Category

Prediction

နာမည်ကျော် ChatGPT ရဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ ကွန်မြူနတီဒိုင်း ပွဲစဉ် အတွက် အသေးစိတ် သုံးသပ် ခန့်မှန်းချက်

ဘောလုံးရာသီရဲ့ ပထမဆုံး ဆုဖလားကို ရယူဖို့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ဒုတိယနေရာ ရခဲ့တဲ့ အာဆင်နယ် အသင်းတို့ဟာ ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားပြီး ပြိုင်ဆိုင် ကြတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ဘယ်လိုတွေ ကစားကြမလဲ၊ ဘယ်ရလဒ် ထွက်လာမလဲ ဆိုတာကို နာမည်ကျော် AI ပလက်ဖောင်း ဖြစ်တဲ့ ChatGPT ကို မေးမြန်းရာ အသေးစိတ်ကို ပြန် ဖြေကြားလာတယ် လို့ သိရပါတယ်။ ” ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ မန်စီးတီးက… Continue Reading →

လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်း ဖြစ်နိုင်မလဲ သုံးသပ်ခန့်မှန်းသွားတဲ့ ဂရေမီ ဆောင်းနက်

ဝါရင့် သုံးသပ်သူကြီး ဂရေမီ ဆောင်းနက်က လာမယ့်ရာသီ ပရီးမီးယားလိဂ် မှာ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ သုံးသပ်မှု ပြုလုပ်သွားပါတယ်။ ဒီနှစ်တွေမှာ မန်စီးတီးက အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးလာနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း အမှတ်ပေးဖလား ၅ ကြိမ် အထိ မန်စီးတီးကပဲ အနိုင်ရခဲ့ပြီး လီဗာပူး တစ်သင်းတည်းကပဲ မန်စီးတီးရဲ့ အောင်မြင်မှုကို ရပ်တန့်နိုင်ခဲ့ဖူးတာပါ။ ဒါပေမယ့် လာမယ့်ရာသီ အဲ့လို ဖြစ်လာမယ်လို့ ဆောင်းနက်က မမြင်ပါဘူး။ ” ပရီးမီးယားလိဂ်ကို တစ်သင်းတည်းက လွှမ်းမိုးထားတာမျိုး ဖြစ်လာမယ်လို့… Continue Reading →

မန်စီးတီး – အင်တာမီလန် တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက် ပေါမာဆန်ရဲ့ သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာစီးတီးနဲ့ အင်တာမီလန်အသင်းတို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် လာမယ့် စနေနေ့ည၊ အစ္စဘူလ်မှာ ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။ ဥရောပ ဗိုလ်လုပွဲ ဖြစ်တဲ့ ဒီ ပွဲကြီးပွဲကောင်းအတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်က အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။ ” ကျနော်ကတော့ မန်စီးတီးဘက်က ရှိချင်တာပေါ့။ ဒါပေမယ့် အတိတ်မှာလည်း လွန်ခဲ့တဲ့ ၂နှစ်တုန်းက လူတွေက ဒီလိုပဲ ချယ်ဆီးနဲ့ တွေ့တုန်းက ထင်ခဲ့ကြဖူးတယ်။ ဒီတကြိမ်က စီးတီး အကောင်းစား အခွင့်အရေး ရနေတာပါ။… Continue Reading →

ဒီည ဖီအိုရင်တီးနား – ဝက်စ်ဟမ်း တို့ရဲ့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ အတွက် ပေါမာဆန်ရဲ့ သုံးသပ် ခန့်မှန်းချက်

ယူရိုပါ ကွန်းဖရန့်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကတော့ ဒီနေ့ညမှာ ဖီအိုရင်တီးနားနဲ့ ဝက်စ်ဟမ်း အသင်းတို့ ထိပ်တိုက်တွေ့ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ” ပွဲကတော့ မှန်းရခက်တဲ့ ပွဲပါ။ ပြိုင်ပွဲ ကျင်းပမယ့် ကွင်းကလည်း လုံးဝ စိတ်ပျက်စရာပဲ။ အဲဒီကွင်းမှာ လူ ၂ သောင်းပဲ ဆံ့တယ်။ ပြိုင်ပွဲကောင်း တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေပြီး ဖိုင်နယ်ပွဲကိုကျ ဘယ်မှာ သွား လုပ်ကြတာတဲ့လဲ။ ?… Continue Reading →

မန်စီးတီးပဲ ဒီည အက်ဖ်အေ ဖလားရမယ် တညီတည်း ဆိုလာကြတဲ့ ဆက်တန်၊ မီကာရစ်ချက်နဲ့ ကီယွန်

