ဒီရာသီ ချန်ပီယံရှစ်မှာ တောက်ပနေပြီး ကိုယ်တိုင် ၅ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်ထားနိုင်တဲ့ အီးလီးယော့ဟာ ပိုမို အတွေ့အကြုံ ရင့်ကျက်တဲ့ လူငယ်တစ်ယောက် ဖြစ်လာနေပါပြီ။

ချန်ပီယံရှစ်မှာ ဒီရာသီ ၃၆ ပွဲထိ ကစားခွင့်ရထားတဲ့ အီးလီးယော့က ပထမအသင်း လူစာရင်းမှာ ပါဝင်ကာ ပွဲထွက်တစ်နေရာအတွက် ဘယ်လို တိုက်ပွဲဝင်ရမယ်ဆိုတာကို သင်ယူနေတယ်။ အသက် ၁၈ နှစ်အရွယ် တိုက်စစ်အားသန် ကစားသမားဟာ လာမယ့် ရာသီကြိုမှာ လီဗာပူးအသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့လည်း ရှိနေပါတယ်။

အီးလီးယော့က “ ရာသီကြိုမှာ အသင်းအတွက် ဘာလုပ်နိုင်လဲဆိုတာကို စဉ်းစားပြီး ပူးပေါင်းမှာပါ။ ဘယ်လို အခွင့်အရေး ရလာပါစေ အဲ့တာကို အရယူသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုကိစ္စမှ မလွယ်ဘူးဆိုပေမယ့် လူစာရင်းထဲမှာ ရှိနေဖို့အတွက် ကျနော် ကြိုးစားလိုပါတယ်။

အရန်လူစာရင်းကနေ ထလာပြီး ကစားပေးရမယ်ဆိုရင် အဲ့အခွင့်အရေးကို ကျနော် အရယူလိုပါတယ်။ ပွဲအပေါ် လွှမ်းမိုးမှုရှိအောင် စတင်ကြိုးစားမှာဖြစ်ပြီး အဲ့တာက ကျနော်ရဲ့ နေရာပါ။ ကျနော်ရဲ့ ကစားရတဲ့ နေရာက ဂိုးသွင်းဖို့နဲ့ အခွင့်အရေး ဖန်တီးဖို့ပါ။

ကျနော် လုပ်နိုင်တာတွေကို အကောင်းဆုံး ကြိုးစားနိုင်မယ်ဆိုရင် ကစားဖို့ အခွင့်အရေး ရမယ်လို့ ထင်ပါတယ်။ ရလာတဲ့ အခွင့်အရေးတွေကို အရယူသွားမှာပါ ” လို့ ဆိုခဲ့တယ်။

ဘလက်ဘန်းအသင်းမှာ အီးလီးယော့ ကောင်းကောင်းကြီး သင်ယူခဲ့ရတာတွေက လီဗာပူးအသင်းကို ပြန်လာချိန်မှာ အကျိုးဖြစ်မှာပါ။ လူငယ် တိုက်စစ်သမားဟာ ဘောလုံးမရှိချိန်တွေမှာ ကွင်းအတွင်း ဘယ်လို ကစားရမယ် ဆိုတာအတွက်လည်း နားလည်နေပါပြီ။

အီးလီးယော့ကပဲ “ ပွဲတွေမှာ ကျနော် ပြောင်းလဲကစားနိုင်လာတာတွေ ရှိလာတာကို ဝန်ခံရပါမယ်။ အခုချိန်မှာ ခံစစ်ကို ကူညီရမှာက ဘာကြောင့် အရေးပါလဲဆိုတာကို ကျနော် နားလည်လာပါပြီ။ ကိုယ်က ကိုယ်အလုပ်ကို အကောင်းဆုံး မလုပ်ဘူးဆိုရင် တစ်ယောက်ယောက်က ကျနော်နေရာကို ဝင်အားဖြည့်ပေးရမှာပါ။ ဒါဆိုရင် သူက သူကပ်ရမယ့်လူကို လွှတ်ထားပေးရတာကြောင့် ဟန်ချက် ပျက်သွားနိုင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီရာသီ ခ်န္ပီယံရွစ္မွာ ေတာက္ပေနျပီး ကိုယ္တိုင္ ၅ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၁၀ ၾကိမ္ လုပ္ထားႏုိင္တဲ့ အီးလီးေယာ့ဟာ ပိုမို အေတြ႔အၾကံဳ ရင့္က်က္တဲ့ လူငယ္တစ္ေယာက္ ျဖစ္လာေနပါျပီ။

