ဖီဖာရဲ႕ The Best ဆုေတြေပးအပ္မယ့္ ဆုေပးပြဲကို တနလၤာေန႔ညက မီလန္ျမိဳ႕မွာ ျပဳလုပ္ခဲ့ရာ ဆန္ကာတင္ စာရင္းပါ၀င္ေနတဲ့ လီဗာပူးအသင္းမွ နည္းျပ ကေလာ့ပ္၊ ဂိုးသမား အယ္လီဆန္နဲ႕ ခံစစ္မွဴး ဗန္ဒိုက္တို႔ သံုးဦး တက္ေရာက္ခဲ့ပါတယ္။

ထိုပြဲမွာ ဖီဖာက ခ်ီးျမႇင့္တဲ့ The Best FIFA Men’s Coach 2019 ဆုကို ယာဂင္ကေလာ့ပ္နဲ႔ ဂိုးသမားဆုကို အယ္လစ္ဆန္က ရရွိသြားပါတယ္။ အေကာင္းဆံုးအသင္းမွာေတာ့ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ ပါဝင္ခဲ့ပါတယ္။

လီဗာပူးမန္ေနဂ်ာယာဂင္ကေလာ့ပ္က မီလန္ျမိဳ႕က ဆုေပးပြဲမွာ မႏွစ္ကရာသီ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရခဲ့ေပမယ့္ ဒီရာသီ ကလပ္အသင္းရဲ႕ ဦးစားေပးက ပရီးမီးယားလိဂ္ဖလားျဖစ္ျပီး အႏုိင္ရလိုတယ္လို႔ ေျပာဆိုပါတယ္။

The Best FIFA ရဲ႕ ၁၁ ဦးစာရင္း ေၾကညာရာမွာ လီဗာပူးမွ ေရာ္ဘတ္ဆန္၊ ထရန္႔နဲ႔ မာေနးတို႔ မပါခဲ့တဲ့အတြက္ ေဝဖန္ခံရမႈေတြ မ်ားေနပါတယ္။ သူတို႔ေနရာမွာေတာ့ ရီးရဲမွာ ရုန္းကန္ေနရတဲ့ မာဆယ္လို၊ ရာမိုစ့္တို႔ ပါဝင္ေနခဲ့တာပါ။

လီဗာပူးအသင္းဟာ ဒီတပတ္ လိဂ္၀မ္းကလပ္ MK Dons အသင္းနဲ႕ ကစားမယ့္ ကာရာေဘာင္း ပြဲမွာ လူငယ္ ဂိုးသမား ကလဲဟားကို အခြင့္အေရး ေပးဖို႔ ျပင္ဆင္ေနပါတယ္။ ထိုပြဲမွာ စီနီယာအသင္းၾကီးမွ အဓိက ကစားသမား ေတာ္ေတာ္မ်ားမ်ားကို ကေလာ့ပ္က အနားေပးဖြယ္ ရွိပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ရာနႈန္းျပည့္ နိုင္ပြဲ ယူထားကာ အစေကာင္းထားေပမယ့္ လီဗာပူး ခံစစ္မွဴး အန္ဒီ ေရာ္ဘတ္ဆန္ ကေတာ့ ၄င္းတို႔ဟာ အမွတ္ေပးဇယားကို စိတ္၀င္စားစရာ ေကာင္းလာတဲ့ အေနအထား မေရာက္မခ်င္း ၾကည့္ေနမွာ မဟုတ္ဘဲ ပံုစံေကာင္းကို ဆက္လက္သယ္ေဆာင္သြားဖို႔သာ အာရံုထားေၾကာင္း ေျပာဆိုလိုက္ပါတယ္။

လန္ဒန္မွာ လီ​ဗာပူးတို႔ ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္​ရ႐ွိခဲ့တဲ့ ပြဲစဥ္​မွာ ညာအစြန္လူ ထရန္႔ရဲ႕ သြင္​းဂိုးကို အလန္ရွီးယားက ခ်ီးက်ဴးလိုက္ျပီး ညာ​ေနာက္​ခံလူဟာ ခံစစ္​ပိုင္​း စြမ္​း​ေဆာင္​ရည္​​ေကာင္​း​ေတြနဲ႔ မာေက်ာ္ ၾကံ႕ခိုင္တဲ့ စိတ္​ဓာတ္​ပိုင္းကိုပါ ျပသသြားခဲ့တယ္​လို႔ ဆိုသြားပါတယ္​။

