အဂၤါေန႔ ေနာ္တင္ဟမ္ေဖာ္ရက္နဲ႔ ကာရာေဘာင္းပြဲမတိုင္ခင္ အာဆင္နယ္အသင္းရဲ႕ ဒဏ္ရာရကစားသမားေတြနဲ႔ ပက္သက္ျပီး ကလပ္အသင္းဘက္က သတင္းထုတ္ျပန္မႈေတြ လုပ္လာခဲ့ျပီျဖစ္ပါတယ္။ သတင္းေကာင္းကေတာ့ အက္စတြန္ဗီလာနဲ႔ပြဲမွာ အသင္းသားေတြ တစ္ဦးမွ ဒဏ္ရာရခဲ့ျခင္း မရွိပါဘူး။

အာဆင္နယ္ဝဘ္ဆိုဒ္က ေဖာ္ျပမႈမွာေတာ့ တနဂၤေႏြေန႔ပြဲမွာ အနီကဒ္ျပခံရတဲ့ ညာအစြန္လူ မစ္လန္ေနးဟာ ၾကားရက္ပြဲမွာ ပါဝင္ႏုိင္မွာ မဟုတ္ေတာ့ပါဘူး။ ဒါ့အျပင္ တိုက္စစ္မွဴး လာကာဇက္တီကလည္း ဘယ္ေျခက်င္းဝတ္ ဒဏ္ရာတိုးတက္လာဖို႔က ဆက္လက္ျပီး ၾကိဳးစားေနရဆဲျဖစ္ကာ ေအာက္တိုဘာလလေလာက္မွ ေဘာလံုးျပန္ကစားႏုိင္မွာျဖစ္ပါတယ္။

ခံစစ္မွဴးဟိုးဒင္က ျပန္ကစားႏုိင္ေနျပီျဖစ္ျပီး ကာရာေဘာင္းနဲ႔ပြဲမွာ ေရြးခ်ယ္လို႔ ၇ေနပါျပီ။ မာဘရိုပါႏိုစ့္က စီနီယာအသင္းနဲ႔ ေလ့က်င့္ေရးအျပည့္ ျပန္ဆင္းႏုိင္ခဲ့တဲ့အျပင္ ေသာၾကာေန႔က ဝုဗ္နဲ႔ ယူ-၂၃ ပြဲမွာလည္း ပြဲခ်ိန္ျပည့္ ပါဝင္ကစားႏုိင္ခဲ့ပါတယ္။

ညာအစြန္ ဘယ္လာရင္ကလည္း စီနီယာအသင္းနဲ႔ ေလ့က်င့္ေရးအျပည့္ ျပန္ဆင္းႏုိင္ခဲ့ျပီး ဝုဗ္နဲ႔ ယူ-၂၃ ပြဲမွာ ပြဲခ်ိန္ ၆၂ မိနစ္ၾကာ ပါဝင္ကစားႏုိင္ခဲ့တယ္။ ဘယ္အစြန္လူ တီရာေနးကလည္း အလားတူ ကစားႏုိင္ခဲ့တာျဖစ္ျပီး ႏွစ္ဦးလံုးဟာ ကာရာေဘာင္းပြဲအတြက္ ေရြးခ်ယ္ခံရဖို႔ အဆင္သင့္ျဖစ္ေနပါျပီ။

အာဆင္နယ္ဟာ ကာရာေဘာင္းပြဲမွာေတာ့ လူငယ္ကစားသမားေတြနဲ႔ ပြဲကစားရဖို႔ လိုအပ္ေနတဲ့ တီရာေနး၊ ဘယ္လာရင္တို႔ကို ေနရာေပးမွာျဖစ္ျပီး ဂိုးသမား မာတီနက္စ္လည္း ပြဲထြက္ခြင့္ရမယ္လို႔ ခန္႔မွန္းထားရတာပဲျဖစ္ပါတယ္။

UNICODE

အင်္ဂါနေ့ နော်တင်ဟမ်ဖော်ရက်နဲ့ ကာရာဘောင်းပွဲမတိုင်ခင် အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရကစားသမားတွေနဲ့ ပက်သက်ပြီး ကလပ်အသင်းဘက်က သတင်းထုတ်ပြန်မှုတွေ လုပ်လာခဲ့ပြီဖြစ်ပါတယ်။ သတင်းကောင်းကတော့ အက်စတွန်ဗီလာနဲ့ပွဲမှာ အသင်းသားတွေ တစ်ဦးမှ ဒဏ်ရာရခဲ့ခြင်း မရှိပါဘူး။

အာဆင်နယ်ဝဘ်ဆိုဒ်က ဖော်ပြမှုမှာတော့ တနင်္ဂနွေနေ့ပွဲမှာ အနီကဒ်ပြခံရတဲ့ ညာအစွန်လူ မစ်လန်နေးဟာ ကြားရက်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် တိုက်စစ်မှူး လာကာဇက်တီကလည်း ဘယ်ခြေကျင်းဝတ် ဒဏ်ရာတိုးတက်လာဖို့က ဆက်လက်ပြီး ကြိုးစားနေရဆဲဖြစ်ကာ အောက်တိုဘာလလလောက်မှ ဘောလုံးပြန်ကစားနိုင်မှာဖြစ်ပါတယ်။

ခံစစ်မှူးဟိုးဒင်က ပြန်ကစားနိုင်နေပြီဖြစ်ပြီး ကာရာဘောင်းနဲ့ပွဲမှာ ရွေးချယ်လို့ ၇နေပါပြီ။ မာဘရိုပါနိုစ့်က စီနီယာအသင်းနဲ့ လေ့ကျင့်ရေးအပြည့် ပြန်ဆင်းနိုင်ခဲ့တဲ့အပြင် သောကြာနေ့က ဝုဗ်နဲ့ ယူ-၂၃ ပွဲမှာလည်း ပွဲချိန်ပြည့် ပါဝင်ကစားနိုင်ခဲ့ပါတယ်။

ညာအစွန် ဘယ်လာရင်ကလည်း စီနီယာအသင်းနဲ့ လေ့ကျင့်ရေးအပြည့် ပြန်ဆင်းနိုင်ခဲ့ပြီး ဝုဗ်နဲ့ ယူ-၂၃ ပွဲမှာ ပွဲချိန် ၆၂ မိနစ်ကြာ ပါဝင်ကစားနိုင်ခဲ့တယ်။ ဘယ်အစွန်လူ တီရာနေးကလည်း အလားတူ ကစားနိုင်ခဲ့တာဖြစ်ပြီး နှစ်ဦးလုံးဟာ ကာရာဘောင်းပွဲအတွက် ရွေးချယ်ခံရဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အာဆင်နယ်ဟာ ကာရာဘောင်းပွဲမှာတော့ လူငယ်ကစားသမားတွေနဲ့ ပွဲကစားရဖို့ လိုအပ်နေတဲ့ တီရာနေး၊ ဘယ်လာရင်တို့ကို နေရာပေးမှာဖြစ်ပြီး ဂိုးသမား မာတီနက်စ်လည်း ပွဲထွက်ခွင့်ရမယ်လို့ ခန့်မှန်းထားရတာပဲဖြစ်ပါတယ်။