Date

November 12, 2019

အမှတ်ပေးမှာ ဒီနှစ် ခြေမချော်ဖို့ လီဗာပူးရထားတဲ့ အတွေ့အကြုံကောင်းကို ဗန်ဒိုက်ဖွင့်ဟ

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက နာကျင်ခဲ့ရတဲ့ သင်ခန်းစာတွေကို သင်ယူခဲ့ရပြီး ဖြစ်ကာ ဒီရာသီမှာ ထပ်မံ လွဲချော်ဖို့ ခွင့်ပြုတော့မှာ မဟုတ်ကြောင်း လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က ထုတ်ဖော် ပြောဆိုလာပါတယ်။ ဒီရာသီ ပရီးမီးယာလိဂ်မှာ ရှုံးပွဲ မရှိအောင် ထိန်းထားနိုင်ဆဲ ဖြစ်တဲ့ လီဗာပူးက လက်ရှိ ချန်ပီယံ မန်စီးတီးထက် ၉ မှတ် အသာ ရထားပြီ ဖြစ်ပါတယ်။ လီဗာပူးက ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ တစ်မှတ်တည်းနဲ့ လွဲခဲ့ရသလို တစ်ရာသီလုံး… Continue Reading →

ကြံ့ခိုင်မှုဆိုင်ရာ သတင်းကောင်းတစ်ခု သတင်းဆိုးတစ်ခု ရခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက်ကွင်းလယ်လူ တော်မီနေးဟာ ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ကာလတစ်ခု အနားယူနေရဖို့ ရှိနေပြီး နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ပြန်ကစားရမယ့် ရှက်ဖီး၊ ဗီလာပွဲကနေမှ စပါးနဲ့ပွဲထိကို လွဲချော်သွားနိုင်တယ်လို့ သိရပါတယ်။ တော်မီနေးဟာ အဆိုပါပွဲ အပါအဝင် ရှက်ဖီး၊ အက်စတာနာနဲ့ အက်စတွန်ဗီလာပွဲတွေထိကိုပါ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်သွားနိုင်ပါတယ်။ စကော်တလန်ကွင်းလယ်လူ ရရှိခဲ့တဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်ကို သိရဖို့က နောက်ထပ် ၇၂ နာရီထိ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ဒဏ်ရာက လေးပတ်လောက်ထိ အနားယူရနိုင်တယ်လို့ ကနဦး တွက်ချက်ထားရတာဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ပွဲအပြီးမှာ မန်နေဂျာဆိုးရှားက… Continue Reading →

အာဆင်နယ်နဲ့ အပြောင်းအရွှေ့အကြောင်း မာရက်ဇ် ဝန်ခံစကား ဆိုလာခဲ့

လက်ရှိ မန်စီးတီးမှာ ကစားနေပြီ ဖြစ်တဲ့ တောင်ပံတိုက်စစ်သမား မာရက်ဇ်က ၎င်းဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လုနီးပါး ရှိခဲ့ကြောင်း ဝန်ခံလိုက်ပြီး ထိုစဉ်က လက်စတာအသင်းရဲ့ တားဆီးမှုကြောင့် ပျက်ပြယ်ခဲ့ရကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။ လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာပြီးနောက် ကြယ်ပွင့် ကစားသမားတွေကို လက်လွှတ်ရဖို့ ကြုံခဲ့ပါတယ်။ ကန်တေက ချယ်ဆီးသို့ ပြောင်းရွှေ့သွားပြီးနောက် ဗာဒီနဲ့ မာရက်ဇ်ကလည်း အာဆင်နယ်ရဲ့ ချိတ်ဆက်မှု ခံယူခဲ့ရပါတယ်။ ၂၀၁၆ မှာ မာရက်ဇ် အာဆင်နယ်သို့ ပြောင်းရွှေ့ဖို့ ဖြစ်မြောက်လုနီးပါး ရှိခဲ့ပေမယ့်… Continue Reading →

ဒဏ်ရာပြဿနာကြောင့် အမေရိကန်လူစာရင်းကနေ ပူလီဆစ် နုတ်ထွက်

ချယ်ဆီးတောင်ပံသမား ပူလီဆစ်ဟာ နိုင်ငံတကာသီတင်းပတ်အတွင်း အမေရိကန်အသင်း ယှဉ်ပြိုင်ကစားမယ့် ကနေဒါနဲ့ ကျူးဘားအသင်း ပွဲတွေမှာ ပါဝင်သွားတော့မှာ မဟုတ်ပဲ ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ ပူလီဆစ်ဟာ ပဲလေစ့်နဲ့ပွဲမှာ တင်ပါးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နိုင်ငံတကာ သီတင်းပတ်မှာ ကြံ့ခိုင်မှုကို ပြန်တက်ဆောက်ဖို့ လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းတာက အကောင်းဆုံးဖြစ်မယ်လို့ ရွေးချယ်ခဲ့တာပါ။ နွေတုန်းက ဒေါ့မွန်ကနေ လန်ဒန်အသင်းထံ ပြောင်းလာပြီးနောက် အထိုင်ကျဖို့ ခက်ခဲစွာ ရုန်းကန်ခဲ့ရတဲ့ ပူလီဆစ်ဟာ နောက်ပိုင်းမှာ ခြေစွမ်းပြသလာပြီး လိဂ်ပွဲ ၃ ပွဲမှာ သွင်းဂိုး ၅ ဂိုး ရထားတာဖြစ်ပါတယ်။… Continue Reading →

အင်္ဂလန်အသင်းနဲ့ ပူးပေါင်းစဉ် ရန်တစ်ပွဲ ထပ်ဖြစ်ကြတဲ့ ဂိုးမက်စ်နဲ့ စတာလင်

တနင်္ဂနွေနေ့က လီဗာပူးနဲ့ မန်စီးတီးတို့ အန်ဖီးမှာ ယှဉ်ပြိုင်ကစားပြီး အိမ်ရှင် လီဗာပူးက ၃-၁ နဲ့ အနိုင်ရခဲ့ကာ ရံှူးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းပြီး အမှတ်ပေးဇယားကို ၈ မှတ်အသာနဲ့ ဦးဆောင်နေဆဲဖြစ်ပါတယ်။ အဆိုပါပွဲမှာ လူစားဝင်ကစားသမား ဂိုးမက်စ်နဲ့ မန်စီးတီးတောင်ပံသမား စတာလင်တို့ အချင်းများမှု ဖြစ်ပွားခဲ့ပြီး လီဗာပူးအသင်းသားတွေဖြစ်တဲ့ မီလ်နာနဲ့ ဝိုက်နယ်ဒမ်တို့ တွန်းထုတ်မှုကြောင့် ခပ်မြန်မြန်ပဲ အဆုံးသတ်သွားခဲ့တယ်။ နောက်တစ်ရက်မှာတော့ အင်္ဂလန်အသင်းနဲ့ လူစာရင်းပူးပေါင်းမှုအတွင်း အင်္ဂလန်အသင်းကန်တင်းမှာတော့ စတာလင်က ဂိုးမက်စ်ကို စတင်ရန်စရာက ရန်တစ်ပွဲ ထပ်ဖြစ်ခဲ့ပြန်ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!