အာဆင်နယ်ရဲ့ အလေးအနက် ချိတ်ဆက်ခြင်း ခံနေရတဲ့ ချယ်ဆီး တိုက်စစ်သမား ကိုင်ဟာဗက်ဇ် က လက်ရှိကလပ်နဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်တော့မှာ မဟုတ်ကြောင်း အသိပေးခဲ့ပါတယ်။ ချယ်ဆီးနဲ့ အင်္ဂလန် ကွင်းလယ် ကစားသမား မေဆန်မောင့် ဟာ မန်ချက်စတာ ယူနိုက်တက်ကိုပဲ အသင်း ပြောင်းရွှေ့ လိုနေတာက ချန်ပီယံလိဂ် ကစားချင်လို့ ဖြစ်ကြောင်း သိရပါတယ်။ ချယ်ဆီးအသင်းဟာ ဗီလာရီးရဲလ် တိုက်စစ်သမား နီကိုးလက်စ် ဂျက်ဆန်ကို ခေါ်ယူနိုင်ရေး စာချုပ်ပါအတိုင်း ယူရို ၃၅ သန်းပေးမှာ ဖြစ်ပါတယ်။… Continue Reading →
လုခ်ရှောကတော့ လက်ရှိ နိုင်ငံတကာ သီတင်းပတ် အင်္ဂလန်အသင်းမှာ ရှိစဉ် ရိုက်စ်နဲ့ ဟယ်ရီ ကိန်းကို သီးသန့်စကားပြောကာ မန်ချက်စတာ ယူနိုက်တက် အသင်း ဘယ်လောက်ကောင်းကြောင်း ပြောပြီး အသင်း ပြောင်းလာဖို့ အေးဂျင့်လုပ်ကာ စည်းရုံးနေပါတယ်။ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်လာတော့မှာကြောင့် လူ ၈၀၀ လောက် ရှိတဲ့ ယူနိုက်တက် ဝန်ထမ်းတွေဟာ သူတို့ အလုပ်ခိုင်မာမှု အတွက် စိုးရိမ်နေကြပါတယ်။ အဲဗာတန်အသင်းဟာ ဘဏ္ဍာရေး ရှင်းတမ်းတွေ ထိန်းညှိရာမှာ ငွေလိုနေတာကြောင့် သူတို့ ဂိုးသမား ပစ်ဖို့ဒ်ကို… Continue Reading →
ချယ်ဆီးအသင်းဟာ ဗီလာရီးရဲလ်အသင်းမှ တိုက်စစ်သမား နီကိုးလက်စ် ဂျက်ဆန် ကို နောက်အပတ်ထဲ တရားဝင် ကမ်းလှမ်းမှာ ဖြစ်ပါတယ်။ သူ့အတွက် စာချုပ်ပါကြေး ယူရို ၃၅ သန်း ပေးရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာက ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကမ်မစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် ဘိုင်ယန် ဘက်က ဆွေးနွေး ညှိနှိုင်လိုခြင်း မရှိပါဘူး။ ဆော်ဒီကလပ် Al Nassr အသင်းဟာ ချယ်ဆီးတိုက်စစ်သမား ဇီယက်ချ်ကို ခေါ်ယူရေး စကားပြောနေပြီး သဘောတူညီမှု ရတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ… Continue Reading →
အာဆင်နယ် အသင်းဟာ ဂျာမနီ တိုက်စစ်သမား ကိုင်ဟာဗက်ဇ် အတွက် ကမ်းလှမ်းမှု လုပ်လိုက်ပြီး ချယ်ဆီးကလည်း ချက်ချင်း ပယ်ချခဲ့ကြောင်း သတင်းထွက်လာပါတယ်။ ဂန်းနားတို့က နောက်ထပ် ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်ဦးမှာပါ။ ဒီဂီယာဟာ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ဆော်ဒီကလပ် Al Hilal အသင်းထံ ၃ နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့မယ်လို့ သတင်းကြီးလာနေပါတယ်။ ကိုဗာဆစ်အတွက် စီးတီးနဲ့ ချယ်ဆီးတို့ တိုက်ရိုက် စကားပြောနေပြီဖြစ်ကာ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖွယ် ရှိနေပါပြီ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ… Continue Reading →
