Date

September 23, 2019

လီဗာပူးနဲ့ပွဲအပေါ် သူ့ရဲ့အမြင်နဲ့ အနာဂတ် နိုင်ပွဲတွေအကြောင်း ပြောဆိုတဲ့ သွင်းဂိုးရှင် ကန်တီ

ချယ်ဆီးက ရလဒ်တွေမကောင်းဖြစ်နေပြီး ဒီရာသီ အိမ်ကွင်းနိုင်ပွဲကို လုံးဝ မရသေးပေမယ့်လို့ ဒဏ်ရာက ပြန်သက်သာလာတဲ့ ကွင်းလယ်လူ ကန်တီက အသင်းအတွက် တိုက်ခိုက်ပေးနိုင်တာကို ပျော်ရွှင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ကန်တီကတော့ ချယ်ဆီးဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ယုံကြည်နေပြီး လီဗာပူးနဲ့ပွဲ စွမ်းဆောင်ရည်တွေကို ဆက်ထိန်းနိုင်မယ်ဆိုရင် မကြာခင်မှာ ကလပ်အသင်းဟာ နိုင်ပွဲတွေကို ဆက်တိုက် ပြန်ရယူနိုင်မယ်ဆိုတာ ယုံကြည်နေတယ်။ ဒီအကြောင်းကိုလည်း ချယ်ဆီးအသင်းဝဘ်ဆိုဒ်ကနေပဲ သူက ပြောဆိုခဲ့ပါတယ်။ ချယ်ဆီးကွင်းလယ်လူ ကန်တီက ” အသင်းအတွက် ပြန်လည်ပွဲထွက်ပေးနိုင်တာ ကောင်းပါတယ်။ ဒီလို ပွဲကောင်းတစ်ပွဲမှာ… Continue Reading →

စတမ်းဖိုဒ့်ဘရစ်မှာ ကိုယ်အားပေးတဲ့ အသင်းကို ပရိသတ်ကြားက သွားအားပေးခဲ့တဲ့ လီဗာပူးအသင်းသား

လီဗာပူးအသင်းသားဖြစ်တဲ့ လန်ဒန်ဖွား လူငယ်စတားလေး အီလီယာ့ဟာ မနေ့က ယှဉ်ပြိုင်ကစားတဲ့ အမှတ်ပေးပွဲကိုတော့ စတမ်းဖိုဒ့်ဘရစ်ကွင်းထံသွားပြီး ပွဲကြည့်စင်ကနေ အားပေးခဲ့ပါတယ်။ လီဗာပူးက အာနိုး၊ ဖာမင်နိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အဆိုပါပွဲကို အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့တာပါ။ လီဗာပူးအတွက်ကတော့ ကြီး ၆ ကြီး ပြိုင်ဘက်တစ်သင်းရဲ့ အိမ်ကွင်းမှာ အနိုင်ရလဒ် ထွက်ပေါ်အောင် ကြိုးစားနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီ တာထွက်ကောင်းနေမှုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာဖြစ်တယ်။ ဖူလ်ဟမ်အသင်း ကစားသမားဟောင်းဖြစ်သူ အီလီယာ့ကတော့ ပရိသတ်တွေနဲ့အတူ လီဗာပူးရဲ့ နိုင်ပွဲကို အောင်ပွဲခံခဲ့ပြီး သူကွင်းထဲမှာ… Continue Reading →

အီလီယာ့၊ ဘရူးစတားတို့ ဦးဆောင်မယ့် MK Dons ပွဲအတွက် လီဗာပူး အရန် ပွဲထွက်လူစာရင်း

ချယ်ဆီးနဲ့ပွဲမှာ သတိထားမိစရာကတော့ လီဗာပူးအသင်းသားတွေဟာ ပွဲပန်းနေကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ အခြားသော အသင်းတွေထဲ သီတင်းပတ် နှစ်ပတ်ကျော် နောက်ကျပြီးမှ ရာသီသိမ်းခဲ့ရတဲ့ လီဗာပူးအသင်းဟာ နားရက် လုံလောက်စွာ မရထားပါဘူး။ နွေမှာ အာဖရိက ကစားသမားတွေနဲ့ တောင်အမေရိကကစားသမားတွေဟာ လက်ရွေးစင်တွေအတွက် စေလွှတ်ခံခဲ့ရသလို ဥရောပကစားသမားတွေကလည်း နေရှင်းလိဂ်ပြိုင်ပွဲကို ပါဝင်ခဲ့ကြရတာပါ။ လီဗာပူးဟာ နယူးကာဆယ်၊ နာပိုလီနဲ့ ချယ်ဆီးတို့ကို ဆက်တိုက် ယှဉ်ပြိုင်ရာမှာ စီနီယာတွေ ပွဲပန်းနေခဲ့ပြီး မာနေး ဒဏ်ရာရခဲ့တဲ့ အနေအထားကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။ ကြားရက်မှာတော့ လီဗာပူးက လိဂ်ဖလား… Continue Reading →

