Date

November 10, 2019

အန်းဖီးကွင်းမှာ အောက်အသင်းက မန်စီးတီး မဟုတ်ဘူးလို့ ဂွာဒီယိုလာ သတိပေး

မန်စီးတီးတည်းပြ ပက် ဂွာဒီယိုလာက လက်ရှိ အမှတ်ပေးဇယားမှာ ဦးဆောင်နေသူ လီဗာပူးနဲ့ ယှဉ်ပြိုင် ကစားရမယ့် ပွဲမှာ အများပြောနေကြသလို မန်စီးတီးက အရှုံးတွေ့မယ့် အောက် အသင်း မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ လီဗာပူးက ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားပြီးချိန်မှာ မန်စီးတီးထက် ၆ မှတ် အသာရထားပြီး ဒီတပတ်မှာလည်း အန်းဖီးမှာ ဧည့်ခံ ကစားရမှာ ဖြစ်လို့ နိုင်ပွဲရရင် အမှတ် ပိုဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။ မန်စီးတီးကလည်း ၁၉၈၁ ကနေ ခုချိန်ထိ လီဗာပူးကို… Continue Reading →

ကွီတာနေရာမှာ ရိစ် ထည့်ရတဲ့ အကြောင်းရင်းနဲ့ ခြေစွမ်းထက်ခဲ့တဲ့ လူငယ်အပေါ် လမ်းပတ်ရဲ့ သုံးသပ်မှု

ချယ်ဆီးမန်နေဂျာလမ်းပတ်က အသင်းခေါင်းဆောင် ကွီတာနေရာမှာ ရိစ်ကို ထည့်ကစားတာက သူ့ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး တိုက်စစ်ပိုင်းကို ပိုကောင်းတဲ့ အခွင့်အရေးတွေရဖို့ဆိုတဲ့ ဦးတည်ချက်အတွက် အပြောင်းအလဲလုပ်ခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ အေဂျက်ကို ၄-၄ နဲ့ အနိုင်ရတဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး သွင်းဂိုးလည်း ရခဲ့သေးတဲ့ ရိစ်ဟာ တိုက်စစ်နဲ့ ခံစစ်မှာ ဟန်ချက်ညီညီကစားနိုင်မှုကြောင့် သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲကို ကစားခွင့်ရခဲ့တယ်။ လိဂ်ရဲ့ အကောင်းဆုံး တောင်ပံလူတွေထဲက တစ်ဦးဖြစ်တဲ့ ဇာဟာကို ထိန်းချုပ်ခဲ့ရပေမယ့် အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ “ ရိစ်က လိဂ်ရဲ့… Continue Reading →

ဒဏ်ရာ ရှိနေလျက် ကစားခဲ့တဲ့ ပူလီဆစ်ရဲ့ အခြေအနေအား လမ်းပတ် ဖွင့်ဟ

ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ နဲ့ နိုင်တဲ့ ပွဲ အပြီးမှာ ချယ်ဆီးနည်းပြ လမ်းပတ်က အသင်း သွင်းဂိုးရှင် ပူလီဆစ်ဟာ ထိုပွဲကို ဒဏ်ရာ ရှိလျက် ဝင်ကစားခဲ့တ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပြီး အမေရိကန်သားရဲ့ စွမ်းဆောင်ရည်ကို ချီးမြှောက် ပြောဆိုသွားပါတယ်။ အေဗရာဟမ်ရဲ့ အဖွင့် ဂိုး အပြီးမှာ ပူလီဆစ်က ပဲလေ့စ်ဘက် ခေါင်းတိုက်ဂိုး လှလှပပ သွင်းယူပေးခဲ့ပါတယ်။ ” ပူလီဆစ်က ပင်ကိုအရည်အချင်း အများကြီး ရှိတဲ့သူ၊ အသင်းအတွက် ကစားသမားကောင်း တစ်ယောက် ဖြစ်မယ့်သူလို့ ကျနော်… Continue Reading →

တိုက်စစ်မှူး ဖာမင်နိုကို နှစ်သက်ရတဲ့ အကြောင်းရင်းကို ထုတ်ပြောတဲ့ ရော်နယ်ဒင်ဟို

ဘရာဇီး ဂန္တဝင်ဟောင်းကြီး ရော်နယ်ဒင်ဟိုက သူဟာ လီဗာပူးအသင်းမှ တိုက်စစ်မှူး ဖာမင်နိုကို သဘောကျသူဖြစ်ပြီး တိုက်စစ်သမားဟာ ကမ္ဘာအဆင့် ကစားသမားတစ်ဦးပါလို့ ထုတ်ဖော်ချီးကျူးမှု ပြုလုပ်သွားပါတယ်။ ဗြိတိန်သတင်းဌာနဖြစ်တဲ့ ဂါးဒီးယန်းနဲ့ အင်တာဗျူးမှာ ရော်နယ်ဒင်ဟိုက ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံး ဘရာဇီးကစားသမားဖြစ်သူ ဖာမင်နိုကို ထည့်သွင်း ချီးကျူးမှု လုပ်ခဲ့တာဖြစ်တယ်။ ဖာမင်နိုဟာ ဒီရာသီ လီဗာပူးအတွက် တိုက်စစ်မှာ အဓိကကျသူဖြစ်ပြီး သွင်းဂိုးတွေအတွက် ရေသောက်မြစ်အဖြစ် ကစားပေးနိုင်စွမ်း ရှိသူဖြစ်တယ်။ ၂၀၁၅ ခုနှစ်မှာ ဂျာမနီကလပ် ဟော့ဖန်ဟိန်းကနေ ပြောင်းလာခဲ့တဲ့ ဖာမင်နိုဟာ မာဆေးဆိုဒ်ကလပ်နဲ့အတူ… Continue Reading →

ဘရိုက်တန်နဲ့ပွဲ အတွက် မန်ချက်စတာယူနိုက်တက် ခန့်မှန်းလိုင်းအပ်

မန်ချက်စတာယူနိုက်တက်ဟာ ကြားရက်က ပါတီဇန်ဘဲလ်ဂရိတ်ကို နိုင်ထားတဲ့ပွဲက စွမ်းဆောင်ရည်ကို ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဆက်လက် သယ်ဆောင် ကစားဖို့ ကြိုးစားပါလိမ့်မယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဘုန်းမောက်ကို ရှုံးခဲ့တာ အတွက် ကောင်းစွာ တုန့်ပြန်နိုင်ဖို့ စိတ်အားထက်သန်နေမှာ ဖြစ်ပြီး အသင်း တိုက်စစ်ကလည်း ကြားရက်ကပွဲမှာ သုံးဂိုး ပြန်သွင်းထားပြီဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ ပွဲမတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ နည်းပြ ဆိုးရှားက မက် တော်မီနေးနဲ့ လင်ဒီလော့ဖ်တို့ဟာ ဒဏ်ရာကနေ သက်သာနေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!