Date

September 2, 2019

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူလို့ အန်ဒီ ရော်ဘတ်ဆန် ချီးကျူး ခံရ

ZAWGYI – လီဗာပူး ခံစစ်မှူးဟောင်း စတီဖင် ၀ါးနော့ခ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူဟာ လီဗာပူး ဘယ်ခြမ်းခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန် ဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်နှစ်ဆက် တက်ရောက်နိုင်ပြီး မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအသင်းမှာ နောက်ခံအစွန်လူတွေဖြစ်ကြတဲ့ အာနိုးနဲ့ ရော်ဘတ်ဆန်တို့ရဲ့ အရေးပါမှုကို အများစုက ချီးကျူးနေကြပါတယ်။ ဒီထဲမှာ လီဗာပူး နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ စတီဖင်ဝါနော့ခ်လည်း အပါအဝင်ဖြစ်ပြီး ရော်ဘတ်ဆန်ဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။ ရော်ဘတ်ဆန်ဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ လီဗာပူးးအတွက် ပရီးမီးယားလိဂ်… Continue Reading →

မန်ယူအသင်းသားတွေထဲမှာ ခိုကပ်မှု မရှိဆုံး ကစားသမားကို ထုတ်ဖော်ချီးကျူးတဲ့ ဆိုးရှား

မန်ယူမန်နေဂျာဆိုးရှားက လက်ရှိ ကလပ်အသင်းသားတွေထဲမှာ အကြိုးစားဆုံး ကစားသမားက ဂျိမ်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး အသင်းသားတွေအားလုံး အတုယူသင့်တယ်လို့ သတိပေးလိုက်ပါတယ်။ ဆိုးရှားက ဂျိမ်းကို နေရာပေးနေရတာက သွင်းဂိုးကြောင့်ပဲ မဟုတ်ကြောင်းနဲ့ ကစားသမားလေးဟာ လေ့ကျင့်ရေးမှာကော ကွင်းထဲမှာပါ စံနမူနာထားရအောင် ကြိုးစားလွန်းတာကြောင့်လို့ ဆိုပါတယ်။ ဂျိမ်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဆွမ်ဆီးကနေ မန်ယူကို ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းနဲ့ ရောက်လာခဲ့သူဖြစ်ပါတယ်။ ဆိုးလ်ရှားက “ ဂျိမ်းစ်က အသင်းကို စရောက်တဲ့နေ့ကတည်းက ကြိုးစားနေခဲ့သူပါ။ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုးစားသလို ပွဲချိန်တွင်းမှာလည်း အစွမ်းကုန်… Continue Reading →

ပွဲစဉ်အကောင်းဆုံး၊ လန်ဒန်ဒါဘီပွဲ နောက်ဆက်တွဲတွေနဲ့ အာဆင်နယ် နံနက်ခင်းသတင်းများ

အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ မြောက်လန်ဒန်ဒါဘီပွဲ အဖြစ် အမ်းမရိတ်မှာ တနင်္ဂနွေညက ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် ၂ဂိုးစီ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ အာဆင်နယ် အတွက် လာကာဇက်တီနဲ့ အူဘာမီးယန်းတို့က ဂိုးသွင်းခဲ့ပြီး စပါးအတွက်တော့ အဲရစ်ဆန်နဲ့ ကိန်း (ပင်နယ်တီ)တို့ သွင်းယူခဲ့တာပါ။ မြောက်လန်ဒန်ဒါဘီမှာ အကောင်းဆုံးကစားသမား ဖြစ်ခဲ့သူက ဂူရန်ဒေါင်ဇီပါ။ ဒီလူငယ်လေးဟာ အခြားသော ဝါရင့် ကွင်းလယ်တွေထက် ပိုမိုခြေစွမ်းပြခဲ့ပြီး သွင်းဂိုးတွေမှာလည်း ပါဝင်ပက်သက်ခဲ့သူဖြစ်ပါတယ်။ အာဆင်နယ် တိုက်စစ်သမား အူဘာမီးယန်းကတော့ အမ်းမရိတ်မှာ ပွဲထွက် ကစားတဲ့ ၇ ပွဲ… Continue Reading →

ကမ္ဘာအဆင့် ဖာမင်နို၊ ဘိုင်ယန်ပစ်မှတ် အသင်းသားနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ဆာဒီယို မာနေးနဲ့ ဆာလက်ကြားမှာ ဘယ်လို မကျေလည်မှုမှ ရှိမနေဘူးလို့ လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ပြောကြားလိုက်ပါတယ်။ မာနေးဟာ ဘန်လေနဲ့ပွဲ ကွင်းထဲက ထွက်လာအပြီး ဒေါသတကြီး ပေါက်ကွဲနေမှုကို တွေ့ခဲ့ရပါတယ်။ အပြောင်းအရွှေ့ ပိတ်ခါနီးမှ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်ဟာ ဒဏ်ရာရသွားတဲ့ ချီလီနီ နေရာ အစားထိုးဖို့ အတွက် လီဗာပူး ခံစစ်မှူး လိုဗရန်နဲ့ ဘိုင်ယန်မြူးနစ်မှ ဘိုတန်တို့ကို ခေါ်ယူရန် ပစ်မှတ်ထားလာပါတယ်။ ဘန်လေနဲ့ ပွဲမှာ ထရန့် အလက်ဇန္ဒါးအာနိုးရဲ့ ကန်တင်ချက်ကနေ လှလှပပ… Continue Reading →

နံနက်ခင်း မန်ယူသတင်းထူး သတင်းဦးများ စုစည်းမှု (၂-၉-၂၀၁၉၊ တနင်္လာနေ့)

အပြောင်းအရွှေ့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ခဲ့ပေမယ့် ယူနိုက်တက် ကွင်းလယ်ကစား ပေါ့ဘာဟာ မန်ချက်စတာ ကလပ်နဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ခိုင်မာတဲ့ သဘောထား ရှိနေပြီး စိတ်အားထက်သန်နေတယ်လို့ သတင်းထွက်လာပြန်ပါတယ်။ ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်းနဲ့အတူ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတဲ့ လူငယ် တောင်ပံတိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်ကို ချီးကျူးစကား ဆိုလိုက်ပြီး အသင်းမှာ ရှိတဲ့သူတိုင်းက ဂျိမ်းစ်ကို နံမူနာကောင်း ယူသင့်ောကာင်း ပြောကြားလိုက်ပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ဟာ ဒီရာသီမှာ မန်ယူ အသင်းအတွက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!