Date

December 3, 2019

အက်ဖ်အေဖလား တတိယအဆင့် မဲခွဲမှုမှာ မနှစ်က ပြိုင်ဘက်ဟောင်း ဝုဗ်နဲ့ ပြန်အတွဲကျတဲ့ ယူနိုက်တက်

အင်္ဂလန်ရဲ့ အဓိက ဆုဖလားပြိုင်ပွဲ သုံးခုထဲက တစ်ခုဖြစ်သလို သက်တမ်း အရင့်ဆုံး ဆုဖလားပြိုင်ပွဲလည်းဖြစ်တဲ့ အက်ဖ်အေဖလားအတွက် မဲခွဲမှုကို စတင်ခဲ့ပြီဖြစ်ပြီး ယူနိုက်တက်ရဲ့ ပြိုင်ဘက်အသင်းလည်း ပေါ်ထွက်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်က ပရီးမီးယားလိဂ်ပြိုင်ဘက်ဖြစ်တဲ့ ဝုဗ်အသင်းနဲ့ အတွဲကျခဲ့တာဖြစ်ပြီး ဒါဟာ မနှစ်တုန်းက ကွာတားဖိုင်နယ်မှာ ယူနိုက်တက်ကို အနိုင်ယူသွားတဲ့ ပြိုင်ဘက်ဟောင်းနဲ့ ပြန်လည် တွေ့ဆုံမှုပါ။ ဝုဗ်ဟာ ဒီရာသီမှာ ယူရိုပါလိဂ်ကို ပါဝင် ယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ယူနိုက်တက်နည်းတူ အုပ်စုအဆင့်ကနေ ကျော်လွန်ထားပါတယ်။ အက်ဖ်အေသမိုင်းမှာ အောင်မြင်ဆုံးအသင်းအဖြစ် အာဆင်နယ်နောက် ယူနိုက်တက်က ၁၂… Continue Reading →

ရိုနယ်ဒိုကို ပါးပါးပုတ်လိုက်တဲ့ ဗန်ဒိုက်နဲ့ ဒေါသတကြီး တုန့်ပြန်ခဲ့တဲ့ ရိုနယ်ဒိုရဲ့ အစ်မ ကာတီရာ

လီဗာပူး ခံစစ်မူှး ဗန်ဒိုက်ဟာ ဘလွန်းဒီအော ဆုပေးပွဲ ညနေခင်းမှာ ဆန်ကာတင်စာရင်းဝင်ဖြစ်တဲ့ နာမည်ကျော် ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ ပတ်သြတ်ပီး အင်တာဗျူးမှာ ပေါ့ပေါ့ပါးပါး လှောင်ပြောင်တဲ့ အဖြေမျိုး ဟာသလုပ်ကာ ဖြေကြားမှု ပြုလုပ်ခဲ့ပါတယ်။ ဆုပေးပွဲ အပြီးမှာတော့ ရိုနယ်ဒိရဲ့ အစ်မ ဖြစ်သူ ကာတီရာ အဗီရီရိုက အင်စတာဂရမ်ကနေ စာရှည်ရေးသားပြီး တုန့်ပြန်မှု ပြုခဲ့ပါတယ်။ ဒီနှစ် ဘလွန်းဒီအော ဆုမှာ မက်ဆီနဲ့ ဗန်ဒိုက်သာ အထူးရေပန်းစားခဲ့ပြီး မက်ဆီကပဲ ဆုကို သိမ်းပိုက်သွားခဲ့ပါတယ်။ ဗန်ဒိုက်ကတော့ ဒုတိယနေရာ… Continue Reading →