UNICODE

ဖီဖာရဲ့ The Best ဆုတွေပေးအပ်မယ့် ဆုပေးပွဲကို တနင်္လာနေ့ညက မီလန်မြို့မှာ ပြုလုပ်ခဲ့ရာ ဆန်ကာတင် စာရင်းပါဝင်နေတဲ့ လီဗာပူးအသင်းမှ နည်းပြ ကလော့ပ်၊ ဂိုးသမား အယ်လီဆန်နဲ့ ခံစစ်မှူး ဗန်ဒိုက်တို့ သုံးဦး တက်ရောက်ခဲ့ပါတယ်။

ထိုပွဲမှာ ဖီဖာက ချီးမြှင့်တဲ့ The Best FIFA Men’s Coach 2019 ဆုကို ယာဂင်ကလော့ပ်နဲ့ ဂိုးသမားဆုကို အယ်လစ်ဆန်က ရရှိသွားပါတယ်။ အကောင်းဆုံးအသင်းမှာတော့ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ ပါဝင်ခဲ့ပါတယ်။

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်က မီလန်မြို့က ဆုပေးပွဲမှာ မနှစ်ကရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့ပေမယ့် ဒီရာသီ ကလပ်အသင်းရဲ့ ဦးစားပေးက ပရီးမီးယားလိဂ်ဖလားဖြစ်ပြီး အနိုင်ရလိုတယ်လို့ ပြောဆိုပါတယ်။

The Best FIFA ရဲ့ ၁၁ ဦးစာရင်း ကြေညာရာမှာ လီဗာပူးမှ ရော်ဘတ်ဆန်၊ ထရန့်နဲ့ မာနေးတို့ မပါခဲ့တဲ့အတွက် ဝေဖန်ခံရမှုတွေ များနေပါတယ်။ သူတို့နေရာမှာတော့ ရီးရဲမှာ ရုန်းကန်နေရတဲ့ မာဆယ်လို၊ ရာမိုစ့်တို့ ပါဝင်နေခဲ့တာပါ။

လီဗာပူးအသင်းဟာ ဒီတပတ် လိဂ်ဝမ်းကလပ် MK Dons အသင်းနဲ့ ကစားမယ့် ကာရာဘောင်း ပွဲမှာ လူငယ် ဂိုးသမား ကလဲဟားကို အခွင့်အရေး ပေးဖို့ ပြင်ဆင်နေပါတယ်။ ထိုပွဲမှာ စီနီယာအသင်းကြီးမှ အဓိက ကစားသမား တော်တော်များများကို ကလော့ပ်က အနားပေးဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲ ယူထားကာ အစကောင်းထားပေမယ့် လီဗာပူး ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန် ကတော့ ၎င်းတို့ဟာ အမှတ်ပေးဇယားကို စိတ်ဝင်စားစရာ ကောင်းလာတဲ့ အနေအထား မရောက်မချင်း ကြည့်နေမှာ မဟုတ်ဘဲ ပုံစံကောင်းကို ဆက်လက်သယ်ဆောင်သွားဖို့သာ အာရုံထားကြောင်း ပြောဆိုလိုက်ပါတယ်။

လန်ဒန်မှာ လီဗာပူးတို့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ညာအစွန်လူ ထရန့်ရဲ့ သွင်းဂိုးကို အလန်ရှီးယားက ချီးကျူးလိုက်ပြီး ညာနောက်ခံလူဟာ ခံစစ်ပိုင်း စွမ်းဆောင်ရည်ကောင်းတွေနဲ့ မာကျော် ကြံ့ခိုင်တဲ့ စိတ်ဓာတ်ပိုင်းကိုပါ ပြသသွားခဲ့တယ်လို့ ဆိုသွားပါတယ်။