Category

Prediction

ဒီအပတ်လည်း အာဆင်နယ် နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

အာဆင်နယ် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ နော်တင်ဟမ် ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က နော်တင်ဟမ် ဖောရက်စ် vs အာဆင်နယ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။ ” ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်ကို အရေးနိမ့်လိုက်တာကြောင့် အာဆင်နယ်ရဲ့… Continue Reading →

ဆရာကြီး လော်ရိုး ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ခန့်မှန်းချက်များ ထွက်ပါပြီ

ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေအတွက် နာမည်ကျော် ဝါရင့် ခန့်မှန်းသူကြီးဖြစ်တဲ့ လော်ရိုးရဲ့ ပွဲကြို ခန့်မှန်းချက် တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ ချယ်ဆီး vs နော်တင်ဟမ် ဖောရက်စ် ဆောက်သမ်တန်ကို ရင်ဆိုင်တုန်းက ဖောရက်စ်တို့ ရလဒ်ကောင်းရခဲ့ပါတယ်။ ချယ်ဆီးကလည်း ဘုန်းမောက်နဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့တယ်။ ဒီပွဲမှာတော့ ချယ်ဆီးတို့ ဆက်ပြီး အနိုင်ယူကာ အမှတ်ပေးဇယား အပေါ်ကို ပြန်တက်လာမယ် ထင်ပါတယ်။ လော်ရိုး ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-0 နော်တင်ဟမ် ဖောရက်စ် မန်ယူနိုက်တက် vs… Continue Reading →

ထင်ထားတာထက် ပွဲက ပိုကောင်းမယ် ဆိုတဲ့ ဒီည မန်ယူ – ဝုဗ် ပွဲစဉ် အတွက် ဘီဘီစီ ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဝုဗ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ကစားကြမယ့် ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန် ဖြစ်ပါတယ်။ ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် က မန်ချက်စတာ ယူနိုက်တက် နဲ့ ဝုဗ် အသင်းတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ” ယူနိုက်တက်နဲ့… Continue Reading →

ဝါရင့် ဆရာကြီး ပေါမာဆန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေ အတွက် သုံးသပ် ခန့်မှန်းချက်တွေ ထွက်ပါပြီ

ဝါရင့် ပွဲရလဒ် ခန့်မှန်းသူကြီး ပေါမာဆန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေအတွက် ပွဲကြို ခန့်မှန်းချက်တွေကို ဖော်ပြလိုက်ပါတယ်။ ချယ်ဆီး vs နော်တင်ဟမ် ဖောရက်စ် ဖိအားတွေရင်ဆိုင်နေရတဲ့ ဆောက်သမ်တန်ကို ရင်ဆိုင်ကစားရာမှာ နော်တင်ဟမ် ဖောရက်စ်က အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ဖောရက်စ်တို့ ရလဒ်ကောင်းထွက်ရေး ရုန်းကန်သွားရမယ်လို့ ထင်မိပါတယ်။ ချယ်ဆီးက သူတို့ရဲ့ အကောင်းဆုံး ပုံစံမှာ ရှိမနေပေမယ့်လို့ ဒီပွဲမှာ ဖောရက်စ်တို့ ပိုကောင်းတဲ့အသင်း ဖြစ်လာမယ် မထင်ပါဘူး။ ဖောရက်စ်က စိတ်ချရတော့မယ့် အခြေအနေမှာ… Continue Reading →

ဒီည အဝေးကွင်းမှာ ဝက်စ်ဟမ်းကို မန်ယူ မနိုင်ဘူး ဟောကိန်း ထုတ်လာတဲ့ ဝါရင့်ဂန်းနားကြီး ပေါမာဆန်

ဒီနေ့ည ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံနေပြီး လန်ဒန် အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမှာပါ။ ကစားကြမယ့် ပွဲချိန်ကတော့ ဒီနေ့ တနင်္ဂနွေနေ့ည ၁၂ နာရီခွဲမှာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဝက်စ်ဟမ်း v မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ” မန်ချက်စတာ ယူနိုက်တက်က ဒီရာသီ အဝေးကွင်းတွေမှာ ရလဒ် မကောင်းပါဘူး။… Continue Reading →

နိုင်ပွဲတွေ ပြန်ယူဖို့ လိုနေတဲ့ မန်ယူ အသင်း ဒီအပတ် ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲ ဘယ်လို ဖြစ်မလဲ ဆက်တန် သုံးသပ်ခန့်မှန်း

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲမှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ပြီးနောက် ဒီသီတင်းပတ်ကုန် ပရီးမီးယားလိဂ်မှာတော့ လန်ဒန်ကလပ် ဝက်စ်ဟမ်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့ည ၁၂ နာရီခွဲမှာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ဘရိုက်တန်ကို FA မှာ နိုင်တဲ့ ပွဲ အပါအဝင် နိုင်ပွဲ ၂ ပွဲသာ ရှိထားတဲ့ မန်ယူ အသင်း… Continue Reading →

ဒီအပတ် အာဆင်နယ် အရှုံး လို့ ရဲရဲကြီး ဆိုလာတဲ့ ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ပွဲကြို ဟောကိန်းထုတ်မှု

အာဆင်နယ် အသင်းက ဒီအပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းကို အဝေးကွင်း မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁ဝ နာရီ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူကြီး ခရစ်ဆက်တန်က နယူးကာဆယ် နဲ့ အာဆင်နယ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။ ” ကြားရက်က အမ်းမရိတ်ပွဲကို ကျနော် တက်ကြည့်ခဲ့ပါတယ်။ အဲ့ပွဲမှာ အာဆင်နယ် အတော်လေး ကောင်းပါတယ်။… Continue Reading →

ဒီည ပွဲမှာ မန်ယူ သရေနဲ့ အရှုံး ခန့်မှန်းထားကြတဲ့ ပေါမာဆန်နဲ့ ခရစ်ဆက်တန်ရဲ့ ဟောကိန်းထုတ်မှုများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ညမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် အက်စတွန်ဗီလာ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ အိုးထရက်ဖို့ဒ်မှာ ဒီ တနင်္ဂနွေနေ့ည ၇ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ခန့်မှန်း ဆရာကြီးတွေ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်နဲ့ ဘီဘီစီမှ ခရစ်ဆက်တန် တို့ကတော့ ဒီပွဲမှာ မန်ယူ သရေနဲ့ အရှုံးသာ ရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ပေါမာဆန် ခန့်မှန်းချက် ဒီပွဲက စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။… Continue Reading →

ဒီအပတ် EPL ပွဲတွေ အတွက် ဘီဘီစီ ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်များ

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်ကတော့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။ ဖူလ်ဟမ် Vs မန်စီးတီး အားလုံး လက်ခံထားကြတဲ့ ယေဘုယျ သဘောကတော့ ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲက ပြီးသွားပါပြီ။ မန်ချက်စတာ စီးတီးကပဲ ဒီ ၆ ရာသီအတွက် ၅ ကြိမ်မြောက် ချန်ပီယံ ဖြစ်တော့မှာပါ။ စီးတီးက ဗုဒ္ဓဟူးနေ့ အာဆင်နယ်နဲ့ ပွဲမှာ တကယ်ကို ကေငာ်းခဲ့တာပါ။ သူတို့က ဂန်းနားတို့ကို တကယ်ပဲ… Continue Reading →

© 2025 Myan News — Powered by WordPress

Theme by Anders NorenUp ↑