မန်နေဂျာသစ်အတွက် လာလီဂါမန်နေဂျာကို အဲဗာတန်နဲ့အတူ ချိတ်ဆက်မှု လုပ်နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ကလပ်အသင်းမှာ လစ်လပ်နေတဲ့ မန်နေဂျာရာထူးအတွက် လာလီဂါကလပ် ဗလန်စီယာအသင်းကို ဥရောပဝင်ခွင့်ရအောင် ပြန်လည် ကြိုးစားပေးနိုင်တဲ့ မန်နေဂျာ မာဆယ်လီနိုကို အဲဗာတန်နဲ့အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မာဆယ်လီနိုဟာ မနှစ်တုန်းက ဗလန်စီယာကို ကိုပါဒယ်ရေးဖလား အနိုင်ရအောင်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကြိုးစားပေးခဲ့သူပါ။ သူဟာ အသင်းပပိုင်ရှင် ပီတာလင်းနဲ့ ဆက်ဆံရေး အဆင်မပြေမှုကြောင့် စက်တင်ဘာမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အာဆင်နယ်အကြီးအကဲ ဆမ်လီဟီးက စပိန်မြေမှာ သူ့ရဲ့ အလုပ်လုပ်ပုံကို အထင်ကြီးနေပြီး မန်နေဂျာသစ်အတွက် နှစ်သက်နေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြခဲ့တယ်။ ဆမ်လီဟီးနဲ့… Continue Reading →

၂၀၁၉ ဘလွန်းဒီအော့ဆု အနိုင်ရသူ မက်ဆီရဲ့ ကြီးမြတ်ထူးချွန်မှုကို လေးစားရမှာပါဆိုတဲ့ ဗန်ဒိုက်

လီဗာပူး ဗဟိုခံစစ်မှူး ဗာဂျေး ဗန်ဒိုက်ဟာ ၂၀၁၉ ဘလွန်းဒီအောဆု စာရင်းမှာ ဒုတိယနေရာက ရပ်တည်သွားပြီး ဘာစီလိုနာ ကြယ်ပွင့် မက်ဆီကပဲ တနင်္လာညက ဆုပေးပွဲမှာ ဘလွန်းဒီအော ဆုကို ၆ ကြိမ်မြောက် သိမ်းပိုက်သွားပါတယ်။ ပြင်သစ်ဘောလုံး မဂ္ဂဇင်းက ပေးအပ်တဲ့ အဆိုပါဆုဟာ နိုင်ငံတကာ သတင်းဂျာနယ်လစ်သမားတွေရဲ့ မဲပေးမှုနဲ့ ရွေးချယ်တဲ့ ကမ္ဘာ့ အကောင်းဆုံး အမျိုးသား ကစားသမားဆု ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ပီအက်ဖ်အေ အကောင်းဆုံး ကစားသမားဆု၊ ပရီးမီးယားလိဂ် တစ်ရာသီ အကောင်းဆုံး ကစားသမားဆုနဲ့… Continue Reading →

အက်ဖ်အေဖလား တတိယအဆင့် မဲခွဲမှုမှာ ပွဲကြပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူး

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေအတွက် မဲခွဲမှု ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး လီဗာပူး၊ ယူနိုက်တက်တို့က ပရီးမီးယားလိဂ်အသင်းချင်း ထိပ်တိုက်တွေ့ခဲ့ပြီး အာဆင်နယ်ကတော့ ချန်ပီယံရှစ် ဦးဆောင်သူအသင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။ လီဗာပူးဟာ မာဆေးဆိုဒ်ပြိုင်ဘက်ဖြစ်တဲ့ အဲဗာတန်နဲ့ မဲကျခဲ့တာဖြစ်လို့ နောက်ထပ် ဒါဘီပွဲစဉ်တစ်ပွဲကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရဦးမှာပါ။ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်ကလပ် ဝုဗ်နဲ့ မဲကျခဲ့တာဖြစ်ပြီး အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အာဆင်နယ်နဲ့ မဲကျခဲ့တဲ့ လိဒ်ကလည်း ဒီရာသီ ချန်ပီယံရှစ်ကို ဦးဆောင်နေတဲ့ အသင်းဖြစ်ပါတယ်။ လီဗာပူးအတွက်ကတော့ ရံှူးထွက်အဆင့် လိဂ်ပွဲတွေတိုင်း အသင်းကြပ်တွေနဲ့ပဲ တိုးတတ်တဲ့ အနေအထားကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!