Date

April 5, 2021

ရီးရဲလ်မက်ဒရစ်ပွဲကြို လေ့ကျင့်ရေးမှာ ပါဝင်သွားနိုင်တဲ့ လီဗာပူးအသင်းသား (၂၃) ဦးစာရင်း

ဧပရယ်လ ၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲကြို ကွင်းဖွင့် လေ့ကျင့်မှုကို လီဗာပူးဘက်က စတင်ခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့ အက်ဆာမှာ ပြုလုပ်တဲ့ လေ့ကျင့်ရေးမှာတော့ အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဖာမင်နို၊ ဂျိုတာ တို့အားလုံး ပါဝင်ခဲ့တယ်။ ကွင်းလယ်နဲ့ ခံစစ်မှာလည်း အဓိက ကစားသမား အားလုံးနည်းပါး ပါဝင်လာခဲ့ပါတယ်။ ထူးထူးခြားခြားဆိုလို့ ထရန့်ရဲ့ အရန် ညာအစွန်လူဖြစ်တဲ့ နီကိုးတော့ မပါနိုင်ခဲ့ပါဘူး။ မန်နေဂျာကလော့ပ်က ခံစစ်မှူး ဘမ်ဒေးဗစ်၊ ကလာဆန်၊ ကိန်တို့ သုံးဦးကိုလည်း… Continue Reading →

ဥရောပ အထင်ကရ ကလပ် ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရမယ့်အပေါ် နက်ဖီးလစ်ရဲ့ ခံစားချက်

လီဗာပူးခံစစ်မှူး နက်ဖီးလစ်က ဥရောပမှာ ချန်ပီယံလိဂ် အအောင်မြင်ဆုံး ကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်လိုစိတ်တွေ ထက်သန်နေပါတယ်။ ကစားသမားဘဝ တစ်ပွဲတည်းသော ချန်ပီယံလိဂ်ပွဲအဖြစ် လီဗာပူးက လိုက်ဇစ်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲမှာ နက်ဖီလစ် ပွဲချိန်ပြည့် ကစားခဲ့တယ်။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲဟာ သူ့ရဲ့ ဒုတိယမြောက် ချန်ပီယံလိဂ်ပွဲဖြစ်ပေမယ့် ပွဲရှိန်နေမှာ မဟုတ်ဘဲ အကောင်းဆုံး စွမ်းဆောင်ပြလိုစိတ်တွေ ရှိတဲ့အကြောင်း နက်ဖီးလစ်က ပြောပါတယ်။ နက်ဖီးလစ်က “ ရီးရဲလ်မက်ဒရစ်က အထင်ကရ ကလပ်တစ်သင်းဖြစ်ပါတယ်။ သူတို့… Continue Reading →

လီဗာပူးရဲ့ အရန်စာရင်း သက်ရောက်မှုက အားနည်းလွန်းနေကြောင်း သက်သေပြချက်

ဒီရာသီမှာ လီဗာပူးအသင်းဟာ လူစားဝင် ကစားသမားတွေထံကနေ အကျိုးအမြတ်ရတဲ့ ကလပ်တွေထဲ ထိပ်တန်းက ပါဝင်ပေမယ့် အရန်ကစားသမားတွေရဲ့ သက်ရောက်မှုကတော့ နည်းပါးလွန်းတဲ့ အသင်းလည်းဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ လူစားဝင်ကစားသမားတွေကနေ လီဗာပူးအသင်းက သွင်းဂိုး ၆ ဂိုးရထားပြီး ဂိုးထောက်ပံ့မှု ၅ ကြိမ်ကိုလည်း မြင်ထားရတယ်။ ဒါပေမယ့်လို့ အဆိုပါ သွင်းဂိုးတွေက ဆာလာ (၂ ဂိုး)၊ ဂျိုတာ (၃ ဂိုး)လို တိုက်စစ်သမားတွေ လူစားဝင်ချိန်မှာ သွင်းယူတာက များနေပြီး အရန်ကစားသမားတွေထံက မြင်တွေ့ရခြင်း မဟုတ်ပါဘူး။… Continue Reading →

ဂျိုတာကို ပွဲထွက်လူစာရင်းက မထည့်ဘဲ လူစားဝင်စေတဲ့ ဆုံးဖြတ်ချက်ကို ယာဂင် ရှင်းပြ

လီဗာပူးရဲ့ တိုက်စစ်တွဲလုံးမှာ ဂျိုတာကို အရန်ခုံမှာပဲ ထိုင်ခိုင်ပြီး အဓိက တိုက်စစ်သုံးဦးကို အသုံးပြုမှုနဲ့ ပက်သက်လို့ မန်နေဂျာကလော့ပ်က သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ဖြေရှင်းမှု လုပ်လာပါတယ်။ အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ ကစားပုံက လွှမ်းမိုးနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ သွင်းဂိုးက ဂျိုတာ လူစားဝင်ကစားလာမှ ရခဲ့တာပါ။ ဒါကြောင့် ဂျိုတာကို အစောထဲက ထည့်မယ်ဆိုရင် ဂိုးမြန်မြန် ရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ထွက်ပေါ်ခဲ့တာဖြစ်တယ်။ အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ အရန်ခုံကနေ ထလာပြီး ဂျိုတာ ဝင်ကစားခဲ့တာက ပွဲကို အနိုင်ရဖို့ ခြားနားမှုဖြစ်သွားစေလားဆိုတဲ့… Continue Reading →

သားရဲတစ်ကောင်ရဲ့ အစွယ်တွေ ပြန်ထုတ်ပြနိုင်တဲ့အပေါ် အားရကျေနပ်နေတဲ့ ဖာဘင်ညို

လီဗာပူးမှာ ‘မီပြတိုက်’လို့ နာမည်ပြောင်ရထားတဲ့ ဖာဘင်ညိုဟာ ဒီရာသီ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ ဒီနှစ်ရဲ့ ချွင်းချက်မရှိ တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ်လည်း မှတ်ချက်ကောင်းတွေ ရထားတဲ့ ဖာဘင်ညိုဟာ ကွင်းလယ်မှာ သီယာဂိုဖြင့် တွဲဘက်ကစားခွင့် ပြန်ရနေပါပြီ။ အမြင့်ဘောတွေတင်မက တိကျတဲ့ ဘောလုံးပေးမှု ဖြတ်ထုတ်မှုတွေဖြင့် ပိုင်ဆိုင်မှုတွေမှာလည်း လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဖာဘင်ညိုဟာ ပရိသတ်တွေမရှိတဲ့ ကွင်းအတွင်းမှာ သူ့တာဝန်ကို ကျေပွန်နေဆဲဖြစ်တယ်။ ဖာဘင်ညိုက ” ဘောလုံးရာသီ တစ်ခုလုံးနီးပါး ပရိသတ်တွေ မပါဘဲ ကစားရတာဆိုတော့ ခက်ခဲတဲ့ ဘောလုံးရာသီ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!