ချယ်ဆီးနဲ့ပွဲ ဖရီးကစ် ကန်သွင်းမှု နည်းဗျူဟာအကြောင်း ရှင်းပြသွားတဲ့ အလက်ဇန္ဒား အာနိုး

ချယ်ဆီးနဲ့ပွဲမှာ လီဗာပူးရခဲ့တဲ့ အဖွင့်ဂိုးဟာ ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းမှုဖြစ်ပြီး လီဗာပူးဘက်က ဟန်ဒါဆန်၊ ထရန့်နဲ့ ဆာလက်တို့ရဲ့ ပူးပေါင်း လုပ်ဆောင်တဲ့ နည်းဗျူဟာကနေ ဂိုးရခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်က ဖရီးကစ်ကို ဟန်ဒါဆန်က ကန်သွင်းဖို့ဖြစ်ပြီး သူနဲ့ အာနိုးတို့ စကားပြောပြီးမှာ ကန်ရမယ့်နေရာက လူကာထားတဲ့ ဝေါကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲတာကြောင့် ဂိုးသမားဘက်ကို တိုက်ရိုက်ကန်ဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။ ကန်ရမယ့် အချိန်မှာတော့ ဟန်ဒါဆန်က ဆာလက်ကို လက်ပြခဲ့ပြီး ဆာလက်က လမ်းကြောင်းထဲ ချပေးမှုကို ထရန့်က အပြင်း ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ အလက်ဇန္ဒား… Continue Reading →

ကောင်းရှုံးကြီး ဆိုတာ ချယ်ဆီးပရိသတ်တွေ အသားကျမသွားဖို့ မော်ရင်ညို သတိပေး

လီဗာပူးကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ချယ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်ဟာ ကောင်းမွန်တယ်လို့ အသိအမှတ်ပြုမှုတွေ ရှိပြီး ချယ်ဆီး ပရိသတ်တွေ ဟာ ပွဲအပြီးမှာ ပွဲကြည့်စင်ကနေ လက်ခုပ်သံများနဲ့ အားပေးထောက်ခံမှုကို ပြသခဲ့ပါတယ်။ ခက်ခဲမှုတွေ ရှိနေတဲ့ အခြေအနေတွေကြောင့် ချယ်ဆီးက ဒီရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မှာ မဟုတ်ကြောင်း အများက လက်ခံထားကြပြီး ခက်ခဲမှုတွေကြားက အကောင်းဆုံး အနေအထားကိုသာ မျှော်လင့်နေကြပါတယ်။ ချယ်ဆီးနည်းပြဟောင်း မော်ရင်ညိုကတော့ ပရိသတ်တွေ အနေနဲ့ ကောင်းလျက်နဲ့ ရှုံးခဲ့တယ် ဆိုတဲ့ အသင်းရလဒ်တွေကို လက်ခံတာ… Continue Reading →

အရင်အပတ်က ဗီလိန် ဒီအပတ်မှာ ဟီးရိုးဖြစ်ခဲ့ပြန်တဲ့ အာဆင်နယ် အသင်းသား

အရင်အပတ်က အာဆင်နယ်ဟာ ဝတ်ဖို့ကို အံ့အားသင့်ဖွယ် ဒုတိယပိုင်း ခြေစွမ်းတွေကြောင့် အနိုင်ဂိုးတွေကို မထိန်းနိုင်းပဲ ခြေပဂိုးတွေပေးခဲ့ရကာ သရေရလဒ်ပဲ ရယူနိုင်ခဲ့ပြီး ဒီအပတ်မှာတော့ နောက်ဆုံးအချိန်ထိ တိုက်ခိုက်လိုမှုတွေနဲ့ အိမ်ကွင်းမှာ တစ်ယောက်လျော့ကိုမှ အနိုင်ရလဒ် ရယူနိုင်ခဲ့ပါတယ်။ ဝတ်ဖို့နဲ့ပွဲမှာ ပွဲမပြီးခင်မှာပဲ အိမ်ရှင်အသင်းကို ၁-၂ ဆိုတဲ့ ရလဒ်ကို လက်ချောင်းထောင်ကာ ဒါဘီပြိုင်ဘက်တွေကို လှောင်ပြောင်ခဲ့တဲ့ ဂွမ်ဒေါင်ဇီကို ပွဲအပြီးမှာ ဝတ်ဖို့အသင်း တရားဝင် တွစ်တာကနေပြီး တုန့်ပြန်လှောင်ပြောင်မှုတွေ လုပ်ခဲ့ကြတယ်။ ဒါကြောင့်လည်း ဂွမ်ဒေါင်ဇီဟာ ဝေဖန်မှုတွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့… Continue Reading →

