ခ်ယ္ဆီးအသင္းဟာ ဒီတပတ္ ၾကားရက္ ကာရာေဘာင္းပြဲစဥ္ အျဖစ္ လိဂ္တူးကလပ္ ဂရင္းစဘီအသင္းနဲ႕ စတန္းဖို႔ဘရစ္ခ်္မွာ ယွဥ္ျပိဳင္ ကစားဖို႔ ရွိေနပါတယ္။ ဒီပြဲမွာ အကယ္ဒမီ လူငယ္ကစားသမားေတြကို အားျပဳ ပြဲထုတ္လာဖြယ္ ရွိျပီး ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ ထိုပြဲမွာ အိုဒြိဳင္းနဲ႕ ရစ္စီ ဂ်ိမ္းစ္တို႔ ပါ၀င္ကစားေစမယ္လို႔ အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

အသက္ ၁၈ နွစ္သား တိုက္စစ္မွဴး အိုဒြိဳင္းဟာ ကာလရွည္ ဒဏ္ရာကေန ျပန္လည္သက္သာ ေကာင္းမြန္လာေနျပီး စီနီယာအသင္းၾကီးနဲ႕ ဒီရာသီမွာ ပထမဆံုး ျပန္ ပါ၀င္ကစားခြင့္ ရမွာပါ။ အသင္းနဲ႕ ေလာေလာလတ္လတ္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ အိုဒြိဳင္းဟာ ခ်ယ္ဆီး U23 နဲ႕ အတူ နွစ္ၾကိမ္ ပါ၀င္ကစားထားျပီး ျဖစ္ပါတယ္။ လမ္းပတ္ကေတာ့ ဒီတပတ္ ကာရာေဘာင္းပြဲမွာ အိုဒြိဳင္းကို ကစားေစျပီး အေကာငး္ဆံုး ပံုစံ ျပန္ျမင္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ခ်ယ္ဆီးလူငယ္ အစြန္ ခံစစ္မွူး ရစ္စီ ဂ်ိိမ္းစ္ကေတာ့ ျပီးခဲ့တဲ့ ရာသီ ၀ီဂန္မွာ အငွားထြက္ ကစားခဲ့ျပီး အလားအလာေကာင္းေတြ ျပသခဲ့တာပါ။ ဒါေၾကာင့္ လမ္းပတ္က ပထမအသင္းၾကီးထံ ၄င္းကို ပါ၀င္ကစားေစဖို႔ ၾကံရြယ္ခဲ့ပါတယ္။

ကြီတာက ဒီရာသီ အေကာင္းဆံုး ေျခစြမ္း မျပသနုိင္ေသးသည့္တိုင္ လီဗာပူးနဲ႕ ပြဲမွာ ေကာင္းစြာ ကစားျပခဲ့ပါတယ္။ ဒါေပမယ့္ ကြီတာအတြက္ တစ္ေယာက္တည္း ပြဲထြက္ေနရာ ထိန္းထားဖို႔ ဖိအားမ်ားလြန္းေနျပီး ဂ်ိမ္းစ္ အေနနဲ႕ ၀င္ေရာက္ကူညီဖို႔ အသင့္ ျဖစ္ေနပါျပီ။ အသက္ ၂၀ အရြယ္ ခံစစ္မွဴးကလည္း ေျခက်င္း၀တ္ ဒဏ္ရာက ျပန္ေကာင္းလာတာ ျဖစ္ကာ အိုဒြိဳင္းနဲ႕ အတူ U23 နဲ႕ ပါ၀င္ကစားထားပါတယ္။

လမ္းပတ္ အေနနဲ႕ ဒီတပတ္ ကာရာေဘာင္းပြဲကေန အသင္းၾကီးမွာ ပိုျပီး အင္အားျဖည့္နုိင္မယ့္ လူငယ္ေတြ အင္အားကို ျမင္ရဖို႔ အခြင့္အလမ္းေကာင္းေတြ ရွိေနျပီး အိုဒြိဳင္း ျပန္လာတာကာ ခ်ယ္ဆီး တိုက္စစ္ကို ပိုမို အားေကာင္းသြားေတာ့မွာ ျဖစ္ပါတယ္။