ခ်န္ပီယံရွစ္မွာ ဒီရာသီ ၃၆ ပြဲထိ ကစားခြင့္ရထားတဲ့ အီးလီးေယာ့က ပထမအသင္း လူစာရင္းမွာ ပါဝင္ကာ ပြဲထြက္တစ္ေနရာအတြက္ ဘယ္လို တိုက္ပြဲဝင္ရမယ္ဆိုတာကို သင္ယူေနတယ္။ အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္အားသန္ ကစားသမားဟာ လာမယ့္ ရာသီၾကိဳမွာ လီဗာပူးအသင္းနဲ႔ ျပန္လည္ ပူးေပါင္းဖို႔လည္း ရွိေနပါတယ္။

အီးလီးေယာ့က “ ရာသီၾကိဳမွာ အသင္းအတြက္ ဘာလုပ္ႏိုင္လဲဆိုတာကို စဥ္းစားျပီး ပူးေပါင္းမွာပါ။ ဘယ္လို အခြင့္အေရး ရလာပါေစ အဲ့တာကို အရယူသြားမွာ ျဖစ္ပါတယ္။ ဘယ္လိုကိစၥမွ မလြယ္ဘူးဆိုေပမယ့္ လူစာရင္းထဲမွာ ရွိေနဖို႔အတြက္ က်ေနာ္ ၾကိဳးစားလိုပါတယ္။

အရန္လူစာရင္းကေန ထလာျပီး ကစားေပးရမယ္ဆိုရင္ အဲ့အခြင့္အေရးကို က်ေနာ္ အရယူလိုပါတယ္။ ပြဲအေပၚ လႊမ္းမိုးမႈရွိေအာင္ စတင္ၾကိဳးစားမွာျဖစ္ျပီး အဲ့တာက က်ေနာ္ရဲ႕ ေနရာပါ။ က်ေနာ္ရဲ႕ ကစားရတဲ့ ေနရာက ဂိုးသြင္းဖို႔နဲ႔ အခြင့္အေရး ဖန္တီးဖို႔ပါ။

က်ေနာ္ လုပ္ႏိုင္တာေတြကို အေကာင္းဆံုး ၾကိဳးစားႏုိင္မယ္ဆိုရင္ ကစားဖို႔ အခြင့္အေရး ရမယ္လို႔ ထင္ပါတယ္။ ရလာတဲ့ အခြင့္အေရးေတြကို အရယူသြားမွာပါ ” လို႔ ဆိုခဲ့တယ္။

ဘလက္ဘန္းအသင္းမွာ အီးလီးေယာ့ ေကာင္းေကာင္းၾကီး သင္ယူခဲ့ရတာေတြက လီဗာပူးအသင္းကို ျပန္လာခ်ိန္မွာ အက်ိဳးျဖစ္မွာပါ။ လူငယ္ တိုက္စစ္သမားဟာ ေဘာလံုးမရွိခ်ိန္ေတြမွာ ကြင္းအတြင္း ဘယ္လို ကစားရမယ္ ဆိုတာအတြက္လည္း နားလည္ေနပါျပီ။

အီးလီးေယာ့ကပဲ “ ပြဲေတြမွာ က်ေနာ္ ေျပာင္းလဲကစားႏုိင္လာတာေတြ ရွိလာတာကို ဝန္ခံရပါမယ္။ အခုခ်ိန္မွာ ခံစစ္ကို ကူညီရမွာက ဘာေၾကာင့္ အေရးပါလဲဆိုတာကို က်ေနာ္ နားလည္လာပါျပီ။ ကိုယ္က ကိုယ္အလုပ္ကို အေကာင္းဆံုး မလုပ္ဘူးဆိုရင္ တစ္ေယာက္ေယာက္က က်ေနာ္ေနရာကို ဝင္အားျဖည့္ေပးရမွာပါ။ ဒါဆိုရင္ သူက သူကပ္ရမယ့္လူကို လႊတ္ထားေပးရတာေၾကာင့္ ဟန္ခ်က္ ပ်က္သြားႏုိင္ပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။