Date

March 18, 2020

မာနေးရဲ့ စံနမူနာလုပ်ရပ်၊ ပရိသတ်တွေကို အားပေးတဲ့ ဗန်ဒိုက်၊ အနာဂတ် မန်နေဂျာနဲ့ လီဗာပူး ညနေခင်းသတင်းများ

ဗန်ဒိုက်က “ ခက်ခဲတဲ့ ဒီလို အချိန်အခါမှာ လူတိုင်း အဆင်ပြေနေစေဖို့ မျှော်လင့်တဲ့ ဒီ ဆုတောင်းစကားလေးကို ပေးပို့လိုပါတယ်။ ကမ္ဘာတစ်ဝန်း ခက်ခဲမှုတွေ ရှိနေတဲ့ ဒီလို အခြေအနေမှာ ငါတို့ အချင်းချင်း ကူညီ စောင့်ရှောက်မှုတွေ လုပ်ရမှာဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းကင်း နေကြပါ။ ငါတို့ ပြန်လာမှာပါ။ You’ll Never Walk Alone ” လို့ လီဗာပူးပရိသတ်တွေကို သတင်းပေးစကား ပို့ခဲ့ပါတယ်။ လီဗာပူးမြို့မှာ နေအိမ်အတွင်းမှာပဲ နေထိုင်ပြီး ကျန်မားရေးဆိုင်ရာ သတိထားမှုတွေ လုပ်နေရတဲ့… Continue Reading →

အန္တရာယ်ကင်းကင်းနေကြပါ ငါတို့ ပြန်ဆုံကြမှာပါလို့ လီဗာပူးပရိသတ်တွေကို မက်ဆေ့ပို့တဲ့ ဗန်ဒိုက်

ကိုရိုနာကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရတဲ့ အခြေအနေမှာ လီဗာပူးခံစစ်မှူး ဗန်ဒိုက်က အသင်းပရိသတ်တွေကို ဆုတောင်း စကားတစ်ခွန်း မက်ဆေ့ပေးမှု ပြုလုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ပရီးမီးယားလိဂ်ကို ယာယီရပ်တန့်လိုက်တာကြောင့် သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင်ကစားရမယ့် မာဆေးဆိုဒ် ဒါဘီပွဲက ပျက်ပြယ်ခဲ့ရတာပါ။ ပုံမှန်အတိုင် ဘောလုံးရာသီကို ပြန်စတင်မယ်ဆို ဧပြီလ ၅ ရက်နေ့မှာတော့ အီသီဟတ်ကွင်းကိုသွားပြီး မန်စီးတီးနဲ့ အမှတ်ပေးဖလား ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ လီဗာပူးအသင်းဟာ အမှတ်ပေးပွဲ ၂၉ ပွဲ ကစားပြီးချိန်မှာ လိဂ်ကို ၂၅ မှတ် အသာနဲ့… Continue Reading →

လီဗာပူးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးနဲ့ ဆက်နွယ်တဲ့ သတင်းမှားတစ်ခုကို UEFA အကြီးအကဲ ဖြေရှင်း

ယူအီးအက်ဖ်အေ ဥက္ကဌဖြစ်သူ Ceferin က ဒီရာသီကို မျှော်လင့်ထားသလို မဟုတ်ပဲ အပြီးမသတ်နိုင်ဘူးဆိုရင် လိဂ်ထိပ်ဆုံးအသင်းတွေကို ချန်ပီယံတွေအဖြစ် သက်မှတ်ပေးမယ့် ကိစ္စက မမှန်ပါဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ ရည်ရွယ်ချက်က ဒီရာသီကို အဆုံးသတ်နိုင်အောင် ဆက်လက် တွန်းအားပေးဖို့ဖြစ်ပြီး ဒါအတွက်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲကိုတော့ ၂၀၂၁ ခုနှစ် နွေအထိ ရွှေ့ဆိုင်းပေးထားပြီ ဖြစ်ပါတယ်။ Ceferin က ပြောရာမှာ “ ယူအီးအက်ဖ်အေက အမှတ်ပေးလိဂ်တွေကို ရပ်နားမယ်ဆိုရင် လက်ရှိ ထိပ်ဆုံးမှာ ရှိနေတဲ့ ကလပ်အသင်းတွေကိုပဲ… Continue Reading →

ကလော့ပ်နေရာ အစားထိုးဖို့ စတီဗင်ဂျရတ် မဟုတ်တဲ့ ပုဂ္ဂိုလ်နှစ်ဦး လျာထားတဲ့ လီဗာပူးပိုင်ရှင်များ

ယာဂင်ကလော့ပ် ကိုင်တွယ်မှု အဆုံးသတ်သွားချိန်မှာ လီဗာပူးကို မန်နေဂျာသစ်အဖြစ် ဘယ်သူကိုင်တွယ်မလဲလို့ မေးရင် လီဗာပူးပရိသတ်တွေ အားလုံးက စတီဗင်ဂျရတ်ကို ကိုင်စေလိုတယ်လို့ ဖြေကြမှာပါ။ ဒါပေမယ့်လို့ တူညီတဲ့ အဖြေကို လီဗာပူးအသင်း ပိုင်ရှင်တွေက ပေးမှာ မဟုတ်ပါဘူး။ သူတို့ကတော့ ကလပ်အသင်းရဲ့ တိုးတက်မှုကို ဆက်လက် ထိန်းသိမ်းနိုင်မယ့် မန်နေဂျာမျိုးကိုပဲ အစားထိုးမှာဖြစ်ပြီး အဲ့အတွက်လည်း ကြိုတင် လျာထားမှုတွေ ရှိထားတယ်လို့ The Athletic သတင်းထောက် ဂျိမ်းပီယာစ့်က ထုတ်ဖော်လိုက်ပါတယ်။ ခရစ်စမတ်မတိုင်ခင်ကပဲ ကလော့ပ်ဟာ လီဗာပူးနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာကြောင့်… Continue Reading →

ဘောလုံးပွဲမရှိချိန်မှာ ပေါက်ကရတွေ လုပ်နေတဲ့ မီလ်နာကြောင့် လီဗာပူးပရိသတ်တွေကြား ပွဲကျ

ဘောလုံးပွဲတွေ မရှိပဲ ကျော်ဖြတ်ရတဲ့ သီတင်းပတ် တစ်ခုကတော့ ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ အားကစား နှစ်သက်သူတွေအတွက် တကယ်ကို ကမောက်ကမနိုင်တဲ့ ကာလတစ်ခုကို ကျော်ဖြတ်နေရတာဖြစ်တယ်။ ပရော်ဖက်ရှင် ဘောလုံးသမားတွေကလည်း ရုတ်တရတ်ကြီး ဘောလုံး မကန်ရတော့တာကို အတော်လေး မနေနိုင် မထိုင်နိုင် ဖြစ်နေကြတာဖြစ်တယ်။ အိမ်တွင်းပုန်းနေရချိန်မှာ ချိန်ဘာလိန်က သူ့ကောင်မလေးနဲ့ Tik Tok ကစားနေသလို ဖာမင်နိုဆိုရင် ပျင်းလွန်းလို့ သီချင်းဆိုလိုက် လက်ချောင်းတွေနဲ့ ကစားလိုက် လုပ်နေတာတွေကိုတောင် အင်စတာဂရမ်မှာ လုပ်ပြနေတာဖြစ်တယ်။ အားလုံးထဲမှာ တမူထူးနေသူကတော့ မီလ်နာကြီးပဲ ဖြစ်ပါတယ်။ သူဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!