Date

April 8, 2021

လီဗာပူး ကင်းထောက်တွေ အာရုံစိုက် စောင့်ကြည့်ခြင်း ခံလာရတဲ့ နယ်သာလန် လူငယ်နှစ်ဦး

လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းအတွက် အင်အားဖြည့်မှု ပြုလုပ်မယ်လို့ ယူဆမှုတွေ ထွက်ပေါ်နေသလို နယ်သာလန်သား နှစ်ဦးဖြင့်လည်း သတင်းကြီးတွေ ရှိလာပါတယ်။ နယ်သာလန်ကလပ် အယ်ခမာအသင်းကွင်းလယ်လူ Koopmeiners ဟာ ဝိုက်နယ်ဒမ်နေရာ အစားထိုးဖို့ လီဗာပူးအသင်း စောင့်ကြည့်နေသူတွေထဲ ပါဝင်ကြောင်း သတင်းကြားထားရတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူအတွက် ယူရို သန်း ၂၀ တင် ကုန်ကျမယ့် အနေအထားကို လီဗာပူးဘက်က စိတ်ဝင်စားနေပါတယ်။ ခံစစ်အားသန် ကွင်းလယ်လူနေရာက ကစားပေမယ့်လည်း Koopmeiners ဟာ ဂိုးသွင်းအား ကောင်းမွန်သူပါ။… Continue Reading →

ချယ်ဆီးရောက်ခါနီး စတီဗင်ကို လီဗာပူးမှာ ဆက်ရှိနေစေခဲ့တဲ့ သွင်းဂိုးအကြောင်း ကာရေဂါ ပြော

ဘောလုံးသမားတွေအတွက် ချန်ပီယံလိဂ်ဖလား အောင်မြင်ရေးဟာ အရေးကြီးလှတဲ့ အိပ်မက်ဖြစ်ပြီး အဆိုပါ အောင်မြင်မှုကပဲ စတီဗင်ကို လီဗာပူးမှာ ဆက်ထိန်းလို့ ရစေခဲ့တယ်လို့ ကာရေဂါက ပြောပြပါတယ်။ ၂၀၀၅ ဝန်းကျင်မှာ ချယ်ဆီးအသင်း မန်နေဂျာ မော်ရင်ညိုဟာ လီဗာပူးကွင်းလယ်လူ စတီဗင်ဂျရတ်ကို ခေါ်ယူနိုင်ဖို့ အရမ်းကို ကြိုးစားခဲ့တာပါ။ ထိုစဉ်က လမ်းပတ်နဲ့ တွဲဘက်ပေးဖို့ ချယ်ဆီးဘက်က ကမ်းလှမ်းခဲ့သလို စတီဗင် ကိုယ်တိုင်ကလည်း လန်ဒန်ကလပ်ကို ထွက်ခွာဖို့ စိတ်ကူးခဲ့တာကြောင့် လီဗာပူးပရိသတ်တွေကြား အတော်လေးကို ပွက်လောညံခဲ့တယ်။ ဒါပေမယ့်လို့ ၂၀၀၅ မှာ လီဗာပူးအသင်းရဲ့… Continue Reading →

ဆောက်သမ်တန်ရောက် လီဗာပူးတိုက်စစ်သမား မီနာမီနိုက သူ့ရဲ့ အနေအထားကို ထုတ်ပြော

လီဗာပူးအသင်းနဲ့ အနာဂတ် ကိစ္စတွေကို ပြောဖို့က စောသေးပေမယ့် သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ပွဲတွေ ပိုကစားခွင့်ဖြစ်ကြောင်း မီနာမီနိုက ထုတ်ပြောလာပါတယ်။ ဆဲလ်ဘတ်မှာ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသခဲ့တဲ့ တိုက်စစ်သမားကို လီဗာပူးဘက်က ခေါ်ယူခဲ့ပေမယ့်လည်း ကစားသမားထံက လုံလောက်တဲ့ စွမ်းဆောင်ရည် ပြန်မရခဲ့ဘူး။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်အကြောင်းကို ပိုမို သင်ယူနိုင်ဖို့ ဆောက်သမ်တန်အသင်းထံ အငှားချပေးခဲ့တာဖြစ်တယ်။ မီနာမီနိုက “ ဘောလုံးသမားတစ်ယောက် အနေနဲ့ ပွဲတွေ ကစားရဖို့ကပဲ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကစားသမားတစ်ယောက်အတွက် ကစားနေရတာက ယုံကြည်မှုတွေ ပိုတိုးတက်လာစေတယ်။… Continue Reading →

ဒိတ်ဒိတ်ကြဲ ကွင်းလယ်လူဖြစ်လာမယ့် တိုနီခရုစ်ကို လီဗာပူးထံ ပြောင်းလာဖို့ စတီဗင် ကြိုးစားပေးခဲ့

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ဟာ တစ်ချိန်ကတော့ ကလပ်ထက်တောင် ပိုမို သြဇာကြီးတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့သေးတာပါ။ လီဗာပူးအသင်းဟာ ဝီလီယမ်၊ တိုနီခရုစ် အစရှိတဲ့ ကစားသမားတွေကို ကလပ်ထံ ပြောင်းလာဖို့အတွက် စည်းရုံးရေးမှာ သြဇာကြီးတဲ့ စတီဗင်ဂျရတ်ကိုယ်တောင် အားကိုးခဲ့ရပါသေးတယ်။ ဒီအကြောင်းတွေကို စတီဗင် ကိုယ်တိုင်က ထုတ်ဖော်ထားခဲ့တယ်။ စတီဗင်က ” ကလပ်မှာ တရားဝင် မဟုတ်ဘဲ ကျနော် ယူထားရတဲ့ တာဝန်ရှိပါတယ်။ ထိပ်တန်း ကစားသမားအချို့ကို လီဗာပူးထံ ပြောင်းလာဖို့ စည်းရုံးပေးရတဲ့ တာဝန်ပါ ” ဆိုတဲ့ အချက်ကို… Continue Reading →

လီဗာပူးအတွက် နည်းစနစ်ပိုင်း အကူအညီဖြစ်ဖို့ ဘလက်ဘန်းမှာ သင်ယူရမှုကို ဟာဗေး ထုတ်ပြော

ဒီရာသီ ချန်ပီယံရှစ်မှာ တောက်ပနေပြီး ကိုယ်တိုင် ၅ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်ထားနိုင်တဲ့ အီးလီးယော့ဟာ ပိုမို အတွေ့အကြုံ ရင့်ကျက်တဲ့ လူငယ်တစ်ယောက် ဖြစ်လာနေပါပြီ။ ချန်ပီယံရှစ်မှာ ဒီရာသီ ၃၆ ပွဲထိ ကစားခွင့်ရထားတဲ့ အီးလီးယော့က ပထမအသင်း လူစာရင်းမှာ ပါဝင်ကာ ပွဲထွက်တစ်နေရာအတွက် ဘယ်လို တိုက်ပွဲဝင်ရမယ်ဆိုတာကို သင်ယူနေတယ်။ အသက် ၁၈ နှစ်အရွယ် တိုက်စစ်အားသန် ကစားသမားဟာ လာမယ့် ရာသီကြိုမှာ လီဗာပူးအသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့လည်း ရှိနေပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!