Date

March 4, 2021

ဒီရာသီပြီးရင် သူက ပိုကောင်းတဲ့ မန်နေဂျာတစ်ဦး ဖြစ်လာတော့မယ်လို့ ထုတ်ပြောလာတဲ့ ယာဂင်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က သူ့ရဲ့ မန်နေဂျာဘဝတစ်လျှောက် တစ်ကြိမ်မှ မရင်ဆိုင်ဖူးတဲ့ ပြဿနာတွေကို ဒီရာသီမှာ ရင်ဆိုင်လာရတာကြောင့် အနာဂတ်မှာ ပိုကောင်းတဲ့ မန်နေဂျာတစ်ဦး ဖြစ်လာနိုင်ကြောင်း ထုတ်ပြောလာပါတယ်။ ဒီရာသီမှာ လီဗာပူးအသင်းဟာ ခံစစ်မှာ မတူညီတဲ့ ဗဟိုခံစစ်အတွဲ အတွဲပေါင်း ၂၀ ထိ သုံးခဲ့ရသလို ကွင်းလယ်အတွဲကိုလည်း အကြိမ်ကြိမ် ပြောင်းလဲခဲ့ရပြီဖြစ်တယ်။ ပွဲနေ့အတွက် အထူးပြင်ဆင်ထားတဲ့ လူစာရင်းက ပွဲနေ့ နီးကပ်လာချိန်မှာ အပြောင်းအလဲ လုပ်လိုက်ရတာက မထူးဆန်းတော့တဲ့ ကိစ္စတောင် ဖြစ်လာခဲ့ပါတယ်။ ကလော့ပ်က ” ပြဿနာတွေ အများစုက… Continue Reading →

လိုက်ဇစ်နဲ့ ဒုတိယအကျော့ကို ဘူဒါပက်ခ်မှာ ပြန်ဆုံမယ်လို့ လီဗာပူးအသင်း အတည်ပြု

လီဗာပူးအသင်းက လိုက်ဇစ်နဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ၁၆ သင်းပြိုင်ပွဲ ရံှူးထွက်အဆင့် ဒုတိယအကျော့ကို ဟန်ဂေရီနိုင်ငံ ဘူဒါပက်ခ်မှာ ပြန်လည် ရင်ဆိုင်ဖို့အား အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်ဆိုင်ရာ ကန့်သတ်ချက်တွေအတိုင်း လိုက်နာ ကျင်းပမယ့် အဆိုပါပွဲအကြောင်း ဟန်ဂေရီ ဘောလုံးအဖွဲ့ချုပ်နဲ့ ယူအီးအက်ဖ်အေကလည်း အတည်ပြုခဲ့ပြီဖြစ်တယ်။ ဒါကြောင့် လီဗာပူးနဲ့ လိုက်ဇစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲက တူညီတဲ့ ကွင်းအတွင်းမှာပဲ နှစ်ကျော့လုံး ကစားမှု ဖြစ်လာပါလိမ့်မယ်။ ပထမအကျော့တုန်းက လီဗာပူးက ၂-၀ ဖြင့် အနိုင်ထားခဲ့တာဖြစ်ကာ ဒုတိယအကျော့က မတ်လ ၁၀ ရက်နေ့မှာ… Continue Reading →

လီဗာပူး V ချယ်ဆီးပွဲအတွက် ယာဂင်ကလော့ပ် ထုတ်သုံးနိုင်တဲ့ ပွဲထွက် ၁၁ ဦးစာရင်း ခန့်မှန်း

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင် ကြိုးစားနေရတဲ့ ကြီး ၆ ကြီး စာရင်းဝင် ကလပ်နှစ်သင်းဟာ ဒီတစ်ကြိမ်မှာတော့ အန်ဖီးကွင်းမှာ ထိပ်တိုက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်နဲ့ မန်နေဂျာတူချယ်တို့ အင်္ဂလန်မြေမှာ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့လာမယ့် ပွဲလည်းဖြစ်တယ်။ ဒီပွဲမှာတော့ လီဗာပူးရဲ့ လူစာရင်းဟာ ဒီလတွေအတွင်း အတောင့်တင်းဆုံးလို့ ပြောရမယ့် အနေအထားကို မြင်ရတာကတော့ အားတက်စရာပဲဖြစ်ပါတယ်။ ခံစစ်မှူးတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်တာက အထူးအဆန်း မဟုတ်ဘူး။ နောက်ထပ် ဒဏ်ရာရ ကစားသမားအဖြစ်တော့… Continue Reading →

လီဗာပူးအတွက် UCL ဝင်ခွင့်က အရေးပါရခြင်း အကြောင်းရင်း ၂ ချက်ကို ထုတ်ပြောလာတဲ့ ယာဂင်

မန်နေဂျာယာဂင်ကလော့ပ်က ကလပ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလေးအနက် ကြိုးစားသွားမှာ ဖြစ်ပါကြောင်း ထုတ်ပြောလာပါတယ်။ ယာဂင်ကပဲ ကလပ်ရဲ့ ဘဏ္ဍာရေးအတွက်ကော၊ နွေမှာ ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ဖို့ အတွက်ပါ ချန်ပီယံလိဂ်ဝင်ခွင့်က အရေးပါတယ်လို့လည်း ထုတ်ပြောခဲ့တယ်။ လီဗာပူးကို သူတာဝန်ယူခါစက ကစားသမားကောင်းတွေကို ကမ်းလှမ်းစဉ်မှာ ကလပ်ရဲ့ ချန်ပီယံလိဂ် ကစားခွင့်မရတဲ့ အနေအထားကြောင်း ငြင်းဆန်ခံခဲ့ရမှုတွေကိုပါ ဖွင့်ပြောခဲ့ပါတယ်။ ကလော့ပ်က “ ချန်ပီယံလိဂ်ဝင်ခွင့်က အရေးကြီးရတဲ့ အဓိက အကြောင်းရင်းဆိုရင် အမြဲတမ်း ဘဏ္ဍာရေးကြောင့်ပဲ ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ကို ပါဝင် ယှဉ်ပြိုင်လို့ကောင်းတဲ့ ပြိုင်ပွဲဖြစ်သလို… Continue Reading →

နိုင်ငံတကာ သီတင်းပတ်အတွက် လီဗာပူးကစားသမားတွေကို မလွှတ်ပေးဘူးလို့ ကလော့ပ် ထုတ်ပြော

မတ်လ နောက်ဆုံးအပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာဖလားနဲ့ အာဖရိကဖလား ခြေစစ်ပွဲတွေအတွက်နဲ့ ချစ်ကြည်ရေးပွဲတွေမှာ လီဗာပူးကစားသမားတွေကို လွှတ်ပေးမှာ မဟုတ်ကြောင်း မန်နေဂျာကလော့ပ်က ထုတ်ပြောသွားပါတယ်။ လက်ရွေးစင်တွေ အများကြီးက ပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗြိတိန်အစိုးရက ပြင်ပထွက်ခွာခြင်းတွေကို အနီရောင်အဆင့် သက်မှတ်ထားတာတွေ ရှိနေတာပါ။ ဒါကြောင့် တိုင်းပြည် အချို့က ပြန်လာမယ့် ကစားသမားတွေက အင်္ဂလန်ပြည်တွင်း ပြန်ဝင်ရင် ကွာရန်တင်း ၁၀ ရက် ဝင်ရမှာ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရက သက်မှတ်ထားတဲ့ အနီရောင့်အဆင့် နိုင်ငံတွေမှာ ပေါ်တူဂီ၊… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!