အာဆင်နယ်ရဲ့ အနိုင်ဂိုးရှင် အူဘာဝန်ခံတဲ့ ပြောမပြနိုင်အောင် ပျော်ရွှင်ကြောင်း မျှဝေမှု

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်က အက်စတွန်ဗီလာကို အနိုင်ရမှုမှာ သူ့ရဲ့ ပျော်ရွှင်ကျေနပ်မှုကို လူမှုကွန်ယက်ကနေ ဖော်ပြသွားခဲ့ပြီး ဂန်းနားတို့ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်က သူ့ရဲ့ ပျော်ရွှင်ကျေနပ်မှုကို မျှဝေခဲ့ပါတယ်။ အာဆင်နယ်ဟာ ၁၁ ဦး ၁၁ ဦး အနေအထားမှာ ပြိုင်ဘက်ကို ထိန်းချုပ်ကစားနိုင်ခြင်း မရှိပဲ လိုအပ်ချက်တွေ များခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ ဒုတိယပိုင်းမှာတော့ အရင်အပတ်ကနဲ့ မတူပဲ အိမ်ကွင်းမှာ တိုက်ပွဲဝင်လိုစိတ်ကို ပြသခဲ့ပြီး ဂွမ်ဒေါင်ဇီ ချမ်ဘာတို့ရဲ့ ထူးချွန်မှုကြောင့် အခွင့်အရေးတွေ ရခဲ့ကာ ပီပီဟာ အာဆင်နယ်ကစားသမားဘဝ ပထမဆုံး… Continue Reading →

လီဗာပူးက ချန်ပီယံဖြစ်ဖို့ ပွိုင့်ကိုပဲ ဦးတည်နေတာလို့ သုံးသပ်ကြတဲ့ ရွိုင်ကိန်းနဲ့ ကာရေဂါ

ချယ်ဆီးကို အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲအတွင်း ပထမပိုင်းမှာ ထူးချွန်ခဲ့ပေမယ့် ဒုတိယပိုင်း ပွဲပြီးခါနီး မိနစ် ၃၀ မှာ လီဗာပူးခြေစွမ်း ညံ့ဖျင်းခဲ့တာအတွက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ကာရေဂါနဲ့ မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်းကတော့ အဆိုပါ အမြင်တွေကို ငြင်းဆန်ခဲ့ကြပါတယ်။ ကာရေဂါက လီဗာပူးဟာ ကိုယ်လုပ်သင့်တဲ့ အရေးကြီးဆုံး ကိစ္စကို အဆုံးထိ လုပ်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ကုန်ခဲ့တဲ့ နှစ်တွေမှာ လီဗာပူးဟာ အဝေးကွင်းတွေမှာ နိုင်ပွဲရခြင်း မရှိခဲ့ပဲ ရုန်းကန်ခဲ့ရပေမယ့် ချယ်ဆီးနဲ့ပွဲမှာတော့ ဒါကို ရင်ဆိုင်… Continue Reading →

ချယ်ဆီးက လီဗာပူးထက် ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တယ်

ချယ်ဆီးအသင်းဟာ တနင်္ဂနွေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းကို စတန်းဖို့ဘရစ်ခ်ျမှာ ဧည့်ခံ ကစားရာ ၂-၁ နဲ့ အရေးနိမ့် ခဲ့ပါတယ်။ ချယ်ဆီးက လီဗာပူးကို ကောင်းစွာ ယှဉ်ကစားနိုင်ခဲ့ပြီး VAR ခွင့်မပြုခဲ့တဲ့ ဂိုးနဲ့ အပိုင်အခွင့်အရေးများ အသုံးမချနိုင်ခဲ့တာကြောင့် နိုင်ပွဲနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။ ” စွမ်းဆောင်ရည်ပိုင်း ကြည့်မယ်ဆိုရင် ချယ်ဆီးက ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တာပါ။ ကျနော်တို့က ဒီပွဲအပေါ် အားအင်တွေ သွန်ပြီး ပိုသုံးခဲ့သလို စိတ်ဓာတ်ရေးရ အရ၊ အရည်အသွေးအရ ပိုသာခဲပါတယ်။ ဒါကြောင့်လည်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!