Date

September 23, 2019

ချယ်ဆီးနဲ့ပွဲမှာ မာနေး ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာလို့ ထုတ်ပြောလိုက်တဲ့ ယာဂင်ကလော့ပ်

လီဗာပူးက ချယ်ဆီးကို အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲမှာ တောင်ပံသမား မာနေးကို ပွဲချိန် ၇၀ ကျော်မှာတင် ခပ်စောစော လူစားလဲခဲ့ရတာက ဒဏ်ရာကြောင့်ဖြစ်ကြောင်း ယာဂင်ကလော့ပ်က အတည်ပြုခဲ့ပြီဖြစ်ပါတယ်။ တောင်ပံတိုက်စစ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မာနေးဟာ ဒဏ်ရာကြောင့် ရုန်းကန်နေရခြင်းလို့ ကလော့ပ်က ဝန်ခံခဲ့ပြီး ကစားသမား ပုံမှန်အတိုင်း မကစားနိုင်တော့ခြင်းကြောင့် လူစားလဲဖို့ ကြိုးစားခဲ့ရတာပါလို့ ရှင်းပြခဲ့ပါတယ်။ လီဗာပူးဟာ မူလက ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို လူစားလဲမယ်လို့ ဆုံးဖြတ်ခဲ့ဟန်ရှိပြီး မာနေးရဲ့ ဒဏ်ရာကြောင့် ဝိုက်နယ်ဒမ်ကို တောင်ပံတိုက်စစ်ကို လိုက်ပါစေခဲ့ကာ မီလ်နာကို… Continue Reading →

ချယ်ဆီးပွဲအပြီး လီဗာပူးအသင်းသားတွေ သတိပေးမှု ပြုလုပ်လာတဲ့ ယာဂင်ကလော့ပ်

ချယ်ဆီးအသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရတဲ့နောက် လီဗာပူးဟာ အမှတ်ပေးလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲကို ဆက်လက် ဖော်ဆောင်နိုင်ခဲ့ပြီး ၆ ပွဲကစား ၆ ပွဲ နိုင်ရလဒ်ကို ရရှိခဲ့တာဖြစ်တယ်။ လီဗာပူးဟာ ချယ်ဆီးကို အနိုင်ရလို့ ထိပ်ဆုံး လေးသင်းပြိုင်ဘက်တွေကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ရလဒ်မကောင်း ဖြစ်နေမှုကို ချေဖျက်နိုင်ခဲ့ပြီး ဒုတိယနေရာမှာ မန်စီးတီးကို ၅ မှတ်ထိ ဖြတ်ထားနိုင်ဆဲဖြစ်ကာ ရာသီစ တာထွက်လှနေဆဲလည်း ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ကတော့ အသင်းက ဘာအောင်မြင်မှုမှ ရထားတာမဟုတ်ပဲ… Continue Reading →

ဗီလာကို တစ်ယောက်လျော့နဲ့ အနိုင်ရမှုမှာ သူရဲကောင်းဖြစ်ခဲ့သူ ဂန်းနားအသင်းသားရဲ့ နုတ်ထွက်စကား

အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ အာဆင်နယ်ဟာ တစ်ယောက်လျော့ အနေအထားကနေ ပြိုင်ဘက် အက်စတွန်ဗီလာကို နောက်ကနေ အကြိမ်ကြိမ် လိုက်ကစားရပေမယ့် ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ပထမပိုင်းမှာ လိုအပ်ချက်တွေ များခဲ့ပေမယ့် ကလပ်အသင်းသားတွေဟာ အရှူံးမပေးလိုတဲ့ စိတ်ဓါတ်ကောင်းတွေနဲ့ နောက်ဆုံးမိနစ်ထိ တိုက်ခိုက်ခဲ့ပြီး ကလပ်အသင်းအတွက် အရေးပါတဲ့ နိုင်ပွဲကို ရယူပေးခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ ပွဲစဉ် ၆ အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို တက်လှမ်းလာနိုင်တာဖြစ်တယ်။ ဒီပွဲမှာ… Continue Reading →

အဝေးကွင်းမှာ ချယ်ဆီးကို အနိုင်ရပြီး အမှတ်ပေးလိဂ် ရာနှုန်းပြည့် နိုင်ပွဲကို ရှေ့ဆက်နေတဲ့ လီဗာပူး

လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် စတမ်းဖို့ဘရစ်မှာ ချယ်ဆီးအသင်းကို သွားရောက် ယှဉ်ပြိုင်ပြီး ဒုတိယပိုင်းမှာ ကန်တီ ခြေပဂိုး ရခဲ့ပေမယ့် ပထမပိုင်းမှ ထရန့်၊ ဖာမင်နိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ လီဗာပူးဟာ အဓိက ကစားသမားတွေ အပြည့်နဲ့ ပွဲထွက်လာခဲ့ပြီး နာပိုလီပွဲမှ ကွင်းလယ်လူ မီလ်နာတစ်ဦးကိုပဲ အပြောင်းအလဲလုပ်ခဲ့တာပါ။ ပွဲစကတည်းက နှစ်သင်းဟာ နေရာစုံ ပြိုင်ဆိုင်မှုတွေ စတင်ခဲ့တာဖြစ်ပြီး လီဗာပူးရဲ့ ဝါရင့်ကွင်းလယ်အတွဲက ဖာဘင်ညို၊ ဟန်ဒါဆန်တို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!