Date

September 12, 2020

လီဗာပူးက ဆွစ်ဇလန်လက်ရွေးစင်ကို စိတ်ဝင်စားပါကြောင်း Christian Falk ပြော

လီဗာပူးဖန်းဆိုဒ်ဖြစ်တဲ့ Empire of the Kop က ဂျာမနီနာမည်ကြီး သတင်းဌာန Bild ရဲ့ အကြီးတန်း သတင်းထောက်ဖြစ်သူ Christian Falk နဲ့ စကားပြောမှုတွေ လုပ်ခဲ့တယ်။ Christian Falk ဟာ လီဗာပူးနဲ့ အယ်ကန်တာရာ သတင်းတွေကို ဆက်တိုက် ဖော်ပြနေသူတစ်ဦးဖြစ်သလို ဂျာမနီအသိုင်းအဝိုင်းမှာတော့ နာမည်ကြီး သတင်းထောက်တစ်ဦး ဖြစ်ပါတယ်။ သီယေဂိုအတွက် လီဗာပူးက ကမ်းလှမ်းမှု မလုပ်သေးဘူးဆိုတဲ့ သတင်းနဲ့အတူ လာမယ့် ဈေးကွက်မှာ လီဗာပူးအသင်း ကမ်းလှမ်းမှု လုပ်နိုင်တဲ့ ကစားသမား… Continue Reading →

ချန်ပီယံဆုကို ကာကွယ်မယ်၊ တိုက်ခိုက်မယ်ဆိုတဲ့ ကိစ္စတွေကို မေ့လိုက်ကြပါ သတိပေးတဲ့ ဟန်ဒို

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က လိဒ်ယူနိုက်တက်ပွဲကြိုမှာ ချန်ပီယံကာကွယ်ဖို့တွေ၊ ဆုဖလား စိန်ခေါ်ဖို့တွေကို မေ့လိုက်ကြဖို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။ ရာသီသစ်မှာ အစစ အရာရာကို သုညကနေ ပြန်စတင်ရမှာဖြစ်ကာ ပရော်ဖက်ရှင်နယ်တွေအဖြစ် ကွင်းထဲမှာ ပထမဆုံး ယှဉ်ပြိုင်ရမယ့် လိဒ်ယူနိုက်တက်ကို အနိုင်ရအောင် အာရုံအပြည်စိုက်ဖို့ကို တောင်းဆိုတယ်။ ချန်ပီယံဖြစ်ခဲ့တာအတွက် ဂုဏ်ယူ အကောင်းမြင်နေမှုအစား ကိုယ်ဘာသာ နှိမ့်ချပြီး အာရုံစိုက်မှုကို မပျောက်စေဖို့ သေချာ သတိပေးခဲ့ပါတယ်။ ဟန်ဒါဆန်က “ အတိတ်က ဘောလုံးရာသီတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ငါတို့က ကိုယ်ရှေ့မှာရှိနေတဲ့ ကိစ္စတွေအတွက်ပဲ အာရုံစိုက်ခဲ့ကြတယ်။… Continue Reading →

လီဗာပူးအသင်းရဲ့ အကောင်းဆုံး ပွဲထွက် ကစားသမား ၁၁ ဦးကို ရွေးချယ်ခြင်း

လီဗာပူးအသင်းဆိုင်ရာ သတင်းထောက်ဖြစ်သူ The Athletic မှ James Pearce က ရာသီသစ်ပွဲ မစတင်ခင် အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းကို ရွေးထုတ်သွားပါတယ်။ လီဗာပူးရဲ့ အကောင်းဆုံး ကစားဟန်ဖြစ်တဲ့ ဖိအားပေး ကစားဟန်နဲ့ ၄-၃-၃ စနစ်ကို အခြေခံပြီး ရွေးချယ်ခြင်းဖြစ်ကာ ဒီလူစာရင်းဟာ အတွေ့အကြုံ၊ ကျစ်လစ်မှု၊ ပွဲကို ထိန်းချုပ်နိုင်မှုဆိုတဲ့ အချက်တွေမှာ ပြည့်ဝ ကောင်းမွန်မယ်လို့ Pearce က မြင်တယ်။ သူ့ရဲ့ ရွေးချယ်မှုမှာတော့ ထူးထူးခြားခြားအဖြစ် အပြောင်းအရွှေ့ သတင်းထွက်နေတဲ့… Continue Reading →

အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး စွပ်စွဲပြစ်တင်မှုတွေကို ယာဂင်ကလော့ပ် တိုက်ရိုက် တုန့်ပြန်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူဖို့ မသေချာတဲ့ အခြေအနေတွေကြောင့် ခက်ခဲနိုင်တယ်လို့ ထုတ်ပြောထာတယ်။ အဆိုပါသတင်းကို ဒေးလီးမေလ်းကပဲ ကလော့ပ်က အပြောင်းအရွှေ့အကြောင်း စကားပြောရာမှာ စိတ်ဆိုး ဒေါသထွက်နေတယ်။ သူဟာ လူသစ်မရလို့ ဒေါသထွက်နေတယ်ဆိုတဲ့ သဘောမျိုး ဆောင်းပါးကြီးနဲ့ ဖော်ပြခံခဲ့ရတယ်။ ကလော့ပ်ကတော့ လီဗာပူးကို သူစရောက်ကတည်းက လုပ်လာတဲ့ အပြောင်းအရွှေ ပုံစံတွေက အရင်ကတည်းက ဒီအတိုင်းပါပဲဆိုပြီး တိုက်ရိုက် တုန့်ပြန်စကား ပြောဆိုခဲ့ပါတယ်။ ယာဂင် ကလော့ပ်က ” ငါ လီဗာပူးကို ရောက်လာကတည်းက ‘ဒီကစားသမားကို မခေါ်နိုင်ခဲ့ရင်… Continue Reading →

ရာသီသစ်မှာ နိုင်ပွဲနဲ့ သွင်းဂိုး ဆာလောင်နေတဲ့ ဆာလက်ကို မြင်ရမယ်လို့ ကလော့ပ် သတိပေး

ရာသီသစ်မှာတော့ မန်နေဂျာကလော့ပ်က တိုက်စစ်သမား ဆာလက်ကို အများကြီး မျှော်လင့်ထားတဲ့ သဘော ပြောဆိုခဲ့ပါတယ်။ ဆာလက်ဟာ လီဗာပူးအသင်းနဲ့အတူ မှတ်တမ်းတွေ အားလုံးကို ချိုးဖျက်ခဲ့သူဖြစ်ကာ ရွှေဖိနပ်ဆုကို နှစ်ရာသီတိုင် ဆက်တိုက် အနိုင်ရခဲ့သူပါ။ ကလော့ပ်ကတော့ လိုအင်ဆန္ဒ ပြင်းပြမှုတွေနဲ့အတူ ရာသီသစ်မှာတော့ ဆာလက်ထံက မှတ်တမ်းတွေ ထိပ်ချိုးမယ့် ခြေစွမ်းတွေကို မြင်ရမယ်လို့ ယုံကြည်နေပါတယ်။ မန်နေဂျာကလော့ပ်က ” နောက်ထပ် မှတ်တမ်းတွေကို သူချိုးဖျက်ဦးမယ်ဆိုရင် ကျနော်ကတော့ အံ့သြမိမှာပဲ။ ရှိသမျှမှတ်တမ်းတွေ အားလုံးကို သူချိုးထားခဲ့ပြီးပြီလို့ ကျနော်ထင်တယ်။ မင်းတို့တွေ ပြောကြတာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!