Myan News

UNICODE – ချယ်ဆီးအသင်းဟာ ဒီတပတ် ကြားရက် ကာရာဘောင်းပွဲစဉ် အဖြစ် လိဂ်တူးကလပ် ဂရင်းစဘီအသင်းနဲ့ စတန်းဖို့ဘရစ်ချ်မှာ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။ ဒီပွဲမှာ အကယ်ဒမီ လူငယ်ကစားသမားတွေကို အားပြု ပွဲထုတ်လာဖွယ် ရှိပြီး ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ထိုပွဲမှာ အိုဒွိုင်းနဲ့ ရစ်စီ ဂျိမ်းစ်တို့ ပါဝင်ကစားစေမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

အသက် ၁၈ နှစ်သား တိုက်စစ်မှူး အိုဒွိုင်းဟာ ကာလရှည် ဒဏ်ရာကနေ ပြန်လည်သက်သာ ကောင်းမွန်လာနေပြီး စီနီယာအသင်းကြီးနဲ့ ဒီရာသီမှာ ပထမဆုံး ပြန် ပါဝင်ကစားခွင့် ရမှာပါ။ အသင်းနဲ့ လောလောလတ်လတ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားတဲ့ အိုဒွိုင်းဟာ ချယ်ဆီး U23 နဲ့ အတူ နှစ်ကြိမ် ပါဝင်ကစားထားပြီး ဖြစ်ပါတယ်။ လမ်းပတ်ကတော့ ဒီတပတ် ကာရာဘောင်းပွဲမှာ အိုဒွိုင်းကို ကစားစေပြီး အကောင်းဆုံး ပုံစံ ပြန်မြင်ရဖို့ မျှော်လင့်နေပါတယ်။

ချယ်ဆီးလူငယ် အစွန် ခံစစ်မှူး ရစ်စီ ဂျိမ်းစ်ကတော့ ပြီးခဲ့တဲ့ ရာသီ ဝီဂန်မှာ အငှားထွက် ကစားခဲ့ပြီး အလားအလာကောင်းတွေ ပြသခဲ့တာပါ။ ဒါကြောင့် လမ်းပတ်က ပထမအသင်းကြီးထံ ၎င်းကို ပါဝင်ကစားစေဖို့ ကြံရွယ်ခဲ့ပါတယ်။

ကွီတာက ဒီရာသီ အကောင်းဆုံး ခြေစွမ်း မပြသနိုင်သေးသည့်တိုင် လီဗာပူးနဲ့ ပွဲမှာ ကောင်းစွာ ကစားပြခဲ့ပါတယ်။ ဒါပေမယ့် ကွီတာအတွက် တစ်ယောက်တည်း ပွဲထွက်နေရာ ထိန်းထားဖို့ ဖိအားများလွန်းနေပြီး ဂျိမ်းစ် အနေနဲ့ ဝင်ရောက်ကူညီဖို့ အသင့် ဖြစ်နေပါပြီ။ အသက် ၂၀ အရွယ် ခံစစ်မှူးကလည်း ခြေကျင်းဝတ် ဒဏ်ရာက ပြန်ကောင်းလာတာ ဖြစ်ကာ အိုဒွိုင်းနဲ့ အတူ U23 နဲ့ ပါဝင်ကစားထားပါတယ်။

လမ်းပတ် အနေနဲ့ ဒီတပတ် ကာရာဘောင်းပွဲကနေ အသင်းကြီးမှာ ပိုပြီး အင်အားဖြည့်နိုင်မယ့် လူငယ်တွေ အင်အားကို မြင်ရဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပြီး အိုဒွိုင်း ပြန်လာတာကာ ချယ်ဆီး တိုက်စစ်ကို ပိုမို အားကောင်းသွားတော့မှာ ဖြစ်ပါတယ်။

Myan News