မန်ချက်စတာ မြို့ခံ နှစ်သင်း ဖြစ်တဲ့ စီးတီးနဲ့ယူနိုက်တက် တို့ဟာ ဒီနေ့ စနေနေ့ည မြန်မာစံတော်ချိန် ၈နာရီခွဲ အချိန်၊ ဝင်ဘာလေကွင်းကြီးမှာ အက်ဖ်အေဖလား ဖိုင်နယ်ပွဲ အဖြစ် ထိပ်တိုက်တွေ့ကာ ဗိုလ်လုကြတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွက် ပရီးမီးယားလိဂ် ဆရာကြီးတွေ ဖြစ်ကြတဲ့ မီကာရစ်ချက်၊ ခရစ်ဆက်တန်၊ မာတင်ကီယွန် တို့ ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ မီကာရစ်ချက် ခန့်မှန်းချက် စီးတီးက ဘောလုံးပိုင်ဆိုင်မှုကတော့ အသာရမှာပဲ။ ဒါပေမယ့် ဒါက ပွဲရလဒ်အပေါ် တိုက်ရိုက်ကြီး သက်ရောက်မယ်တော့… Continue Reading →

ဒီည မန်စီးတီး – မန်ယူ အက်ဖ်အေ ဗိုလ်လုပွဲ အတွက် ပေါမာဆန်က ကြိုတင် ဟောကိန်းထုတ်လိုက်ပါပြီ

မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ထိပ်တိုက် တွေ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားတော့မှာပါ။ ဝါရင့် ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ဖိုင်နယ်ကတော့ မန်ချက်စတာ ယူနိုက်တက် အတွက် သူတို့ မြို့ခံပြိုင်ဘက်အသင်း ဖလား ၃ လုံးရသွားမှာကို တားဆီးနိုင်တဲ့ တခုတည်းသော… Continue Reading →

အိမ်ကွင်း အရှုံးနဲ့ မန်ယူတို့ ပရီးမီးယားလိဂ် ရာသီ သိမ်းမယ် ဟောကိန်း ထုတ်လာတဲ့ ဆရာကြီး ပေါမာဆန်

မန်ချက်စတာယူနိုက်တက် ဟာ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲ အဖြစ် မနက်ဖြန် တနင်္ဂနွေနေ့မှာ လန်ဒန်ကလပ် ဖူလ်ဟမ် အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားကြမယ့် ပွဲချိန်ကတော့ တနင်္ဂနွေ ည ၁၀ နာရီမှာပါ။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ပေါမာဆန်ကတော့ ဒီပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။ ပေါမာဆန်ကတော့ ထူးထူးခြားခြားပဲ ရာသီနောက်ဆုံးပွဲ၊ အိမ်ကွင်းပွဲ ဖြစ်သည့်တိုင် မန်ယူ အရှုံးလို့ ခန့်မှန်းလာတာပါ။… Continue Reading →

ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ – ရာသီအပိတ်ပွဲတွေ အတွက် ဆရာကြီး ပေါမာဆန်ကတော့ ကြိုတင် သုံးသပ် ဟောကိန်း ထုတ်ပါပြီ

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ရဲ့ နောက်ဆုံးပွဲ ဖြစ်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ပွဲတွေ အတွက် ဆရာကြီး ပေါမာဆန်ရဲ့ ခန့်မှန်းချက်တွေက အခုလို ထွက်ရှိနေပြီ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် VS မန်စီးတီး မန်စီးတီးက ကစားသမားတိုင်းကို အနားပေးရင်တောင် အသင်းကောင်းတစ်သင်း ထုတ်နိုင်တုန်းပါပဲ။ ဘရိုက်တန်နဲ့ပွဲမှာ ဒါကို တွေ့ပြီးပါပြီ။ ဟာလန်းက ဘရိုက်တန်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဒီရာသီ ပြိုင်ပွဲစုံ ဂိုး ၆၀ ပြည့်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးက ဖလားသုံးလုံး စိန်ခေါ်နေတာမို့လို့… Continue Reading →

ဆရာကြီး ပေါမာဆန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် သုံးသပ် ခန့်မှန်းချက်တွေ ထွက်ပါပြီ

ဒီအပတ် အဆုံးအဖြတ်ပွဲတွေ ပါဝင်နေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဝါရင့် ဆရာကြီး ပေါမာဆန် ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။ လီဗာပူး vs အက်စတွန်ဗီလာ အက်စတွန်ဗီလာက ပြီးခဲ့တဲ့ စပါးနဲ့ ပွဲမှာ ရလဒ်ကောင်း ရခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးကိုသာ အဲဒီလို လိုင်းမြင့်မြင့် တက် ကစားရင် ဒီတပတ် အနည်းဆုံး ၄ ဂိုးလောက် ပေးရလိမ့်မယ်။ ဗီလာရဲ့ ပြသနာက သူတို့ ဥရောပ ဝင်ခွင့် တစ်နေရာကို… Continue Reading →

© 2025 Myan News — Powered by WordPress

Theme by Anders NorenUp ↑