်ခုခုဖြစ်ရင်လည်း မန်နေဂျာအလိုကျ အကောင်းဆုံးလုပ်ဖို့ အစားဝင်နိုင်တဲ့ ကစားသမားတွေ ရှိနေဆဲပါ။ လီဗာပူးမှာက ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ မကစားနိုင်ရင် တူညီတဲ့အသင်း မဟုတ်တော့ပါဘူး။ အသင်းသား တောင့်တင်းမှုမှာ မန်စီးတီးက ပိုသာနေပါတယ် ” လို့ မြင်တယ်။

လီဗာပူးမှာကလည်း ကီတာ ဒဏ်ရာအနည်းငယ် ရနေခဲ့တာကလွဲလို့ ဝိုက်နယ်ဒမ်၊ ဟန်ဒါဆန်၊ မီလ်နာ တို့က ကွင်းလယ် နေရာစုံ ကစားနိုင်ပြီး ချိန်ဘာလိန်၊ ဖာဘင်ညိုတို့ကလည်း သူတို့နဲ့ တွဲဘက်ပြီး ကစားနိုင်ပါတယ်။ ဒီကွင်းလယ်ဟာ လိုအပ်ချက်ကြီး တစ်ခုရှိရင် ကလပ်အတွက် သွင်းဂိုး ထည့်ဝင်နိုင်မှုတွေမှာပဲ ဖြစ်ပါတယ်။

သူကပဲ ” မန်စီးတီးကွင်းလယ်က ပိုကောင်းတယ်လို့ မြင်ပါတယ်။ လီဗာပူးကွင်းက ဆိုးတယ်လို့ ပြောတာ မဟုတ်ပါဘူး။ ကစားသမား ပေါင်းစပ်မှု ပိုကောင်းတယ်လို့ ပြောလိုတာပါ။ ကွင်းလယ်ကနေ သွင်းဂိုးတွေ ပိုသွင်းနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ ဖိအားတွေကို ကိုင်တွယ်နိုင်ပုံနဲ့ဆိုရင် ပြောရတာတော့ ခက်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။