ချယ်ဆီးအသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ပေါင် သန်း ၇၀ + ပေါင် ၁၀ သန်းဖြင့် ချိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ ဒီနွေမှာ အမ်ဘာပေကို ခေါ်ယူဖို့ ချယ်ဆီးအသင်းကော လီဗာပူးအသင်းပါ ဝင်ရောက် ချိတ်ဆက်မှာ မဟုတ်ဘူးလို့ သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့် အတွက် ပေါင် သန်း ၅ဝ နဲ့ စတင် ကမ်းလှမ်းလိုက်ပြီး ချယ်ဆီး အသင်းကတော့ ချက်ချင်းပဲ ပယ်ချလိုက်ပါတယ်။ ချယ်ဆီးက မောင့်… Continue Reading →
အမ်ဘာပေ ဟာ စာချုပ်သစ် နောက်ထပ် သက်တမ်းတိုး မချုပ်ဆိုတော့တာကြောင့် ပီအက်စ်ဂျီ က ပြင်သစ်သားကို ရောင်းချဖို့ စဉ်းစားလာပါတယ်။ ဘာပေ ကို ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးနဲ့ ချယ်ဆီး အသင်းတို့က စောင့်ကြည့်နေပါပြီ။ အာဆင်နယ်အသင်းဟာ ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီကို ဝယ်ယူမယ့် ကလပ်အသင်း ရှာဖွေနေပါတယ်။ လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဗယ်ဗာဒီ အား ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းမှု လုပ်ထားကြောင်း… Continue Reading →
ယူနိုက်တက်နဲ့ သတင်းထွက်ထားတဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် နေမာ ကို ဆော်ဒီဘက်က အသင်းတွေက ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ယူနိုက်တက်ဟာ အသင်းပိုင်ရှင်သစ် အဖြစ် ဗြိတိန်သူဌေးလား ကာတာ အုပ်စုလား ဆိုတာ ဒီတပတ်ထဲမှာ ဆုံးဖြတ်ချက် ချကာ လက်လွှဲရောင်းချတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပိုင်ရှင် ကိစ္စ မပြီးပြတ် မချင်း ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကလည်း နှောင့်နှေးနေတာကြောင့် ဖြစ်ပါတယ်။ စပါးအသင်းဟာ ယူနိုက်တက် တောင်ပံတိုက်စစ်သမား ဆန်ချိုအား ပေါင် သန်း ၅၀ နဲ့… Continue Reading →
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂီယာ နေရာ အစားထိုးဖို့ ပစ်မှတ်အဖြစ် ပေါ်တို ဂိုးသမား ဒီယေဂို ကော်စတာကို ချိန်ရွယ်နေသော် လည်း ပေါ်တို တောင်းဆိုတဲ့ ဈေး ယူရို ၇၅ သန်းကိုတော့ မပေးလိုဘူး ဖြစ်နေပါတယ်။ ယူနိုက်တက်ဟာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။ အင်္ဂလန်သား အတွက် ယူနိုက်တက်က ပေါင် သန်း ၃ဝ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီး ၎င်းကို ချယ်ဆီး… Continue Reading →
လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာသွားတဲ့ ကွင်းလယ်လူ နာဘီကိတ်တာဟာ ဘွန်ဒက်လီဂါကလပ် ဝါဒါဘရီမင် အသင်းထံ ရောက်ရှိသွားပါပြီ။ နည်းပြတန်ဟက်က ခံစစ်မှူး လင်ဒီအော့ကို လုံးဝ လက်လွတ်ခံမှာ မဟုတ်ဘဲ လာမယ့်ရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက်အတွက် ဆက်ထိန်းသွားမှာပါ။ ရီးရဲလ်မက်ဒရစ်က ချယ်ဆီး တိုက်စစ်သမား ကိုင်ဟာဗက်ကို သဘောကျပေမယ့် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ပေးဖို့တော့ ဆန္ဒမရှိဘူး ဖြစ်နေပါတယ်။ တောင်တင်ဟမ်နဲ့ နယူးကာဆယ်တို့ဟာ မတ်ဒီဆန်ကို လက်မှတ်ထိုးရေး ပြိုင်ဆိုင်သွားကြဖွယ် ရှိပါတယ်။ လက်စတာ ကနေ ထွက်ခွာမယ့်… Continue Reading →
© 2025 Myan News — Powered by WordPress
Theme by Anders Noren — Up ↑